လာလီဂါ နဲ့ လာလီဂါနည်းပြတွေကို ချီးကျူးစကားဆိုသွားခဲ့တဲ့ ပိုချက်တီနို စပိန်ကို ပြန်အခြေချမလား

စပါးအသင်းရဲ့ နည်းပြဟောင်းဖြစ်သူ ပိုချက်တီနို က မနေ့က လာလီဂါ တီဗီ အစီအစဉ်တစ်ခုမှာ သူ့ရဲ့ အနာဂတ် ပြောင်းရွှေ့နိုင်မယ့်အသင်းနဲ့ပက်သက်ပြီး အရိပ်အမြွက်ပြောဆိုသွားခဲ့ပါတယ်။ ပိုချက်တီနီု ဟာ ပရီးမီးယားလိဂ်ကလပ် စပါး အသင်းမှာ (၅) နှစ်ကြာတာဝန်ယူကိုင်တွယ်ခဲ့ပြီး မနှစ်ကဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ် အထိပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စပါး အသင်းဟာ ဒီရာသီ အစောပိုင်းမှာ ရလာဒ်တွေ ဆိုးရွားခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရပြီး လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်နေတာဖြစ်ပါတယ်။

မနေ့က တီဗီ အစီအစဉ်မှာတော့ ပိုချက်တီနို နဲ့အတူ သူ့ရဲ့ လက်ထောက်နည်းပြဖြစ်သူ ဂျီဆပ်ချ်ပီရက်ဇ်၊ ချဲလ်ဆီး ကွင်းလယ်ကစားသမား ပိုရက် တို့ မေးမြန်းမူတွေပြုလုပ်ခဲ့ကြပါတယ်။ ပိုချက်တီနို က ‘ ကျွန်တော့်ရဲ့ ကစားသမားဘဝရော နည်းပြဘ၀ ကိုပါ စတင်ခဲ့တာ အက်စပန်ညိုဖြစ်ပြီးတော့ စပိန်ဟာ ကျွန်တော့်အတွက် ကံကောင်းခြင်းတွေရခဲ့ပါတယ်၊ အဲ့ဒီကနေ ကျွန်တော် ပရီးမီးယားလိဂ်ကို ရောက်ရှိခဲ့တဲ့ အင်္ဂလန် က လူနေမူပုံစံတွေ နဲ့ ကွဲပြားခြားနားတဲ့ ဘာသာစကားတွေကို သင်ယူခဲ့ရပြီး ဒီနေ့လို ပုံစံမျိုးဖြစ်လာခဲ့တာပါ၊ကျွန်တော် ပိုမိုကောင်းမွန်လာခဲ့တယ်လို့ ယူဆပါတယ်၊ ဒီမှာ ဗဟုသုတတွေ အများကြီးရပြီး ကြီးမားတဲ့ အတွေ့အကြုံတွေလည်း ရခဲ့ပါတယ်၊ ပရီးမီးယားလိဂ် ကတော့ ပရီးမီးယားလိဂ်ပါပဲ၊ အင်္ဂလန် ဟာ ဘောလုံးကိုစတင်မွေးဖွားခဲ့တဲ့နေရာလည်း ဖြစ်တာကိုး၊ ဒါပေမဲ့ လာလီဂါ က ဘောလုံးလောကမှာ အံ့အားသင့်စရာကောင်းပြီးတော့ နည်းပြတွေကလည်း အံ့သြစရာပိုကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်တို့ ဒီ စပိန်ကို ပိုပြီး တိုးတက်အောင်ကြိုးစားသွားကြမယ်၊ ကမ္ဘာပေါ်က လိဂ်တွေထဲမှာ စပိန် နဲ့ အင်္ဂလန် က အကောင်းဆုံး လိဂ်နှစ်ခုပါပဲ ‘ လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

ပိုချက်တီနို ဟာ နည်းပြဘ၀ ကို အက်စပန်ညို နဲ့ စတင်ခဲ့တာဖြစ်ပြီးတော့ ဆောက်သမ်တန် အသင်းကို တစ်ရာသီကြာကိုင်တွယ်ခဲ့ပါသေးတယ်။ ဒီနောက်မှာ စပါး အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ (၅) နှစ်ကြာတာဝန်ယူသွားခဲ့တာပါ။ အသက် (၄၇) နှစ်သာရှိသေးတဲ့ အတွက် နောက်ထပ် နည်းပြ ဘဝကို အများကြီး လျှောက်လှမ်းရဦးမယ့် ပိုချက်တီနို ဟာဘယ်အသင်းဆီ ရောက်ရှိလာမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

 

#Pochettino #Laliga

 

Zawgyi

 

လာလီဂါ န႔ဲ လာလီဂါနည္းျပေတြကို ခ်ီးက်ဴးစကားဆိုသြားခဲ႔တဲ႔ ပိုခ်က္တီႏို စပိန္ကို ျပန္အေျခခ်မလား

