အာတီတာ ဟာ အာဆင်နယ် အသင်းအတွက် ရှိသင့်တဲ့ နည်းပြတစ်ဦးပါလို့ဆိုလိုက်တဲ့ အိုဇေးလ်

အာဆင်နယ် အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေးလ် ဟာ နည်းပြသစ် အာတီတာ နဲ့ပက်သက်ပြီး မှတ်ချက်ပေးပြောကြားသွားခဲ့ပါတယ်။ အိုဇေးလ် ဟာ နည်းပြဟောင်း အမ်မရီ လက်ထက်မှာ ပွဲထွက်ခွင့်အတွက်ရုန်းကန်ခဲ့ရပြီး အသင်းပြောင်းဖို့အထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ဇန်နဝါရီ ဈေးကွက်မတိုင်ခင်မှာ နည်းပြ အမ်မရီ ထုတ်ပယ်ခံခဲ့ရတာကြောင့် အိုဇေးလ် အတွက် အခွင့်အရေးတချို့ပြန်လည်ရရှိခဲ့ပါတယ်။ အသက် (၃၁) နှစ်အရွယ်ရှိ အိုဇေးလ် ဟာ နည်းပြသစ် အာတီတာ လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေပြီး ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနိုင်ခဲ့သူဖြစ်ပါတယ်။

အိုဇေးလ် က ‘ ကျွန်တော်တို့ တစ်ချိန်က အာဆင်နယ် အသင်းဟောင်းရဲ့ ပုံစံမျိုး ပြန်လည်ရရှိအောင် ကြိုးစားရပါမယ်၊ ပွဲတစ်ပွဲ စတင်ပြီဆိုတာနဲ့ တိုက်ပွဲဝင်စိတ် နဲ့အတူ ဘောလုံးကိုအချိန်တိုင်း ကိုယ့်ဆီမှာ ရှိနေအောင် ထိန်းသိမ်းရပါမယ်၊ ကျွန်တော့်အမြင်အရ အာလုံးဒီအရာမျိုး လုပ်နိုင်ပါတယ်၊ ပျော်ရွှင် ရယ်မော ပြီးအားလုံး အတူတူ ကြိုးစားရင် အောင်မြင်မူရရှိမှာပါ၊ ပြီးတော့ အာတီတာ ဟာ ဒီကလပ်အသင်းမှာ ရှိတဲ့ သင့် လူတစ်ဦးပါ၊ သူဟာ ကစားသမားဘဝမှာ အချိန်အကြာကြီး သင်ယူခဲ့တဲ့သူဖြစ်ပါတယ်၊ ကျွန်တော်တို့ ဘာတွေလိုအပ်သလဲဆိုတာ သူသိပါတယ်၊ ‘ လို့ ပြောပြသွားခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ရဲ့ အဆင့် (၁၀) နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ပစ်မှတ်ကတော့ ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ဖြစ်ပြီးတော့ အဆင့် (၄) က ချဲလ်ဆီး အသင်းနဲ့ ရမှတ် (၁၁) အထိ ကွာဟနေပါသေးတယ်။

 

#Arsenal #Ozil #Arteta

 

Zawgyi

 

အာတီတာ ဟာ အာဆင္နယ္ အသင္းအတြက္ ရွိသင္႔တဲ႔ နည္းျပတစ္ဦးပါလို႔ဆိုလိုက္တဲ႔ အိုေဇးလ္

အာဆင္နယ္ အသင္းရဲ႕ ကြင္းလယ္ကစားသမား အိုေဇးလ္ ဟာ နည္းျပသစ္ အာတီတာ နဲ႔ပက္သက္ၿပီး မွတ္ခ်က္ေပးေျပာၾကားသြားခဲ႔ပါတယ္။ အိုေဇးလ္ ဟာ နည္းျပေဟာင္း အမ္မရီ လက္ထက္မွာ ပြဲထြက္ခြင္႔အတြက္႐ုန္းကန္ခဲ႔ရၿပီး အသင္းေျပာင္းဖို႔အထိ ျပဳလုပ္ခဲ႔တာျဖစ္ပါတယ္။ ဒါေပမဲ႔ ဒီ ဇန္နဝါရီ ေစ်းကြက္မတိုင္ခင္မွာ နည္းျပ အမ္မရီ ထုတ္ပယ္ခံခဲ႔ရတာေၾကာင္႔ အိုေဇးလ္ အတြက္ အခြင္႔အေရးတခ်ိဳ႕ျပန္လည္ရရွိခဲ႔ပါတယ္။ အသက္ (၃၁) ႏွစ္အရြယ္ရွိ အိုေဇးလ္ ဟာ နည္းျပသစ္ အာတီတာ လက္ထက္မွာ ပံုမွန္ပြဲထြက္ခြင္႔ရေနၿပီး ေျခစြမ္းေကာင္းေတြ ျပန္လည္ျပသႏိုင္ခဲ႔သူျဖစ္ပါတယ္။

အိုေဇးလ္ က ‘ ကြ်န္ေတာ္တို႔ တစ္ခ်ိန္က အာဆင္နယ္ အသင္းေဟာင္းရဲ႕ ပံုစံမ်ိဳး ျပန္လည္ရရွိေအာင္ ႀကိဳးစားရပါမယ္၊ ပြဲတစ္ပြဲ စတင္ၿပီဆိုတာနဲ႔ တိုက္ပြဲ၀င္စိတ္ နဲ႔အတူ ေဘာလံုးကိုအခ်ိန္တိုင္း ကိုယ္႔ဆီမွာ ရွိေနေအာင္ ထိန္းသိမ္းရပါမယ္၊ ကြ်န္ေတာ္႔အျမင္အရ အာလံုးဒီအရာမ်ိဳး လုပ္ႏိုင္ပါတယ္၊ ေပ်ာ္ရႊင္ ရယ္ေမာ ၿပီးအားလံုး အတူတူ ႀကိဳးစားရင္ ေအာင္ျမင္မူရရွိမွာပါ၊ ၿပီးေတာ႔ အာတီတာ ဟာ ဒီကလပ္အသင္းမွာ ရွိတဲ႔ သင္႔ လူတစ္ဦးပါ၊ သူဟာ ကစားသမားဘ၀မွာ အခ်ိန္အၾကာႀကီး သင္ယူခဲ႔တဲ႔သူျဖစ္ပါတယ္၊ ကြ်န္ေတာ္တို႔ ဘာေတြလိုအပ္သလဲဆိုတာ သူသိပါတယ္၊ ‘ လို႔ ေျပာျပသြားခဲ႔ပါတယ္။

အာဆင္နယ္ အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ ရဲ႕ အဆင္႔ (၁၀) ေနရာကို ေရာက္ရွိေနတာျဖစ္ပါတယ္။ အသင္းရဲ႕ အဓိက ပစ္မွတ္ကေတာ႔ ဒီရာသီ ခ်န္ပီယံလိဂ္၀င္ခြင္႔ရရွိဖို႔ျဖစ္ၿပီးေတာ႔ အဆင္႔ (၄) က ခ်ဲလ္ဆီး အသင္းနဲ႔ ရမွတ္ (၁၁) အထိ ကြာဟေနပါေသးတယ္။

#Arsenal #Ozil #Arteta