ဒေးဗစ်လုဇ် ကို ချီးကျူးသွားခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ် အသင်း ရဲ့နည်းပြ အာတီတာ ဟာ မနေ့ က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီး အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနီကဒ်ထိခဲ့တဲ့ ဒေးဗစ်လုဇ် ကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ် မှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ တစ်ဖက်ကို (၂) ဂိုးစီ သရေကျခဲ့ပြီး ချဲလ်ဆီး အသင်းက တစ်ယောက်အသာ နဲ့ကစားခဲ့ရပေမယ့် ဧည့်သည်အာဆင်နယ် ကို အမှတ်ခွဲပေးခဲ့ရပါတယ်။ ဒေးဗစ်လုဇ် ဟာ ဒီနွေရာသီကမှ အာဆင်နယ် အသင်းကို ချဲလ်ဆီး ကနေပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရတာပါ။ ပွဲချိန် (၂၆) မီနစ်မှာ နောက်ခံလူ မူစတာဖီ ရဲ့ ဖျက်ထုတ်မူမှားယွင်းခဲ့ရာက တစ်ဆင့် အေဗရာဟမ် ဆီကို ရောက်ရှိခဲ့တာမှာ ဂိုးပေးရဖို့ သေချာသလောက်ရှိနေတဲ့ အနေအထားမှာ ဒေးဗစ်လုဇ် က ကာကွယ်ရှင်းထုတ်ခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်လုဇ် ရဲ့ရှင်းထုတ်မူကြောင့် ဂိုးမပေးခဲ့ရပေမယ့် အနီကဒ် ထိခဲ့သလို ပင်နယ်တီ လည်း ပေးခံခဲ့ရပါတယ်။ ဒီပင်နယ်တီ ကို ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို ကန်သွင်းခဲ့ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းရဲ့နည်းပြ အာတီတာ က အေဗရာဟမ် အပေါ် ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တဲ့ အပေါ်မှာ ‘ ဒီပွဲဟာ ဒေးဗစ် အတွက် အရမ်းကိုအရေးပါတဲ့ ပွဲတစ်ပွဲပါ၊ ဒါပေမဲ့ သူ့ရဲ့ အသင်းဖော်အတွက် သူ ဂုဏ်ယူစရာလုပ်ရပ်တစ်ခုကို လုပ်ခဲ့တာပါ၊ ဒေးဗစ်အတွက်တော့စိတ်ပျက်စရာပေါ့၊ အသင်းဖော်တစ်ယောက်ယောက်က အမှားပြုလုပ်လိုက်တဲ့အခါ အဲ့ဒါကို ဖြေရှင်းဖို့အတွက် သူဟာ အနီကဒ်နဲ့ရင်းလိုက်တာပါ၊ အခြား အသင်းဖော်ကစားသမားဖက်ကနေ ရပ်တည်ပေးခဲ့တာပေါ့၊

ဒေးဗစ်ဟာ သူ့ရဲ့ စိတ်ဓာတ်၊ အကျင့်စရိုက် တွေဟာ ခေါင်းဆောင်ကောင်းတစ်ဦး ပီသမူရှိတဲ့သူပါ၊ ကျွန်တော်တို့ဟာ ဒီနေ့ပွဲကို လူငယ်ကစားသမားတွေ အများကြီးနဲ့ ကစားခဲ့တာပါ၊ သူတို့အတွက် အတွေ့အကြုံကောင်းတစ်ခုကိုဒီပွဲကနေ ယူဆောင်ပေးနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့အသင်း အရာရာ တိုးတက်ဖို့အတွက် ပြုလုပ်ပြင်ဆင်သွားမှာ ‘ လို့ ထောက်ခံပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ လက်ရှိမှာ အဆင့် (၁၀) နေရာကို ရပ်တည်နေဆဲဖြစ်ပါတယ်။

 

#Arsenal #Arteta #Luiz

 

Zawgyi

 

