မာတင်နယ်လီ ကို ဘရာဇီး ယူ (၂၃) အတွက် ခေါ်ယူသွားဖို့ စိတ်ပျက်နေရတဲ့ အာတီတာ

အာဆင်နယ် အသင်းရဲ့ နည်းပြ အာတီတာ က အသင်းရဲ့ လူငယ်ကစားသမားလေး မာတင်နယ်လီ ကို နိုင်ငံတကာပွဲစဉ်တွေအတွက် လက်လွှတ်ရတော့မှာမို့ စိတ်ပျက်နေတယ်လို့ ဆိုလိုက်ပါတယ်။ မာတင်နယ်လီ ဟာ အသင်းရဲ့ တောင်ပံတိုက်စစ်မှာ အသုံးပြုနေရတဲ့ သူတစ်ဦးဖြစ်ပြီးတော့ ဒီရာသီမှ အမ်းမရိတ်ကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ဘရာဇီး က အဆိုပါ ကစားသမားလေးကို (၂၀၂၀) တိုကျို အိုလံပစ် ပြိုင်ပွဲအတွက် ယူ (၂၃) အသင်းမှာ ရွေးချယ်မူပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် မာတင်နယ်လီ ဟာ ဘရာဇီး လူငယ်အသင်းနဲ့ သွားရောက်ပူးပေါင်းရမှာဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲချိန် တစ်လျှောက် အာဆင်နယ် အသင်းက လက်လွှတ်ဆုံးရှုံးရမှာပါ။ အဆိုပါ အိုလံပစ်ပြိုင်ပွဲမတိုင်ခင် ခြေစစ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး ကိုလံဘီယာ နိုင်ငံမှာ သွားကစားရမှာဖြစ်ပါတယ်။ လက်ရှိ အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှာ အူဘာမီယန်း ပွဲပယ်ခံထားရသလို မာတင်နယ်လီ လည်း နိုင်ငံတကာပွဲအတွက် ပါဝင်နိုင်ဖို့ မရှိတာကြောင့် နည်းပြ အာတီတာ က စိတ်ပျက်မိကြောင်း ဝန်ခံသွားခဲ့ပါတယ်။

မာတင်နယ်လီ ဘရာဇီးအသင်းအတွက် ကစားပေးရချိန် ဒဏ်ရာပြသနာနဲ့ ရင်ဆိုင်ရမှာကိုလည်း စိုးရိမ်မိကြောင်း ပြောပြသွားခဲ့ပါတယ်။ အာတီတာ က ‘ မာတင်နယ်လီ ဟာ နိုင်ငံလက်ရွေးစင်ကစားဖို့အတွက် တော့ အဆင့်အတန်းမှီတဲ့သူတစ်ဦးဖြစ်နေပါပြီ၊ ဒါပေမဲ့ အာဆင်နယ် ကနေ ထွက်ခွာသွားရမှာတော့ ကျွန်တော် နည်းနည်း စိတ်ပူရပါတယ်၊ သူ့အနေနဲ့ ဘရာဇီး အတွက်သွားကစားပေးပြီးရင် အနားယူဖို့ ပြုလုပ်ရပါဦးမယ်၊ ကလပ်အသင်းအတွက် သူကောင်းမွန်တဲ့ အနေအထားတစ်ရပ်နဲ့ ပြန်လာနိုင်ဖို့ ကျွန်တော်တို့ ကြား ဆွေးနွေးရပါမယ်၊ ဘယ်လိုအရာတွေလဲဆိုတာ သူလည်း သိသလို ကျွန်တော်လည်း သိထားပါတယ် ‘ လို့ ပြောပြသွားခဲ့ပါတယ်။

 

#Martinelli #Arsenal #Arteta

 

Zawgyi

 

