တစ်နှစ်ပဲ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာကြောင့် ချဲလ်ဆီး ကွင်းလယ်ကစားသမား ဝီလီယံ အသင်းကထွက်ခွာဖို့ ပြင်ဆင်

ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဝီလီယံ က ဒီရာသီကုန်ရင် အသင်းကနေထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဝီလီယံ ဟာ အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ချဲလ်ဆီး အသင်းကို (၂၀၁၃) ခုနှစ်ထဲက ရောက်ရှိခဲ့တာပါ။ အသင်းမှာ (၇) နှစ်နီးပါးကစားခဲ့ပြီး လက်ရှိမှာတော့ စာချုပ်သက်တမ်းလည်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဝီလီယံ ကို ခေါ်ယူဖို့ ဘာစီလိုနာ အသင်းက ဆက်သွယ်မူတွေပြုလုပ်လျှက်ရှိနေပါတယ်။

ဒါ့အပြင် ဝီလီယံ ဟာ နည်းပြသစ် လမ်းပတ် လက်ထက်မှာပွဲထွက်ကစားခွင့် သိပ်မရရှိတာကြောင့်လည်း မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။ လမ်းပတ် ဟာ အသင်းရဲ့ ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ ဂီရော့ချ်၊ ပက်ဒရို နဲ့ ဝီလီယံ တို့ကို အသင်းကနေထွက်ခွာမယ်ဆို ခွင့်ပြုဖို့ရှိနေပြီး လူငယ်ကစားသမားတွေနဲ့ အစားထိုးဖို့ ပဲ ပစ်မှတ်ထားနေတာပါ။ လက်ရှိမှာတော့ လိုက်ဇစ် အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဝီလီယံ ရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပက်သက်ပြီး လမ်းပတ် က ‘ ဝီလီယံ ကို ဒီရာသီအကုန်မှာ ကျွန်တော်တို့ ဆုံးရှုံးရဖို့ရှိနေပါတယ်၊ ဦးစားပေးအနေနဲ့ ကျွန်တော် သူ့ကို စာချုပ်သက်တမ်းတိုး ကမ်းလှမ်းဖို့အတွက် ပြင်ဆင်နေပါတယ်၊ ဒါပေမဲ့ တစ်နှစ်စာချုပ်နဲ့ပဲ ကမ်းလှမ်းထားတာဖြစ်ပြီးတော့ ဒါက သူ့ရဲ့ အသက်အရွယ်ကြောင့်ပါပဲ၊ ဝီလီယံ အနေနဲ့ ထွက်ခွာသွားမယ်ဆိုလည်း ကျွန်တော် နားလည်ပေးနိုင်ပါတယ်၊ တစ်ရာသီထက် သူပိုပြီး ကောင်းမွန်နေဦးမှာပါ၊ သူဟာ ပရီးမီးယာလိဂ်မှာ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ထားတဲ့ ကစားသမားမျိုးပါ ‘ လို့ ပြောပြသွားခဲ့ပါတယ်။

 

#Willian #Chelsea

 

Zawgyi

 

တစ္ႏွစ္ပဲ စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းထားတာေၾကာင္႔ ခ်ဲလ္ဆီး ကြင္းလယ္ကစားသမား ဝီလီယံ အသင္းကထြက္ခြာဖို႔ ျပင္ဆင္

ခ်ဲလ္ဆီး အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား ဝီလီယံ က ဒီရာသီကုန္ရင္ အသင္းကေနထြက္ခြာဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဝီလီယံ ဟာ အသက္ (၃၁) ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး ခ်ဲလ္ဆီး အသင္းကို (၂၀၁၃) ခုႏွစ္ထဲက ေရာက္ရွိခဲ႔တာပါ။ အသင္းမွာ (၇) ႏွစ္နီးပါးကစားခဲ႔ၿပီး လက္ရွိမွာေတာ႔ စာခ်ဳပ္သက္တမ္းလည္း ကုန္ဆံုးေတာ႔မွာျဖစ္ပါတယ္။ ဝီလီယံ ကို ေခၚယူဖို႔ ဘာစီလိုနာ အသင္းက ဆက္သြယ္မူေတြျပဳလုပ္လွ်က္ရွိေနပါတယ္။

ဒါ႔အျပင္ ဝီလီယံ ဟာ နည္းျပသစ္ လမ္းပတ္ လက္ထက္မွာပြဲထြက္ကစားခြင္႔ သိပ္မရရွိတာေၾကာင္႔လည္း မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ သိရပါတယ္။ လမ္းပတ္ ဟာ အသင္းရဲ႕ ဝါရင္႔ကစားသမားေတြျဖစ္ၾကတဲ႔ ဂီေရာ႔ခ်္၊ ပက္ဒ႐ို နဲ႔ ဝီလီယံ တို႔ကို အသင္းကေနထြက္ခြာမယ္ဆို ခြင္႔ျပဳဖို႔ရွိေနၿပီး လူငယ္ကစားသမားေတြနဲ႔ အစားထိုးဖို႔ ပဲ ပစ္မွတ္ထားေနတာပါ။ လက္ရွိမွာေတာ႔ လိုက္ဇစ္ အသင္းရဲ႕ တိုက္စစ္မွဴး တီမိုဝါနာ ကို ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။

ဝီလီယံ ရဲ႕ အေျပာင္းအေရႊ႕ကိစၥနဲ႔ ပက္သက္ၿပီး လမ္းပတ္ က ‘ ဝီလီယံ ကို ဒီရာသီအကုန္မွာ ကြ်န္ေတာ္တို႔ ဆံုးရွံုးရဖို႔ရွိေနပါတယ္၊ ဦးစားေပးအေနနဲ႔ ကြ်န္ေတာ္ သူ႔ကို စာခ်ဳပ္သက္တမ္းတိုး ကမ္းလွမ္းဖို႔အတြက္ ျပင္ဆင္ေနပါတယ္၊ ဒါေပမဲ႔ တစ္ႏွစ္စာခ်ဳပ္နဲ႔ပဲ ကမ္းလွမ္းထားတာျဖစ္ၿပီးေတာ႔ ဒါက သူ႕ရဲ႕ အသက္အရြယ္ေၾကာင္႔ပါပဲ၊ ဝီလီယံ အေနနဲ႔ ထြက္ခြာသြားမယ္ဆိုလည္း ကြ်န္ေတာ္ နားလည္ေပးႏိုင္ပါတယ္၊ တစ္ရာသီထက္ သူပိုၿပီး ေကာင္းမြန္ေနဦးမွာပါ၊ သူဟာ ပရီးမီးယာလိဂ္မွာ အေကာင္းဆံုး စြမ္းေဆာင္ေပးႏိုင္ထားတဲ႔ ကစားသမားမ်ိဳးပါ ‘ လို႔ ေျပာျပသြားခဲ႔ပါတယ္။

#Willian #Chelsea