ေဒးဗစ္လုဇ္ ကို ခ်ီးက်ဴးသြားခဲ႔တ႔ဲ အာဆင္နယ္နည္းျပ အာတီတာ

အာဆင္နယ္ အသင္း ရဲ႕နည္းျပ အာတီတာ ဟာ မေန႔ က ယွဥ္ၿပိဳင္ကစားခဲ႔တဲ႔ ခ်ဲလ္ဆီး အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အနီကဒ္ထိခဲ႔တဲ႔ ေဒးဗစ္လုဇ္ ကို ခ်ီးက်ဴးေျပာဆိုသြားခဲ႔ပါတယ္။ စတန္းဖို႔ဒ္ဘရစ္ခ်္ မွာ ကစားခဲ႔တဲ႔ အဆိုပါပြဲစဥ္မွာ တစ္ဖက္ကို (၂) ဂိုးစီ သေရက်ခဲ႔ၿပီး ခ်ဲလ္ဆီး အသင္းက တစ္ေယာက္အသာ န႔ဲကစားခဲ႔ရေပမယ္႔ ဧည္႔သည္အာဆင္နယ္ ကို အမွတ္ခြဲေပးခဲ႔ရပါတယ္။ ေဒးဗစ္လုဇ္ ဟာ ဒီေႏြရာသီကမွ အာဆင္နယ္ အသင္းကို ခ်ဲလ္ဆီး ကေနေျပာင္းေရႊ႕လာခဲ႔တာျဖစ္ၿပီး အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ခဲ႔ရတာပါ။ ပြဲခ်ိန္ (၂၆) မီနစ္မွာ ေနာက္ခံလူ မူစတာဖီ ရဲ႕ ဖ်က္ထုတ္မူမွားယြင္းခဲ႔ရာက တစ္ဆင္႔ ေအဗရာဟမ္ ဆီကို ေရာက္ရွိခဲ႔တာမွာ ဂိုးေပးရဖို႔ ေသခ်ာသေလာက္ရွိေနတဲ႔ အေနအထားမွာ ေဒးဗစ္လဳဇ္ က ကာကြယ္ရွင္းထုတ္ခဲ႔တာျဖစ္ပါတယ္။

ေဒးဗစ္လုဇ္ ရဲ႕ရွင္းထုတ္မူေၾကာင္႔ ဂိုးမေပးခဲ႔ရေပမယ္႔ အနီကဒ္ ထိခဲ႔သလို ပင္နယ္တီ လည္း ေပးခံခဲ႔ရပါတယ္။ ဒီပင္နယ္တီ ကို ခ်ဲလ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို ကန္သြင္းခဲ႔ၿပီး ဦးေဆာင္ႏိုင္ခဲ႔ပါတယ္။ အာဆင္နယ္ အသင္းရဲ႕နည္းျပ အာတီတာ က ေအဗရာဟမ္ အေပၚ ျပစ္ဒဏ္ေဘာက်ဴးလြန္ခဲ႔တဲ႔ အေပၚမွာ ‘ ဒီပြဲဟာ ေဒးဗစ္ အတြက္ အရမ္းကိုအေရးပါတဲ႔ ပြဲတစ္ပြဲပါ၊ ဒါေပမဲ႔ သူ႔ရဲ႕ အသင္းေဖာ္အတြက္ သူ ဂုဏ္ယူစရာလုပ္ရပ္တစ္ခုကို လုပ္ခဲ႔တာပါ၊ ေဒးဗစ္အတြက္ေတာ႔စိတ္ပ်က္စရာေပါ႔၊ အသင္းေဖာ္တစ္ေယာက္ေယာက္က အမွားျပဳလုပ္လိုက္တဲ႔အခါ အဲ႔ဒါကို ေျဖရွင္းဖို႔အတြက္ သူဟာ အနီကဒ္နဲ႔ရင္းလိုက္တာပါ၊ အျခား အသင္းေဖာ္ကစားသမားဖက္ကေန ရပ္တည္ေပးခဲ႔တာေပါ႔၊

ေဒးဗစ္ဟာ သူ႕ရဲ႕ စိတ္ဓာတ္၊ အက်င္႔စ႐ိ္ုက္ ေတြဟာ ေခါင္းေဆာင္ေကာင္းတစ္ဦး ပီသမူရွိတဲ႔သူပါ၊ ကြ်န္ေတာ္တို႔ဟာ ဒီေန႔ပြဲကို လူငယ္ကစားသမားေတြ အမ်ားႀကီးနဲ႔ ကစားခဲ႔တာပါ၊ သူတို႔အတြက္ အေတြ႕အၾကံဳေကာင္းတစ္ခုကိုဒီပြဲကေန ယူေဆာင္ေပးႏိုင္ခဲ႔ပါတယ္၊ ကြ်န္ေတာ္တို႔အသင္း အရာရာ တိုးတက္ဖို႔အတြက္ ျပဳလုပ္ျပင္ဆင္သြားမွာ ‘ လို႔ ေထာက္ခံေျပာၾကားသြားခဲ႔ပါတယ္။ အာဆင္နယ္ အသင္းဟာ လက္ရွိမွာ အဆင္႔ (၁၀) ေနရာကို ရပ္တည္ေနဆဲျဖစ္ပါတယ္။

#Arsenal #Arteta #Luiz