အူဘာမီယန်း မပါဝင်နိုင်မယ့် တိုက်စစ်ကို စိုးရိမ်မူမရှိကြောင်း ပြောပြလာတဲ့ အာဆင်နယ် နည်းပြ အာတီတာ

အာဆင်နယ် အသင်းရဲ့ နည်းပြ အာတီတာ ကတော့ ပွဲပယ်ခံထားရတဲ့ အူဘာမီယန်း ကြောင့် လာမယ့်ပွဲစဉ်တွေကို စိုးရိမ်မူမရှိကြောင်း ပြောပြသွားခဲ့ပါတယ်။ အူဘာမီယန်း ဟာ ပဲလေ့နဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်ရိုက်အနီကဒ် ပြသခံခဲ့ရတာဖြစ်ပြီး လာမယ့်ပွဲစဉ် (၃) ပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) အဖြစ် ရှက်ဖီးယူနိုက်တက်နဲ့ ကစားရမှာဖြစ်ပါတယ်။

နည်းပြ အာတီတာ ကတော့ ‘ ကျွန်တော်တို့ အူဘာ မပါပဲ ရှေ့ဆက်သွားရဖို့အတွက် ဖိအားနေတွရှိမယ်လို့ မယုံကြည်ပါဘူး၊ တခြားကစားသမားတွေအတွက် အခွင့်အရေးရှိပါတယ်၊ ကျွန်တော်တို့မှာ လူငယ်ကစားသမားတွေလည်း ရှိပြီးတော့ အခြား ကစားသမားတွေဟာလည်း သူတို့ရဲ့ တာဝန် တွေကို အကောင်းဆုံး လုပ်ဆောင်သွားကြမှာပါ၊ ဒါ အခွင့်အရေးတစ်ခုပဲ လို့ ကျွန်တော် ပြောခဲ့ပါတယ်၊ တခြားကစားသမားတွေအနေနဲ့ သူ့ရဲ့ နေရာမှာ ပိုမိုကောင်းမွန်ခဲ့ရင် ကျွန်တော်တို့ အစားထိုးအသုံးပြုသွားမှာပါ၊ အူဘာမီယန်း လောက် ကစားနိုင်တယ် သို့မဟုတ် သူ့ထက် သာတယ် ဆိုတာ ကို ပြသဖို့လိုအပ်ပါတယ် ‘လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာတီတာ က လာကာဇက်တီ နဲ့ ပက်သက်လို့ ‘ သူဟာ ဂိုးလာဒ် ရှိတဲ့ သူမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့ ဂိုးရရှိဖို့ စိုးရိမ်မူမရှိပါဘူး၊ ပြီးခဲ့တဲ့ ပွဲတွေမှာ သူ အခွင့်အရေးတစ်ချို့ လွဲချော်ခဲ့ပေမယ့် ဒီကစားသမားတွေနဲ့ အတူ လေး ငါး ကြိမ်လောက်အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ မခက်ပါဘူး၊ လာကာဇက် က တခြား ကစားသမားတွေနဲ့ အတူပဲ နည်းနည်းလေး ထူးဆန်းတယ်၊ သူ့ရဲ့ စွမ်းဆောင်ရည်ပိုင်းကို စနစ်တကျအသုံးပြုတယ်၊ ကျွန်တော်ကတော့ သူဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးလို့မြင်ပါတယ်၊ အလုပ်ကို ကြိုးစားလုပ်ပြီး အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးပါ၊ သူအခုချိန်မှာ အသင်းကို ကူညီဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မူအပြည့်ရှိနေမှာပါ၊ နောက်ပြီး ကျွန်တော်တို့ဆီမှာ မာတင်နယ်လီ၊ နီကိုလပ် ပီပီ နဲ့ နယ်လ်ဆင် တို့လို လူငယ်ကစားသမားတွေလည်း ရှိနေပါသေးတယ် ‘ လို့ ပြောပြသွားခဲ့ပါတယ်။

 

#Arteta #Arsenal

 

Zawgyi

 

အူဘာမီယန္း မပါ၀င္ႏိုင္မယ္႔ တိုက္စစ္ကို စိုးရိမ္မူမရွိေၾကာင္း ေျပာျပလာတ႔ဲ အာဆင္နယ္ နည္းျပ အာတီတာ

