ဂယ်ရီနဗီးလ် နဲ့ ပြိုင်ပြီး ငြင်းနေရမယ့် အချိန်မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှား က အန်ဖီးလ် မှာ လီဗာပူး ကို (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ဝေဖန်သွားခဲ့တဲ့ ဂယ်ရီနဗီးလ် ကို တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။ နဗီးလ် နဲ့ ဆိုးလ်ရှား တို့ဟာ ယူနိုက်တက်မှာ ကစားခဲ့ကြတဲ့ အသင်းဖော်ဟောင်းတွေဖြစ်ကြပြီး လက်ရှိမှာတော့ ဆိုးလ်ရှား က ယူနိုက်တက်ကို နည်းပြအဖြစ် တာဝန်ယူနေသလို နဗီးလ် ကတော့ Sky Sports ရဲ့ ရုပ်သံတင်ဆက်သူအဖြစ် လုပ်ကိုင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လီဗာပူး ကို ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် (၅) နေရာမှာ ရှိခဲ့ပြီး အဆင့် (၁) က လီဗာပူး နဲ့ ရမှတ် (၃၀) အထိကွာဟ သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ လူငယ်ကစားသမားတွေ အသုံးပြုခဲ့ရခြင်းနဲ့ လူကာကူ နဲ့ ဆန်းချက်စ် တို့ မရှိတော့တဲ့ တိုက်စစ်နေရာကို ပြန်လည် မဖြည့်ဆည်းနိုင်ခြင်းတွေအပေါ်မှာ ဂယ်ရီနဗီးလ် က ဝေဖန်သွားခဲ့တာပါ။ ဒါ့အပြင် ခါးသီးပြိုင်ဘက်ဖြစ်တဲ့ လီဗာပူး အသင်းကိုလည်း ချီးကျူးသွားခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး နည်းပြ ဆိုးလ်ရှား က ‘ ကျွန်တော်တို့ လီဗာပူး ကို ရှုံးနိမ့်ခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ကောင်းမွန်ခဲ့ပါတယ်၊ နောက်ဆုံးအချိန်အထိ ကျွန်တော်တို့ ကန်သွင်းခွင့်တွေရခဲ့တာပါ၊ ကစားသမားခေါ်ယူဖို့အတွက်လား ကျွန်တော်တို့ တိုက်စစ်အတွက်လည်းအများကြီးလိုအပ်တယ်၊ ညာနောက်ခံအတွက်ရော၊ ကျွန်တော်တို့အချိန်တိုင်း ကစားသမားတွေ လိုအပ်နေတာပဲ၊

ကျွန်တော် ဒီကို ရောက်ခဲ့တာအခုဆို (၁၂) (၁၃) လ အတွေ့အကြုံ ရှိပါပြီ၊ ကျွန်တော် ခေါ်ယူထားတဲ့ကစားသမားတွေနဲ့ရော အားလုံးနဲ့ ဆက်ဆံရေးလည်း ကောင်းမွန်ပါတယ်၊ ကျွန်တော်တို့ အဲ့ဒီ့နေ့က ပွဲစဉ်မှာဆို လက်ရှိ လူစာရင်း နဲ့ ကစားပုံ တိုးတက်တယ်လို့ မြင်ပါတယ်၊ ကျွန်တော်တို့ အရှေ့ကို သွားနေကြတာပါ၊ ဂယ်ရီ နဲ့ အငြင်းအခုန်လုပ်နေလို့ မရပါဘူး၊ ကစားသမား အပြောင်းအရွှေ့ ကိစ္စကို ပြောနေရမယ့် အချိန်လည်းမဟုတ်ပါဘူး ‘ လို့ တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၄) အဖြစ် ဘန်လေ အသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။

 

#Solskjaer #ManUtd

 

Zawgyi

 

