အဂူရို ကိုခေါ်ယူဖို့ပစ်မှတ်ထားလာတဲ့ ဒေးဗစ်ဘက်ခမ်း ရဲ့ အင်တာမီယာမီ အသင်း

နာမည်ကျော်ဘောလုံးသမားကြီး ဒေးဗစ်ဘက်ခမ်း တည်ထောင်ထားတဲ့ အင်တာမီယာမီ ကလပ်အသင်းဟာ အခုလာမယ့် ရာသီမှာတော့ အမေရိကန်မေဂျာလိဂ်ကလပ်ကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်း ဟာ ကမ္ဘာ့ထိပ်သီး ကလပ်အသင်းတွေမှာ သွားရောက်ကစားခဲ့ဖူးပြီး နောက်ဆုံး အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီ မှာ ကစားသမားဘ၀ ကို ကုန်ဆုံးခဲ့တာပါ။ ဒီနောက်မှာတော့ အင်တာမီယာမီ ကို တည်ထောင်ခဲ့ပြီး အဆိုပါ အသင်းမှာ နာမည်ကြီး ကစားသမားတွေခေါ်ယူဖို့ ဘက်ခမ်းက ပြင်ဆင်နေခဲ့ပါတယ်။ မက်ဆီ၊ ကာဗာနီ တို့ကိုလည်း ခေါ်ယူဖို့ ဆက်သွယ်မူတွေပြုလုပ်လျှက်ရှိပြီး အခုတစ်ခါ မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူး အဂူရို ကိုခေါ်ယူဖို့ ပြင်ဆင်နေလာခဲ့ပါတယ်။

အဂူရို ဟာ မန်စီးတီး အသင်းကို (၂၀၁၁) ခုနှစ်က ရောက်ရှိခဲ့ပြီး အသင်းမှာ (၁၀) နှစ်နီးပါး ရှိခဲ့ပါပြီ။ အဂူရို အီတီဟက်ကွင်းဆီ စရောက်ခဲ့တဲ့ နှစ်မှာပဲ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ထိုအချိန်က မန်စီးတီး အသင်းဟာ ကျူပီအာ ကို ရှုံးနိမ့်နေခဲ့ပြီး တစ်ဖက်မှာ ယူနိုက်တက်က အနိုင်ရရှိနေတာကြောင့် ယူနိုက်တက် ဖလားရရှိဖို့နီးစပ်နေချိန်ဖြစ်ပြီး ပွဲပြီးခါနီး နောက်ဆုံး မီနစ်တွေမှာ သွင်းယူခဲ့တဲ့ အဂူရို ရဲ့ ဂိုးတွေကြောင့် မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အက်စတွန်ဗီလာ အသင်းကို (၆-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ အဂူရို ဟာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးအများဆုံး ရရှိခဲ့တဲ့ နိုင်ငံခြား ကစားသမား စံချိန်ကို တင်နိုင်ခဲ့ပါတယ်။ သူ့မတိုင်ခင်က ဒီ စံချိန် ကို အာဆင်နယ် တိုက်စစ်မှူး အွန်နရီ တင်ထားခဲ့တာဖြစ်ပါတယ်။

အဂူရို ဟာ အသက် (၃၁) နှစ်အရွယ်ရှိပြီးတော့ မန်စီးတီး အသင်းနဲ့ အတူ စာချုပ်သက်တမ်းက (၂၀၂၁) ခုနှစ်အထိ ကျန်ရှိနေပါသေးတယ်။ မန်စီးတီး အသင်းမှာတစ်ပတ်လုပ်ခ ယူရို (၂) သိန်း (၈) သောင်းရရှိနေတာဖြစ်ပြီး အင်တာမီယာမီ အသင်းကလည်း အဆိုပါ လစာငွေပမာဏအတိုင်းပေးချေသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။

 

#Mancity #Aguero

 

Zawgyi

 

