နွေရာသီဈေးကွက်မှပဲ အပြောင်းအရွှေ့ဖြစ်ပေါ်လာတော့ဖို့ ရှိနေတဲ့ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာ

နွေရာသီဈေးကွက်မှပဲ အပြောင်းအရွှေ့ဖြစ်ပေါ်လာတော့ဖို့ ရှိနေတဲ့ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာ ဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ပြီးခဲ့တဲ့ နွေရာသီထဲ ပြင်ဆင်နေတာဖြစ်ပါတယ်။ နည်းပြဟောင်း မော်ရင်ဟို လက်ထက်မှာထဲက အသင်းနဲ့ အဆင်မပြေမူတွေရှိနေခဲ့တဲ့ ပေါ့ဘာ ဟာ ရီးရဲလ်မက်ဒရစ် နဲ့ အသင်းဟောင်း ဂျူဗီတပ် ဆီကို ပြန်ဖို့ ချိတ်ဆက်မူတွေ ပြုလုပ်ခဲ့တာပါ။ ဒါပေမဲ့ မော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် ယူနိုက်တက်မှာ ဆက်ရှိနေခဲ့ပေမယ့် သူ့ရဲ့ အပြောင်းအရွှေ့ကတော့ ငြိမ်သက်ခဲ့ခြင်းမရှိပါဘူး။

ပေါ့ဘာ ဟာ ရီးရဲလ်မက်ဒရစ် ကို ရောက်ဖို့ အနီးစပ်ဆုံးဖြစ်နေခဲ့ပြီး ယူနိုက်တက်ကလည်း ပြောင်းရွှေ့ကြေး ယူရို သန်း (၁၅၀) သတ်မှတ်ထားခဲ့ပါတယ်။ အဆိုပါ ပြောင်းရွှေ့ကြေးကြောင့် ပြီးခဲ့တဲ့ နွေရာသီတုန်းက ရီးရဲလ် က ခေါ်ယူဖို့ ပျက်ပြယ်ခဲ့ပေမယ့် ကစားသမားကို ချဉ်းကပ်မူတွေကတော့ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ Sky Sports သတင်းစာ ရဲ့ ဖော်ပြချက်အရ ယူနိုက်တက် ဟာ ပေါ့ဘာ ကို ဒီဇန်နဝါရီ မှာတော့ လက်လွှတ်ခံတော့မှာမဟုတ်ပဲ လာမယ့် နွေရာသီမှ သာ ထွက်ခွာစေမယ်လို့ သိရပါတယ်။

အဆိုပါ ပြင်သစ်သားရဲ့ ကွင်းလယ်နေရာအတွက် ဆိုးလ်ရှား လည်း ရှာဖွေ နေခဲ့ပြီး စပို့တင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် နဲ့ စပါးကွင်းလယ်လူ အဲရစ်ဆင် တို့ကို ကမ်းလှမ်းမူတွေ ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ တရားဝင်ခေါ်ယူနိုင်ခြင်းမရှိသေးတာကြောင့် ဆိုးလ်ရှား အနေနဲ့ ပေါ့ဘာ ကို ရာသီကုန်ထိ အသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပေါ့ဘာ ဟာ ရာသီစပြီး သိပ်မကြာခင်မှာပဲ ဒဏ်ရာကြောင့် နားနေခဲ့ရသလို ပြီးခဲ့တဲ့ လအစောပိုင်းက ပြန်ကစားနိုင်ခဲ့ပေမယ့် ဒူးဒဏ်ရာ ပြန်လည်ရရှိခဲ့တာကြောင့် ဖေဖော်ဝါရီ လောက်အထိ အနားယူရဦးမှာလည်း ဖြစ်ပါတယ်။

#Pogba #ManUtd

 

Zawgyi

 

ေႏြရာသီေစ်းကြက္မွပဲ အေျပာင္းအေရႊ႕ျဖစ္ေပၚလာေတာ႔ဖို႔ ရွိေနတဲ႔ ယူႏိုက္တက္ ကြင္းလယ္လူ ေပါ႔ဘာ

