အသင်းက ထွက်ခွာတော့မယ်ဆိုပေမယ့် အဲရစ်ဆင် ဟာ ပရော်ဖက်ရှင်နယ် ဆန်တဲ့ ကစားသမားမျိုးပါ

စပါး အသင်းဟာ မနေ့က ကစားသွားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပြန်ကန်ပွဲစဉ်မှာ မစ်ဒယ်ဘရော့ချ် အသင်းကို (၂-၁) နဲ့ အနိုင်ရရှိကာ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ အသင်းရဲ့ကွင်းလယ်ကစားသမား အဲရစ်ဆင် ပါဝင်ခဲ့ပြီး ခြေစွမ်းပြသသွားနိုင်ခဲ့ပါတယ်။ အဲရစ်ဆင် ဟာ အသင်းကနေထွက်ခွာဖို့ သေချာသလောက်ရှိနေတဲ့ ကစားသမားဖြစ်ပြီးတော့ ဥရောပ အသင်းကြီး တစ်ချို့နဲ့ ချိတ်ဆက် မူတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကလည်း ဒီရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အဲရစ်ဆင် ဟာ စာချုပ်သစ် ထပ်မံချုပ်ဆိုခြင်း မရှိတော့ပါဘူး။

လက်ရှိမှာ အဲရစ်ဆင် ဟာ အင်တာမီလန် အသင်းနဲ့ ပီအက်ဂျီ အသင်းတွေဆီ ပြောင်းရွှေ့ဖို့ နီးစပ်လျှက်ရှိနေပါတယ်။ မနေ့က အက်ဖ်အေ ဖလားပွဲစဉ်အပြီးမှာ စပါးအသင်းနည်းပြ မော်ရင်ဟို က ‘ ခရစ်စတင် ဟာ အကောင်းဆုံးကစားနိုင်တဲ့ ကစားသမားတစ်ဦးပါ၊ သူဟာ အရမ်းပဲ ပရော်ဖက်ရှင်နယ် တစ်ဦးပီသပါတယ်၊ကျွန်တော်သူ့ကို အများကြီး မျှော်လင့်ထားတာပါ၊ ဒါပေမဲ့ သူက အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချပြီးပါပြီ၊ အသင်းနဲ့ ပရိတ်သတ်တွေက လေးစားမူပြန်ပေးရပါမယ် ‘ လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဆက်လက်ပြီး မစ်ဒယ်ဘရော့ချ် အသင်းရဲ့ ပွဲစဉ်နဲ့ပက်သက်လို့ ‘ မစ်ဒယ်ဘရော့ချ် အသင်းဟာ အရမ်းကို ခက်ခဲပါတယ်၊ ကျွန်တော့် ကစားသမားတွေကို ပထမပိုင်းမှာ (၃) ဂိုးလောက် အရယူထားဖို့ပြောခဲ့ပေမယ့် (၂-၁) နဲ့ပွဲပြီးဖို့တောင် အတော်လေး ကစားခဲ့ရတာပါ၊ ကျွန်တော့်ကောင်လေးတွေလည်း အကောင်းဆုံး ကြိုးစားပေးခဲ့ကြပါတယ်၊ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ရခဲ့သလို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာနဲ့ ချေပဂိုးပြန်ခွင့်ပြုပေးခဲ့ရတာကတော့ စိတ်ပျက်စရာတစ်ခုပေါ့ ‘ လို့ ပွဲရဲ့အပေါ်မှာ သုံးသပ်သွားခဲ့ပါတယ်။ စပါးအသင်းဟာ အက်ဖ်အေဖလား နောက်တစ်ဆင့်မှာတော့ ဆောက်သမ်တန် အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

 

#Spur #Eriksen #Mourinho

 

Zawgyi

 

အသင္းက ထြက္ခြာေတာ႔မယ္ဆိုေပမယ္႔ အဲရစ္ဆင္ ဟာ ပေရာ္ဖက္ရွင္နယ္ ဆန္တဲ႔ ကစားသမားမ်ိဳးပါ