အဂူ႐ို ကိုေခၚယူဖို႔ပစ္မွတ္ထားလာတဲ့ ေဒးဗစ္ဘက္ခမ္း ရဲ႕ အင္တာမီယာမီ အသင္း

နာမည္ေက်ာ္ေဘာလုံးသမားႀကီး ေဒးဗစ္ဘက္ခမ္း တည္ေထာင္ထားတဲ့ အင္တာမီယာမီ ကလပ္အသင္းဟာ အခုလာမယ့္ ရာသီမွာေတာ့ အေမရိကန္ေမဂ်ာလိဂ္ကလပ္ကို ဝင္ေရာက္ယွဥ္ၿပိဳင္ေတာ့မွာျဖစ္ပါတယ္။ ေဒးဗစ္ဘက္ခမ္း ဟာ ကမာၻ႔ထိပ္သီး ကလပ္အသင္းေတြမွာ သြားေရာက္ကစားခဲ့ဖူးၿပီး ေနာက္ဆုံး အေမရိကန္ ေမဂ်ာလိဂ္ကလပ္ အယ္လ္ေအဂလက္စီ မွာ ကစားသမားဘ၀ ကို ကုန္ဆုံးခဲ့တာပါ။ ဒီေနာက္မွာေတာ့ အင္တာမီယာမီ ကို တည္ေထာင္ခဲ့ၿပီး အဆိုပါ အသင္းမွာ နာမည္ႀကီး ကစားသမားေတြေခၚယူဖို႔ ဘက္ခမ္းက ျပင္ဆင္ေနခဲ့ပါတယ္။ မက္ဆီ၊ ကာဗာနီ တို႔ကိုလည္း ေခၚယူဖို႔ ဆက္သြယ္မူေတြျပဳလုပ္လွ်က္ရွိၿပီး အခုတစ္ခါ မန္စီးတီး အသင္းရဲ႕ တိုက္စစ္မႉး အဂူ႐ို ကိုေခၚယူဖို႔ ျပင္ဆင္ေနလာခဲ့ပါတယ္။

အဂူ႐ို ဟာ မန္စီးတီး အသင္းကို (၂၀၁၁) ခုႏွစ္က ေရာက္ရွိခဲ့ၿပီး အသင္းမွာ (၁၀) ႏွစ္နီးပါး ရွိခဲ့ပါၿပီ။ အဂူ႐ို အီတီဟက္ကြင္းဆီ စေရာက္ခဲ့တဲ့ ႏွစ္မွာပဲ ပရီးမီးယားလိဂ္ ဖလားကို ရယူႏိုင္ခဲ့ပါတယ္။ ထိုအခ်ိန္က မန္စီးတီး အသင္းဟာ က်ဴပီအာ ကို ရႈံးနိမ့္ေနခဲ့ၿပီး တစ္ဖက္မွာ ယူႏိုက္တက္က အႏိုင္ရရွိေနတာေၾကာင့္ ယူႏိုက္တက္ ဖလားရရွိဖို႔နီးစပ္ေနခ်ိန္ျဖစ္ၿပီး ပြဲၿပီးခါနီး ေနာက္ဆုံး မီနစ္ေတြမွာ သြင္းယူခဲ့တဲ့ အဂူ႐ို ရဲ႕ ဂိုးေတြေၾကာင့္ မန္စီးတီး အသင္းဟာ ပရီးမီးယားလိဂ္ဖလား ကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အက္စတြန္ဗီလာ အသင္းကို (၆-၁) ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲမွာ အဂူ႐ို ဟာ ဟက္ထရစ္ သြင္းယူႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္သမိုင္းမွာ ဂိုးအမ်ားဆုံး ရရွိခဲ့တဲ့ ႏိုင္ငံျခား ကစားသမား စံခ်ိန္ကို တင္ႏိုင္ခဲ့ပါတယ္။ သူ႔မတိုင္ခင္က ဒီ စံခ်ိန္ ကို အာဆင္နယ္ တိုက္စစ္မႉး အြန္နရီ တင္ထားခဲ့တာျဖစ္ပါတယ္။

အဂူ႐ို ဟာ အသက္ (၃၁) ႏွစ္အ႐ြယ္ရွိၿပီးေတာ့ မန္စီးတီး အသင္းနဲ႔ အတူ စာခ်ဳပ္သက္တမ္းက (၂၀၂၁) ခုႏွစ္အထိ က်န္ရွိေနပါေသးတယ္။ မန္စီးတီး အသင္းမွာတစ္ပတ္လုပ္ခ ယူ႐ို (၂) သိန္း (၈) ေသာင္းရရွိေနတာျဖစ္ၿပီး အင္တာမီယာမီ အသင္းကလည္း အဆိုပါ လစာေငြပမာဏအတိုင္းေပးေခ်သြားဖို႔ရွိတယ္လို႔လည္းသိရပါတယ္။

#Mancity #Aguero