သူ့ရဲ့ အနာဂတ် နဲ့ပက်သက်ပြီ စိတ်လှုပ်ရှားနေမိတယ် လို့ ဆိုလာတဲ့ အိုဇေးလ်

အာဆင်နယ် အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေးလ် ဟာ သူ့ရဲ့ အနာဂတ်နဲ့ပက်သက်လို့ ဘယ်လို ဖြစ်လာမလဲ ဆိုတဲ့ အပေါ်မှာ စိတ်လှုပ်ရှားမိကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။ အိုဇေးလ် ဟာ နည်းပြဟောင်း အမ်မရီ လက်ထက်မှာ အသင်းကနေထွက်ခွာဖို့ပြင်ဆင်ခဲ့တာဖြစ်ပြီးတော့ အခု လက်ရှိ အာတီတာ လက်ထက်မှာတော့ အသင်းမှာ ပြန်လည်ပျော်ရွှင်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စာချုပ်သက်တမ်း ဟာ လာမယ့်နှစ်မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့လိုအပ်နေပါတယ်။

အိုဇေးလ် အသင်းပြောင်းဖို့ ပြင်ဆင်ခဲ့စဉ်တုန်းက ဖီနာဘာချီ အသင်းနဲ့ ချိတ်ဆက်မူတွေရှိခဲ့ပြီး ဒီဇန်နဝါရီ မှာတင်ပဲ အသင်းကထွက်ခွာဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ အိုဇေးလ် ဟာ တစ်ပတ်လုပ်ခ လစာ (၃) သိန်းခွဲရရှိနေတဲ့ ကစားသမားဖြစ်ပြီး အသင်းရဲ့ လစာအများဆုံးကစားသမားလည်းဖြစ်ပါတယ်။ ဒါကြောင့် အခု စာချုပ်သက်တမ်း ကုန်ဆုံးမယ့်အချိန်မှာလည်း အာဆင်နယ် အသင်းနဲ့ ညှိနိူင်းမူတွေပြုလုပ်ဖို့ လိုအပ်နေပါတယ်။

အိုဇေးလ် ကသူ့ရဲ့ အနာဂတ် နဲ့ပက်သက်ပြီး ‘ ကျွန်တော် ဒီမှာ ဆက်ရှိနေရတာနဲ့ပက်သက်လို့ အရမ်းကျေနပ်ပါတယ်၊ စာချုပ်သစ်ကိစ္စကို လည်း ဆွေးနွေးသွားဖို့ လုပ်ဆောင်သွားမှာပါ၊ လာမယ့် နှစ်မှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ အနာဂတ် နဲ့ပက်သက်လို့ ဘာတွေ ဖြစ်လာဦးမလဲ မသိသေးပါဘူး၊ ဒီအတွက် ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်၊ အနာဂတ်မှာ ဒီမှာပဲဆက်ရှိမလား အသင်းပြောင်းသွားနိုင်လားဆိုတာကို ကျွန်တော် အခု မပြောတက်သေးပါဘူး ‘ လို့ ဖြေကြားသွားခဲ့ပါတယ်။

 

#Arsenal #Ozil