အင်္ဂလန် ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့တဲ့ ဟန်ဒါဆန်

လီဗာပူး အသင်းရဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ် ကွင်းလယ်ကစားသမားလည်းဖြစ်တဲ့ ဟန်ဒါဆန် ဟာ အင်္ဂလန် ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား BT Player ဆုကို ရရှိသွားခဲ့ပါတယ်။ ဟန်ဒါဆန် ဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကိုလည်း ရရှိဖို့ ထိပ်ဆုံးက မန်စီးတီး နဲ့ တစ်မှတ်ကွာအနေအထား အထိပို့ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကိုလည်း လီဗာပူး အသင်းနဲ့ အတူဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

ဒီဆုအတွက် မန်စီးတီး အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား စတာလင်း နဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်း တို့လည်း ရရှိဖို့ ရေပန်းစားခဲ့ပါတယ်။ စတာလင်း ဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ မန်စီးတီး အသင်းနဲ့ အတူ ပြည်တွင်းဖလား (၃) ခုလုံးကို ရယူနိုင်ခဲ့သလို ဟာရီကိန်း ကလည်း ပြီးခဲ့တဲ့နှစ်က စပါးအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေရရှိခဲ့ပြီး အင်္ဂလန် ကို ယူရို (၂၀၂၀) ခြေစစ်ပွဲအောင်မြင်ဖို့ သူ့ရဲ့သွင်းဂိုးတွေနဲ့ စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဆုရရှိခဲ့တဲ့ ဟန်ဒါဆန် က ‘ အင်္ဂလန် အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် BT Player ဆုရရှိခဲ့တဲ့အတွက် ကျွန်တော် ဂုဏ်ယူရပါတယ်၊ ကျွန်တော့်ရဲ့ နာမည်ကို ဒီမှာ မှတ်တမ်းတင်နိုင်ခဲ့ပြီလေ၊ ကျွန်တော် အင်္ဂလန် အသင်းနဲ့အတူ ပိုပြီး ကောင်းမွန်အောင် နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အမြဲစဉ်းစားထားပါတယ် ‘ လို့ ပြောကြားသွားခဲ့ပါတယ်။

 

#Handerson #England #Myanball

 

Zawgyi

 

အဂၤလန္ ရဲ႕ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုကို ရရွိသြားခဲ႔တဲ႔ ဟန္ဒါဆန္

လီဗာပူး အသင္းရဲ႕ေခါင္းေဆာင္တစ္ဦးလည္းျဖစ္ ကြင္းလယ္ကစားသမားလည္းျဖစ္တဲ႔ ဟန္ဒါဆန္ ဟာ အဂၤလန္ ရဲ႕ တစ္ႏွစ္တာအေကာင္းဆံုးကစားသမား BT Player ဆုကို ရရွိသြားခဲ႔ပါတယ္။ ဟန္ဒါဆန္ ဟာ ၿပီးခဲ႔တဲ႔ (၂၀၁၉) ခုႏွစ္မွာ လီဗာပူးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ရယူႏိုင္ခဲ႔ၿပီး ပရီးမီးယားလိဂ္ကိုလည္း ရရွိဖို႔ ထိပ္ဆံုးက မန္စီးတီး နဲ႔ တစ္မွတ္ကြာအေနအထား အထိပို႔ေပးႏိုင္ခဲ႔တာျဖစ္ပါတယ္။ ဒါေပမဲ႔ ကလပ္ကမာၻ႕ဖလား ၿပိဳင္ပြဲကိုလည္း လီဗာပူး အသင္းနဲ႔ အတူဆြတ္ခူးႏိုင္ခဲ႔ပါေသးတယ္။

ဒီဆုအတြက္ မန္စီးတီး အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား စတာလင္း နဲ႔ စပါးတိုက္စစ္မွဴး ဟာရီကိန္း တို႔လည္း ရရွိဖို႔ ေရပန္းစားခဲ႔ပါတယ္။ စတာလင္း ဟာ ၿပီးခဲ႔တဲ႔ (၂၀၁၉) ခုႏွစ္မွာ မန္စီးတီး အသင္းနဲ႔ အတူ ျပည္တြင္းဖလား (၃) ခုလံုးကို ရယူႏိုင္ခဲ႔သလို ဟာရီကိန္း ကလည္း ၿပီးခဲ႔တဲ႔ႏွစ္က စပါးအသင္းနဲ႔အတူ ေျခစြမ္းေကာင္းေတြရရွိခဲ႔ၿပီး အဂၤလန္ ကို ယူ႐ို (၂၀၂၀) ေျခစစ္ပြဲေအာင္ျမင္ဖို႔ သူ႕ရဲ႕သြင္းဂိုးေတြနဲ႔ စြမ္းေဆာင္ေပးခ႔ဲတာျဖစ္ပါတယ္။

ဆုရရွိခဲ႔တဲ႔ ဟန္ဒါဆန္ က ‘ အဂၤလန္ အသင္းရဲ႕ တစ္ႏွစ္တာအေကာင္းဆံုးကစားသမားအျဖစ္ BT Player ဆုရရွိခဲ႔တဲ႔အတြက္ ကြ်န္ေတာ္ ဂုဏ္ယူရပါတယ္၊ ကြ်န္ေတာ္႔ရဲ႕ နာမည္ကို ဒီမွာ မွတ္တမ္းတင္ႏိုင္ခဲ႔ၿပီေလ၊ ကြ်န္ေတာ္ အဂၤလန္ အသင္းနဲ႔အတူ ပိုၿပီး ေကာင္းမြန္ေအာင္ ေနာက္တစ္ဆင္႔ကို တက္ေရာက္ဖို႔ အၿမဲစဥ္းစားထားပါတယ္ ‘ လို႔ ေျပာၾကားသြားခဲ႔ပါတယ္။

#Handerson #England #Myanball


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344