မာတင္နယ္လီ ကို ဘရာဇီး ယူ (၂၃) အတြက္ ေခၚယူသြားဖို႔ စိတ္ပ်က္ေနရတဲ႔ အာတီတာ

အာဆင္နယ္ အသင္းရဲ႕ နည္းျပ အာတီတာ က အသင္းရဲ႕ လူငယ္ကစားသမားေလး မာတင္နယ္လီ ကို ႏိုင္ငံတကာပြဲစဥ္ေတြအတြက္ လက္လႊတ္ရေတာ႔မွာမို႔ စိတ္ပ်က္ေနတယ္လို႔ ဆိုလိုက္ပါတယ္။ မာတင္နယ္လီ ဟာ အသင္းရဲ႕ ေတာင္ပံတိုက္စစ္မွာ အသံုးျပဳေနရတဲ႔ သူတစ္ဦးျဖစ္ၿပီးေတာ႔ ဒီရာသီမွ အမ္းမရိတ္ကို ေရာက္ရွိလာခဲ႔သူျဖစ္ပါတယ္။ သူ႔ရဲ႕ မိခင္ႏိုင္ငံျဖစ္တဲ႔ ဘရာဇီး က အဆိုပါ ကစားသမားေလးကို (၂၀၂၀) တိုက်ိဳ အိုလံပစ္ ၿပိဳင္ပြဲအတြက္ ယူ (၂၃) အသင္းမွာ ေရြးခ်ယ္မူျပဳလုပ္ခဲ႔ပါတယ္။

ဒါေၾကာင္႔ မာတင္နယ္လီ ဟာ ဘရာဇီး လူငယ္အသင္းနဲ႔ သြားေရာက္ပူးေပါင္းရမွာျဖစ္ၿပီး အိုလံပစ္ၿပိဳင္ပြဲခ်ိန္ တစ္ေလွ်ာက္ အာဆင္နယ္ အသင္းက လက္လႊတ္ဆံုးရွံုးရမွာပါ။ အဆိုပါ အိုလံပစ္ၿပိဳင္ပြဲမတိုင္ခင္ ေျခစစ္ပြဲစဥ္ေတြ ယွဥ္ၿပိဳင္ကစားရဖို႔ရွိေနၿပီး ကိုလံဘီယာ ႏိုင္ငံမွာ သြားကစားရမွာျဖစ္ပါတယ္။ လက္ရွိ အာဆင္နယ္ အသင္းရဲ႕ တိုက္စစ္မွာ အူဘာမီယန္း ပြဲပယ္ခံထားရသလို မာတင္နယ္လီ လည္း ႏိုင္ငံတကာပြဲအတြက္ ပါ၀င္ႏိုင္ဖို႔ မရွိတာေၾကာင္႔ နည္းျပ အာတီတာ က စိတ္ပ်က္မိေၾကာင္း ၀န္ခံသြားခဲ႔ပါတယ္။

မာတင္နယ္လီ ဘရာဇီးအသင္းအတြက္ ကစားေပးရခ်ိန္ ဒဏ္ရာျပသနာနဲ႔ ရင္ဆိုင္ရမွာကိုလည္း စိုးရိမ္မိေၾကာင္း ေျပာျပသြားခဲ႔ပါတယ္။ အာတီတာ က ‘ မာတင္နယ္လီ ဟာ ႏိုင္ငံလက္ေရြးစင္ကစားဖို႔အတြက္ ေတာ႔ အဆင္႔အတန္းမွီတဲ႔သူတစ္ဦးျဖစ္ေနပါၿပီ၊ ဒါေပမဲ႔ အာဆင္နယ္ ကေန ထြက္ခြာသြားရမွာေတာ႔ ကြ်န္ေတာ္ နည္းနည္း စိတ္ပူရပါတယ္၊ သူ႔အေနနဲ႔ ဘရာဇီး အတြက္သြားကစားေပးၿပီးရင္ အနားယူဖို႔ ျပဳလုပ္ရပါဦးမယ္၊ ကလပ္အသင္းအတြက္ သူေကာင္းမြန္တဲ႔ အေနအထားတစ္ရပ္နဲ႔ ျပန္လာႏိုင္ဖို႔ ကြ်န္ေတာ္တို႔ ၾကား ေဆြးေႏြးရပါမယ္၊ ဘယ္လိုအရာေတြလဲဆိုတာ သူလည္း သိသလို ကြ်န္ေတာ္လည္း သိထားပါတယ္ ‘ လို႔ ေျပာျပသြားခဲ႔ပါတယ္။

#Martinelli #Arsenal #Arteta