ယူႏိုက္တက္ အသင္းရဲ႕ ကြင္းလယ္ကစားသမား ေပါ႔ဘာ ဟာ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာဖို႔ ၿပီးခဲ႔တဲ႔ ေႏြရာသီထဲ ျပင္ဆင္ေနတာျဖစ္ပါတယ္။ နည္းျပေဟာင္း ေမာ္ရင္ဟို လက္ထက္မွာထဲက အသင္းနဲ႔ အဆင္မေျပမူေတြရွိေနခဲ႔တဲ႔ ေပါ႔ဘာ ဟာ ရီးရဲလ္မက္ဒရစ္ နဲ႔ အသင္းေဟာင္း ဂ်ဴဗီတပ္ ဆီကို ျပန္ဖို႔ ခ်ိတ္ဆက္မူေတြ ျပဳလုပ္ခဲ႔တာပါ။ ဒါေပမဲ႔ ေမာ္ရင္ဟို ထုတ္ပယ္ခံရၿပီးေနာက္ ယူႏိုက္တက္မွာ ဆက္ရွိေနခဲ႔ေပမယ္႔ သူ႕ရဲ႕ အေျပာင္းအေရႊ႕ကေတာ႔ ၿငိမ္သက္ခဲ႔ျခင္းမရွိပါဘူး။

ေပါ႔ဘာ ဟာ ရီးရဲလ္မက္ဒရစ္ ကို ေရာက္ဖို႔ အနီးစပ္ဆံုးျဖစ္ေနခဲ႔ၿပီး ယူႏိုက္တက္ကလည္း ေျပာင္းေရႊ႕ေၾကး ယူ႐ို သန္း (၁၅၀) သတ္မွတ္ထားခဲ႔ပါတယ္။ အဆိုပါ ေျပာင္းေရႊ႕ေၾကးေၾကာင္႔ ၿပီးခဲ႔တဲ႔ ေႏြရာသီတုန္းက ရီးရဲလ္ က ေခၚယူဖို႔ ပ်က္ျပယ္ခဲ႔ေပမယ္႔ ကစားသမားကို ခ်ဥ္းကပ္မူေတြကေတာ႔ ဆက္လက္ျပဳလုပ္ေနဆဲျဖစ္ပါတယ္။ Sky Sports သတင္းစာ ရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္ ဟာ ေပါ႔ဘာ ကို ဒီဇန္နဝါရီ မွာေတာ႔ လက္လႊတ္ခံေတာ႔မွာမဟုတ္ပဲ လာမယ္႔ ေႏြရာသီမွ သာ ထြက္ခြာေစမယ္လို႔ သိရပါတယ္။

အဆိုပါ ျပင္သစ္သားရဲ႕ ကြင္းလယ္ေနရာအတြက္ ဆိုးလ္ရွား လည္း ရွာေဖြ ေနခဲ႔ၿပီး စပို႔တင္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ နဲ႔ စပါးကြင္းလယ္လူ အဲရစ္ဆင္ တို႔ကို ကမ္းလွမ္းမူေတြ ျပဳလုပ္ထားပါတယ္။ ဒါေပမဲ႔ တရား၀င္ေခၚယူႏိုင္ျခင္းမရွိေသးတာေၾကာင္႔ ဆိုးလ္ရွား အေနနဲ႔ ေပါ႔ဘာ ကို ရာသီကုန္ထိ အသင္းမွာ ဆက္ထားဖို႔ ဆံုးျဖတ္ခဲ႔တာပါ။ ေပါ႔ဘာ ဟာ ရာသီစၿပီး သိပ္မၾကာခင္မွာပဲ ဒဏ္ရာေၾကာင္႔ နားေနခဲ႔ရသလို ၿပီးခဲ႔တဲ႔ လအေစာပိုင္းက ျပန္ကစားႏိုင္ခဲ႔ေပမယ္႔ ဒူးဒဏ္ရာ ျပန္လည္ရရွိခဲ႔တာေၾကာင္႔ ေဖေဖာ္ဝါရီ ေလာက္အထိ အနားယူရဦးမွာလည္း ျဖစ္ပါတယ္။

#Pogba #ManUtd