ရက်ဖို့ဒ် လီဗာပူး နဲ့ပွဲစဉ်ကို လွဲချော်နိုင်တယ်လို့ ဆိုခဲ့ပြီး မာတာ ကို ချီးကျူးသွားခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ရက်ဖို့ဒ် ဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) လီဗာပူး အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ရတော့မယ်လို့ သိရပါတယ်။ ရက်ဖို့ဒ် ဟာ ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပြန်ကန်ပွဲ ဝုဗ်ဗာဟမ်တန် နဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ ရက်ဖို့ဒ်ဟာ ခါးထိခိုက်မိခဲ့တာဖြစ်ပြီး ပွဲချိန် (၈၀) မှာ လင်ဂတ် နဲ့ လူစားလဲခဲ့ရပါတယ်။ ဒါဟာ တိုက်စစ်ပိုင်းမှာ အားနည်းနေတဲ့ ယူနိုက်တက်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး လာမယ့် အန်ဖီးလ် မှာ သွားကစားရမယ့်ပွဲစဉ်မှာ မာရှယ် နဲ့ ဂရင်းဝုဒ် တို့ကို အသုံးပြုရဖွယ်ရှိနေပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ရက်ဖို့ဒ် ရဲ့ ဒဏ်ရာပြသနာနဲ့ပက်သက်ပြီး Talk Sport သတင်းစာကို အခုလိုပဲပြောပြသွားခဲ့ပါတယ်။ ‘ သူ့ကို ကုသမူတွေ အမြန်ဆုံးပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ၊ ဒါပေမဲ့ ကျွန်တော်တော့ သေချာပြန်လာနိုင်မယ်လို့ မပြောနိုင်သေးပါဘူး၊ တကယ်လို့ သူမကစားနိုင်ခဲ့ရင်လည်း အခြားတစ်ယောက်ကို အစားထိုးဖို့ အသင့်ပါပဲ၊ သူ့ နောက်တစ်ခေါက် ကုသမူခံယူရမှာပေါ့၊ ရက်ဖို့ဒ် ဟာ အသင်းရဲ့ သွင်းဂိုးတွေမှာ ပါဝင်ပက်သက်နေတဲ့သူဖြစ်တာကြောင့် ကျွန်တော်တို့ တနင်္ဂနွေမှာ သူ့ကို လိုအပ်ပါတယ် ‘ လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အသင်းရဲ့ကွင်းလယ်ကစားသမား မာတာကိုလည်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ‘ ကျွန်တော်တို့ ဒီနေ့ရလာဒ်အတွက် ဝမ်းသာရပါတယ်၊ ဝုဗ် ဟာ မာကျောတဲ့ အသင်းတစ်သင်းဖြစ်ပြီးတော့ ကျွန်တော်တို့ နောက်ကောက်ချနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကြီးမားတဲ့ အခွင့်အရေး (၄) ကြိမ်လောက်ရရှိခဲ့ပြီး မာတာ က ဒီအခွင့်အရေးကို ရယူပေးသွားနိုင်ခဲ့တာပါ၊ ကျွန်တော်တို့ နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် (၅) ဂိုးလောက် ပြတ်နေစရာမလိုပါဘူး၊ တစ်ဂိုးထဲနဲ့လည်း တက်ရောက်နိုင်ပါတယ်၊ မာတာ ရယ်၊ ရိုမဲလ်ရိုး၊ မာတစ် တို့ဟာ အသက် (၃၀) ကျော်ကစားသမားတွေဖြစ်ပေမယ့် အသင်းအတွက် အရေးပါတဲ့ နေရာမှာ ရှိနေတဲ့ သူတွေပါ၊ အသင်းရဲ့ လူငယ်ကစားသမားလေးတွေကို သူတို့ရဲ့ အမြင်တွေ မျှဝေပေးနိုင်ပါတယ်၊ မာတာ ဟာ အသင်းရဲ့ တစ်ရာသီလုံးပွဲထွက်ခွင့်မရဘူးဆိုပေမယ့် ခြုံကြည့်မယ်ဆိုရင် ရာသီဝက်လောက် သူပါဝင်ကစားခွင့်ရပါတယ်၊ ဒါကြောင့် မာတာ ကလည်း ခက်ခဲတဲ့ရာသီ မှာ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ ‘ လို့ ပြောသွားခဲ့ပါတယ်။

 

#Mata #Rashford #ManUtd

 

Zawgyi

 