စပါး အသင္းဟာ မေန႔က ကစားသြားခဲ႔တဲ႔ အက္ဖ္ေအဖလား တတိယအဆင္႔ျပန္ကန္ပြဲစဥ္မွာ မစ္ဒယ္ဘေရာ႔ခ်္ အသင္းကို (၂-၁) နဲ႔ အႏိုင္ရရွိကာ ေနာက္တစ္ဆင္႔ကို တက္ေရာက္သြားႏိုင္ခဲ႔ပါတယ္။ အဆိုပါပြဲမွာ အသင္းရဲ႕ကြင္းလယ္ကစားသမား အဲရစ္ဆင္ ပါ၀င္ခဲ႔ၿပီး ေျခစြမ္းျပသသြားႏိုင္ခဲ႔ပါတယ္။ အဲရစ္ဆင္ ဟာ အသင္းကေနထြက္ခြာဖို႔ ေသခ်ာသေလာက္ရွိေနတဲ႔ ကစားသမားျဖစ္ၿပီးေတာ႔ ဥေရာပ အသင္းႀကီး တစ္ခ်ိဳ႕နဲ႔ ခ်ိတ္ဆက္ မူေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။ စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကလည္း ဒီရာသီမွာ ကုန္ဆံုးေတာ႔မွာျဖစ္ၿပီး အဲရစ္ဆင္ ဟာ စာခ်ဳပ္သစ္ ထပ္မံခ်ဳပ္ဆိုျခင္း မရွိေတာ႔ပါဘူး။

လက္ရွိမွာ အဲရစ္ဆင္ ဟာ အင္တာမီလန္ အသင္းနဲ႔ ပီအက္ဂ်ီ အသင္းေတြဆီ ေျပာင္းေရႊ႕ဖို႔ နီးစပ္လွ်က္ရွိေနပါတယ္။ မေန႔က အက္ဖ္ေအ ဖလားပြဲစဥ္အၿပီးမွာ စပါးအသင္းနည္းျပ ေမာ္ရင္ဟို က ‘ ခရစ္စတင္ ဟာ အေကာင္းဆံုးကစားႏိုင္တဲ႔ ကစားသမားတစ္ဦးပါ၊ သူဟာ အရမ္းပဲ ပေရာ္ဖက္ရွင္နယ္ တစ္ဦးပီသပါတယ္၊ကြ်န္ေတာ္သူ႔ကို အမ်ားႀကီး ေမွ်ာ္လင္႔ထားတာပါ၊ ဒါေပမဲ႔ သူက အသင္းကေန ထြက္ခြာဖို႔ ဆံုးျဖတ္ခ်က္ခ်ၿပီးပါၿပီ၊ အသင္းနဲ႔ ပရိတ္သတ္ေတြက ေလးစားမူျပန္ေပးရပါမယ္ ‘ လို႔ မွတ္ခ်က္ေပးသြားခဲ႔ပါတယ္။

ဆက္လက္ၿပီး မစ္ဒယ္ဘေရာ႔ခ်္ အသင္းရဲ႕ ပြဲစဥ္နဲ႔ပက္သက္လို႔ ‘ မစ္ဒယ္ဘေရာ႔ခ်္ အသင္းဟာ အရမ္းကို ခက္ခဲပါတယ္၊ ကြ်န္ေတာ္႔ ကစားသမားေတြကို ပထမပိုင္းမွာ (၃) ဂိုးေလာက္ အရယူထားဖို႔ေျပာခဲ႔ေပမယ္႔ (၂-၁) နဲ႔ပြဲၿပီးဖို႔ေတာင္ အေတာ္ေလး ကစားခဲ႔ရတာပါ၊ ကြ်န္ေတာ္႔ေကာင္ေလးေတြလည္း အေကာင္းဆံုး ႀကိဳးစားေပးခဲ႔ၾကပါတယ္၊ ကြ်န္ေတာ္တို႔ အခြင္႔အေရးေတြ အမ်ားႀကီး ရခဲ႔သလို ဂိုးအျဖစ္မေျပာင္းလဲႏိုင္ခ႔ဲတာနဲ႔ ေခ်ပဂိုုးျပန္ခြင္႔ျပဳေပးခဲ႔ရတာကေတာ႔ စိတ္ပ်က္စရာတစ္ခုေပါ႔ ‘ လို႔ ပြဲရဲ႕အေပၚမွာ သံုးသပ္သြားခဲ႔ပါတယ္။ စပါးအသင္းဟာ အက္ဖ္ေအဖလား ေနာက္တစ္ဆင္႔မွာေတာ႔ ေဆာက္သမ္တန္ အသင္းနဲ႔ ေတြ႕ဆံုရမွာျဖစ္ပါတယ္။

#Spur #Eriksen #Mourinho