ဂယ္ရီနဗီးလ္ နဲ႔ ၿပိဳင္ၿပီး ျငင္းေနရမယ္႔ အခ်ိန္မဟုတ္ဘူးလို႔ တံု႔ျပန္ခဲ႔တဲ႔ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ နည္းျပ ဆိုးလ္ရွား က အန္ဖီးလ္ မွာ လီဗာပူး ကို (၂-၀) န႔ဲ ရွံဳးနိမ္႔ခဲ႔တဲ႔ပြဲအၿပီး ေ၀ဖန္သြားခဲ႔တဲ႔ ဂယ္ရီနဗီးလ္ ကို တံု႔ျပန္ေျပာၾကားသြားခဲ႔ပါတယ္။ နဗီးလ္ နဲ႔ ဆိုးလ္ရွား တို႔ဟာ ယူႏိုက္တက္မွာ ကစားခဲ႔ၾကတဲ႔ အသင္းေဖာ္ေဟာင္းေတြျဖစ္ၾကၿပီး လက္ရွိမွာေတာ႔ ဆိုးလ္ရွား က ယူႏိုက္တက္ကို နည္းျပအျဖစ္ တာ၀န္ယူေနသလို နဗီးလ္ ကေတာ႔ Sky Sports ရဲ႕ ႐ုပ္သံတင္ဆက္သူအျဖစ္ လုပ္ကိုင္ေနတာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ လီဗာပူး ကို ရွံုးနိမ္႔ခဲ႔ၿပီးေနာက္ အဆင္႔ (၅) ေနရာမွာ ရွိခဲ႔ၿပီး အဆင္႔ (၁) က လီဗာပူး နဲ႔ ရမွတ္ (၃၀) အထိကြာဟ သြားခဲ႔တာျဖစ္ပါတယ္။

အဆိုပါပြဲစဥ္မွာ လူငယ္ကစားသမားေတြ အသံုးျပဳခဲ႔ရျခင္းနဲ႔ လူကာကူ နဲ႔ ဆန္းခ်က္စ္ တို႔ မရွိေတာ႔တဲ႔ တိုက္စစ္ေနရာကို ျပန္လည္ မျဖည္႔ဆည္းႏိုင္ျခင္းေတြအေပၚမွာ ဂယ္ရီနဗီးလ္ က ေ၀ဖန္သြားခဲ႔တာပါ။ ဒါ႔အျပင္ ခါးသီးၿပိဳင္ဘက္ျဖစ္တ႔ဲ လီဗာပူး အသင္းကိုလည္း ခ်ီးက်ဴးသြားခဲ႔ပါေသးတယ္။ ဒီကိစၥနဲ႔ပက္သက္ၿပီး နည္းျပ ဆိုးလ္ရွား က ‘ ကြ်န္ေတာ္တို႔ လီဗာပူး ကို ရွံုးနိမ္႔ခဲ႔ပါတယ္၊ ဒါေပမဲ႔ ကြ်န္ေတာ္တို႔အားလံုး ေကာင္းမြန္ခဲ႔ပါတယ္၊ ေနာက္ဆံုးအခ်ိန္အထိ ကြ်န္ေတာ္တို႔ ကန္သြင္းခြင္႔ေတြရခဲ႔တာပါ၊ ကစားသမားေခၚယူဖို႔အတြက္လား ကြ်န္ေတာ္တို႔ တိုက္စစ္အတြက္လည္းအမ်ားႀကီးလိုအပ္တယ္၊ ညာေနာက္ခံအတြက္ေရာ၊ ကြ်န္ေတာ္တို႔အခ်ိန္တိုင္း ကစားသမားေတြ လိုအပ္ေနတာပဲ၊

ကြ်န္ေတာ္ ဒီကို ေရာက္ခဲ႔တာအခုဆို (၁၂) (၁၃) လ အေတြ႕အၾကံဳ ရွိပါၿပီ၊ ကြ်န္ေတာ္ ေခၚယူထားတဲ႔ကစားသမားေတြနဲ႔ေရာ အားလံုးနဲ႔ ဆက္ဆံေရးလည္း ေကာင္းမြန္ပါတယ္၊ ကြ်န္ေတာ္တို႔ အဲ႔ဒီ႔ေန႔က ပြဲစဥ္မွာဆို လက္ရွိ လူစာရင္း နဲ႔ ကစားပံု တိုးတက္တယ္လို႔ ျမင္ပါတယ္၊ ကြ်န္ေတာ္တို႔ အေရွ႕ကို သြားေနၾကတာပါ၊ ဂယ္ရီ နဲ႔ အျငင္းအခုန္လုပ္ေနလို႔ မရပါဘူး၊ ကစားသမား အေျပာင္းအေရႊ႕ ကိစၥကို ေျပာေနရမယ္႔ အခ်ိန္လည္းမဟုတ္ပါဘူး ‘ လို႔ တံု႔ျပန္ေျပာၾကားသြားခဲ႔ပါတယ္။ ယဴႏိုက္တက္ဟာ ဒီေန႔ညမွာေတာ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ (၂၄) အျဖစ္ ဘန္ေလ အသင္းနဲ႔ ရင္ဆိုင္ကစားသြားရမွာျဖစ္ပါတယ္။

#Solskjaer #ManUtd