အာဆင္နယ္ အသင္းရဲ႕ နည္းျပ အာတီတာ ကေတာ႔ ပြဲပယ္ခံထားရတဲ႔ အူဘာမီယန္း ေၾကာင္႔ လာမယ္႔ပြဲစဥ္ေတြကို စိုးရိမ္မူမရွိေၾကာင္း ေျပာျပသြားခဲ႔ပါတယ္။ အူဘာမီယန္း ဟာ ပဲေလ႔နဲ႔ သေရက်ခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ တိုက္႐ိုက္အနီကဒ္ ျပသခံခဲ႔ရတာျဖစ္ၿပီး လာမယ္႔ပြဲစဥ္ (၃) ပြဲကို လြဲေခ်ာ္ရမွာျဖစ္ပါတယ္။ အာဆင္နယ္ အသင္းဟာ ဒီတစ္ပတ္မွာေတာ႔ ပရီးမီးယားလိဂ္ပြဲစဥ္ (၂၃) အျဖစ္ ရွက္ဖီးယူႏိုက္တက္နဲ႔ ကစားရမွာျဖစ္ပါတယ္။

နည္းျပ အာတီတာ ကေတာ႔ ‘ ကြ်န္ေတာ္တို႔ အူဘာ မပါပဲ ေရွ႕ဆက္သြားရဖို႔အတြက္ ဖိအားေနတြရွိမယ္လို႔ မယံုၾကည္ပါဘူး၊ တျခားကစားသမားေတြအတြက္ အခြင္႔အေရးရွိပါတယ္၊ ကြ်န္ေတာ္တို႔မွာ လူငယ္ကစားသမားေတြလညး္ ရွိၿပီးေတာ႔ အျခား ကစားသမားေတြဟာလည္း သူတို႔ရဲ႕ တာ၀န္ ေတြကို အေကာင္းဆံုး လုပ္ေဆာင္သြားၾကမွာပါ၊ ဒါ အခြင္႔အေရးတစ္ခုပဲ လို႔ ကြ်န္ေတာ္ ေျပာခဲ႔ပါတယ္၊ တျခားကစားသမားေတြအေနနဲ႔ သူ႔ရဲ႕ ေနရာမွာ ပိုမိုေကာင္းမြန္ခဲ႔ရင္ ကြ်န္ေတာ္တို႔ အစားထိုးအသံုးျပဳသြားမွာပါ၊ အူဘာမီယန္း ေလာက္ ကစားႏိုင္တယ္ သို႔မဟုတ္ သူ႔ထက္ သာတယ္ ဆိုတာ ကို ျပသဖို႔လိုအပ္ပါတယ္ ‘လို႔ ေျပာၾကားခဲ႔ပါတယ္။

ဆက္လက္ၿပီး အာတီတာ က လာကာဇက္တီ န႔ဲ ပက္သက္လို႔ ‘ သူဟာ ဂိုးလာဒ္ ရွိတဲ႔ သူမ်ိဳးျဖစ္တဲ႔အတြက္ ကြ်န္ေတာ္တို႔ ဂိုးရရွိဖို႔ စိုးရိမ္မူမရွိပါဘူး၊ ၿပီးခဲ႔တဲ႔ ပြဲေတြမွာ သူ အခြင္႔အေရးတစ္ခ်ိဳ႕ လြဲေခ်ာ္ခဲ႔ေပမယ္႔ ဒီကစားသမားေတြနဲ႔ အတူ ေလး ငါး ႀကိမ္ေလာက္အခြင္႔အေရးေတြ ဖန္တီးႏိုင္ဖို႔ မခက္ပါဘူး၊ လာကာဇက္ က တျခား ကစားသမားေတြနဲ႔ အတူပဲ နည္းနည္းေလး ထူးဆန္းတယ္၊ သူ႕ရဲ႕ စြမ္းေဆာင္ရည္ပိုင္းကို စနစ္တက်အသံုးျပဳတယ္၊ ကြ်န္ေတာ္ကေတာ႔ သူဟာ အသင္းအတြက္ အေရးပါတဲ႔ ကစားသမားတစ္ဦးလို႔ျမင္ပါတယ္၊ အလုပ္ကို ႀကိဳးစားလုပ္ၿပီး အေကာင္းဆံုး တိုက္စစ္မႉးေတြထဲက တစ္ဦးပါ၊ သူအခုခ်ိန္မွာ အသင္းကို ကူညီဖို႔ ကိုယ္႔ကိုကိုယ္ ယံုၾကည္မူအျပည္႔ရွိေနမွာပါ၊ ေနာက္ၿပီး ကြ်န္ေတာ္တို႔ဆီမွာ မာတင္နယ္လီ၊ နီကိုလပ္ ပီပီ နဲ႔ နယ္လ္ဆင္ တို႔လို လူငယ္ကစားသမားေတြလည္း ရွိေနပါေသးတယ္ ‘ လို႔ ေျပာျပသြားခဲ႔ပါတယ္။

#Arteta #Arsenal