ရက္ဖို႔ဒ္ လီဗာပူး နဲ႔ပြဲစဥ္ကို လြဲေခ်ာ္ႏိုင္တယ္လို႔ ဆိုခဲ့ၿပီး မာတာ ကို ခ်ီးက်ဴးသြားခဲ့တဲ့ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ တိုက္စစ္မႉး ရက္ဖို႔ဒ္ ဟာ လာမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ (၂၃) လီဗာပူး အသင္းနဲ႔ ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္ကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ရေတာ့မယ္လို႔ သိရပါတယ္။ ရက္ဖို႔ဒ္ ဟာ ဒီေန႔မနက္အေစာပိုင္းမွာ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ျပန္ကန္ပြဲ ဝုဗ္ဗာဟမ္တန္ နဲ႔ပြဲစဥ္မွာ ဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။ ရက္ဖို႔ဒ္ဟာ ခါးထိခိုက္မိခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ (၈၀) မွာ လင္ဂတ္ နဲ႔ လူစားလဲခဲ့ရပါတယ္။ ဒါဟာ တိုက္စစ္ပိုင္းမွာ အားနည္းေနတဲ့ ယူႏိုက္တက္အတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး လာမယ့္ အန္ဖီးလ္ မွာ သြားကစားရမယ့္ပြဲစဥ္မွာ မာရွယ္ နဲ႔ ဂရင္းဝုဒ္ တို႔ကို အသုံးျပဳရဖြယ္ရွိေနပါတယ္။

ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွား ကေတာ့ ရက္ဖို႔ဒ္ ရဲ႕ ဒဏ္ရာျပသနာနဲ႔ပက္သက္ၿပီး Talk Sport သတင္းစာကို အခုလိုပဲေျပာျပသြားခဲ့ပါတယ္။ ‘ သူ႔ကို ကုသမူေတြ အျမန္ဆုံးျပဳလုပ္သြားမွာျဖစ္ၿပီး လာမယ့္ တနဂၤေႏြ ပြဲစဥ္မွာ ပါဝင္ႏိုင္ဖို႔ ေဆာင္႐ြက္သြားမွာပါ၊ ဒါေပမဲ့ ကြၽန္ေတာ္ေတာ့ ေသခ်ာျပန္လာႏိုင္မယ္လို႔ မေျပာႏိုင္ေသးပါဘူး၊ တကယ္လို႔ သူမကစားႏိုင္ခဲ့ရင္လည္း အျခားတစ္ေယာက္ကို အစားထိုးဖို႔ အသင့္ပါပဲ၊ သူ႔ ေနာက္တစ္ေခါက္ ကုသမူခံယူရမွာေပါ့၊ ရက္ဖို႔ဒ္ ဟာ အသင္းရဲ႕ သြင္းဂိုးေတြမွာ ပါဝင္ပက္သက္ေနတဲ့သူျဖစ္တာေၾကာင့္ ကြၽန္ေတာ္တို႔ တနဂၤေႏြမွာ သူ႔ကို လိုအပ္ပါတယ္ ‘ လို႔ ေျပာခဲ့ပါတယ္။

ဆက္လက္ၿပီး အသင္းရဲ႕ကြင္းလယ္ကစားသမား မာတာကိုလည္း ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။ ‘ ကြၽန္ေတာ္တို႔ ဒီေန႔ရလာဒ္အတြက္ ဝမ္းသာရပါတယ္၊ ဝုဗ္ ဟာ မာေက်ာတဲ့ အသင္းတစ္သင္းျဖစ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ေနာက္ေကာက္ခ်ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ႀကီးမားတဲ့ အခြင့္အေရး (၄) ႀကိမ္ေလာက္ရရွိခဲ့ၿပီး မာတာ က ဒီအခြင့္အေရးကို ရယူေပးသြားႏိုင္ခဲ့တာပါ၊ ကြၽန္ေတာ္တို႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔အတြက္ (၅) ဂိုးေလာက္ ျပတ္ေနစရာမလိုပါဘူး၊ တစ္ဂိုးထဲနဲ႔လည္း တက္ေရာက္ႏိုင္ပါတယ္၊ မာတာ ရယ္၊ ႐ိုမဲလ္႐ိုး၊ မာတစ္ တို႔ဟာ အသက္ (၃၀) ေက်ာ္ကစားသမားေတြျဖစ္ေပမယ့္ အသင္းအတြက္ အေရးပါတဲ့ ေနရာမွာ ရွိေနတဲ့ သူေတြပါ၊ အသင္းရဲ႕ လူငယ္ကစားသမားေလးေတြကို သူတို႔ရဲ႕ အျမင္ေတြ မွ်ေဝေပးႏိုင္ပါတယ္၊ မာတာ ဟာ အသင္းရဲ႕ တစ္ရာသီလုံးပြဲထြက္ခြင့္မရဘူးဆိုေပမယ့္ ၿခဳံၾကည့္မယ္ဆိုရင္ ရာသီဝက္ေလာက္ သူပါဝင္ကစားခြင့္ရပါတယ္၊ ဒါေၾကာင့္ မာတာ ကလည္း ခက္ခဲတဲ့ရာသီ မွာ အသင္းရဲ႕ အစိတ္အပိုင္းတစ္ခုပါပဲ ‘ လို႔ ေျပာသြားခဲ့ပါတယ္။

#Mata #Rashford #ManUtd