စပါးအသင္းရဲ႕ နည္းျပေဟာင္းျဖစ္သူ ပိုခ်က္တီႏို က မေန႔က လာလီဂါ တီဗီ အစီအစဥ္တစ္ခုမွာ သူ႕ရဲ႕ အနာဂတ္ ေျပာင္းေရႊ႕ႏိုင္မယ္႔အသင္းနဲ႔ပက္သက္ၿပီး အရိပ္အႁမြက္ေျပာဆိုသြားခဲ႔ပါတယ္။ ပိုခ်က္တီႏီု ဟာ ပရီးမီးယားလိဂ္ကလပ္ စပါး အသင္းမွာ (၅) ႏွစ္ၾကာတာ၀န္ယူကိုင္တြယ္ခဲ႔ၿပီး မႏွစ္ကေဘာလံုးရာသီမွာ ခ်န္ပီယံလိဂ္ဖိုင္နယ္ အထိပို႔ေဆာင္ေပးႏိုင္ခဲ႔ပါတယ္။ ဒါေပမဲ႔ စပါး အသင္းဟာ ဒီရာသီ အေစာပိုင္းမွာ ရလာဒ္ေတြ ဆိုးရြားခဲ႔တာေၾကာင္႔ ထုတ္ပယ္ခံခဲ႔ရၿပီး လက္ရွိအခ်ိန္မွာေတာ႔ အသင္းလက္မဲ႔ ျဖစ္ေနတာျဖစ္ပါတယ္။

မေန႔က တီဗီ အစီအစဥ္မွာေတာ႔ ပိုခ်က္တီႏို နဲ႔အတူ သူ႔ရဲ႕ လက္ေထာက္နည္းျပျဖစ္သူ ဂ်ီဆပ္ခ်္ပီရက္ဇ္၊ ခ်ဲလ္ဆီး ကြင္းလယ္ကစားသမား ပိုရက္ တို႔ ေမးျမန္းမူေတြျပဳလုပ္ခဲ႔ၾကပါတယ္။ ပိုခ်က္တီႏို က ‘ ကြ်န္ေတာ္႔ရဲ႕ ကစားသမားဘ၀ေရာ နည္းျပဘ၀ ကိုပါ စတင္ခဲ႔တာ အက္စပန္ညိဳျဖစ္ၿပီးေတာ႔ စပိန္ဟာ ကြ်န္ေတာ္႔အတြက္ ကံေကာင္းျခင္းေတြရခဲ႔ပါတယ္၊ အဲ႔ဒီကေန ကြ်န္ေတာ္ ပရီးမီးယားလိဂ္ကို ေရာက္ရွိခဲ႔တဲ႔ အဂၤလန္ က လူေနမူပံုစံေတြ နဲ႔ ကြဲျပားျခားနားတဲ႔ ဘာသာစကားေတြကို သင္ယူခဲ႔ရၿပီး ဒီေန႔လို ပံုစံမ်ိဳးျဖစ္လာခဲ႔တာပါ၊ကြ်န္ေတာ္ ပိုမိုေကာင္းမြန္လာခဲ႔တယ္လို႔ ယူဆပါတယ္၊ ဒီမွာ ဗဟုသုတေတြ အမ်ားႀကီးရၿပီး ႀကီးမားတဲ႔ အေတြ႕အၾကံဳေတြလည္း ရခဲ႔ပါတယ္၊ ပရီးမီးယားလိဂ္ ကေတာ႔ ပရီးမီးယားလိဂ္ပါပဲ၊ အဂၤလန္ ဟာ ေဘာလံုးကိုစတင္ေမြးဖြားခဲ႔တဲ႔ေနရာလည္း ျဖစ္တာကိုး၊ ဒါေပမဲ႔ လာလီဂါ က ေဘာလံုးေလာကမွာ အံ႔အားသင္႔စရာေကာင္းၿပီးေတာ႔ နည္းျပေတြကလည္း အံ႔ၾသစရာပိုေကာင္းတယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္၊ ကြ်န္ေတာ္တို႔ ဒီ စပိန္ကို ပိုၿပီး တိုးတက္ေအာင္ႀကိဳးစားသြားၾကမယ္၊ ကမာၻေပၚက လိဂ္ေတြထဲမွာ စပိန္ နဲ႔ အဂၤလန္ က အေကာင္းဆံုး လိဂ္ႏွစ္ခုပါပဲ ‘ လို႔ သံုးသပ္ေျပာၾကားသြားခ႔ဲပါတယ္။

ပိုခ်က္တီႏို ဟာ နည္းျပဘ၀ ကို အက္စပန္ညိဳ နဲ႔ စတင္ခဲ႔တာျဖစ္ၿပီးေတာ႔ ေဆာက္သမ္တန္ အသင္းကို တစ္ရာသီၾကာကိုင္တြယ္ခဲ႔ပါေသးတယ္။ ဒီေနာက္မွာ စပါး အသင္းကို ေရာက္ရွိလာခဲ႔တာျဖစ္ၿပီးေတာ႔ (၅) ႏွစ္ၾကာတာ၀န္ယူသြားခဲ႔တာပါ။ အသက္ (၄၇) ႏွစ္သာရွိေသးတဲ႔ အတြက္ ေနာက္ထပ္ နည္းျပ ဘ၀ကို အမ်ားႀကီး ေလွ်ာက္လွမ္းရဦးမယ္႔ ပိုခ်က္တီႏို ဟာဘယ္အသင္းဆီ ေရာက္ရွိလာမလဲဆိုတာေတာ႔ ေစာင္႔ၾကည္႔ရဦးမွာျဖစ္ပါတယ္။

#Pochettino #Laliga