အဂူရို ရဲ့ နေရာကို အစားထိုးဖို့အတွက် ဟာရီကိန်း ကို စောင့်ကြည့်နေပြီဆိုတဲ့ မန်စီးတီး

မန်စီးတီး ဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ အဂူရို ရဲ့နေရာအတွက် အနာဂတ် မှာ ဟာရီကိန်း ကို ခေါ်ယူသွားဖို့ရှိတယ်လို့ သိရပါတယ်။ Daily Mail သတင်းစာ ရဲ့ဖော်ပြချက်အရ ဟာရီကိန်း အပြင် အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ် ကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပြီး စပါးတိုက်စစ်မှူး ကတော့ အဓိကဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။ ဟာရီကိန်း ဟာ အသက် (၂၆) နှစ်အရွယ်သာရှိသေးပြီး အင်္ဂလန် အသင်းရဲ့တိုက်စစ်အတွက်လည်း အားထားရတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ဒဏ်ရာပြသနာနဲ့ ရင်ဆိုင်နေရပြီး ယခုနှစ်ဘောလုံးရာသီကုန်အထိ အနားယူရဖွယ်ရှိနေပါတယ်။

အဂူရို ကတော့ လက်ရှိ မန်စီးတီး အသင်းရဲ့ တိုက်စစ်မှာ အဓိက ကစားသမားအဖြစ်ရှိနေဆဲဖြစ်ပေမယ့် အသက် (၃၁) နှစ်ကျော်လွန်လာခဲ့ပြီမို့ ဂွာဒီယိုလာ အနေနဲ့ အခြား တိုက်စစ်မှူး တစ်ဦးကို စောင့်ကြည့်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) မှာ တိုက်စစ်မှူး အဂူရို ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ပြည်ပကစားသမားတွေထဲမှာ သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့သလို အာဆင်နယ် တိုက်စစ်မှူး ဟင်နရီ ရဲ့ စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါသေးတယ်။

အဂူရို ဟာ မန်စီးတီး အသင်းကို (၂၀၁၁) ခုနှစ်ထဲက ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ အသင်းမှာ (၉) နှစ်ကြာခဲ့ပြီဖြစ်ပြီး ဆုဖလားနဲ့ အောင်မြင်မူတွေ များစွာ ရှာဖွေထားပေးနိုင်ခဲ့ပါတယ်။ အသင်းရဲ့ ဂန္တဝင်တစ်ဦးဖြစ်ခဲ့ပြီ လို့ မန်စီးတီး နည်းပြ ဂွာဒီယိုလာ ကပြီးခဲ့တဲ့ ရက်ပိုင်းကပြောဆိုထားခဲ့ပါသေးတယ်။ ဒါပေမဲ့ တစ်ချိန်မှာတော့ မန်စီးတီး မှာ အဂူရို ရဲ့နေရာကို အစားထိုးဖို့ ဟာရီကိန်း ကို ပစ်မှတ်ထားတယ်ဆိုပေမယ့် လက်ရှိ အသင်းမှာ ရှိနေတဲ့ ကစားသမားကို လေးစားသွားမှာဖြစ်တယ်လို့ မန်စီးတီး အမူဆောင်ချုပ် က ပြောဆိုခဲ့ပါတယ်။

 

#Kane #Aguero #ManCity #Myanball

 

Zawgyi

 

အဂူ႐ို ရဲ႕ ေနရာကို အစားထိုးဖို႔အတြက္ ဟာရီကိန္း ကို ေစာင္႔ၾကည္႔ေနၿပီဆိုတဲ႔ မန္စီးတီး

မန္စီးတီး ဟာ အသင္းရဲ႕ အဓိက တိုက္စစ္မွဴး ျဖစ္သူ အဂူ႐ို ရဲ႕ေနရာအတြက္ အနာဂတ္ မွာ ဟာရီကိန္း ကို ေခၚယူသြားဖို႔ရွိတယ္လို႔ သိရပါတယ္။ Daily Mail သတင္းစာ ရဲ႕ေဖာ္ျပခ်က္အရ ဟာရီကိန္း အျပင္ အင္တာမီလန္ တိုက္စစ္မွဴး မာတီနက္စ္ ကိုလည္း ေခၚယူဖို႔ ေစာင္႔ၾကည္႔ေနၿပီး စပါးတိုက္စစ္မွဴး ကေတာ႔ အဓိကဦးစားေပးျဖစ္တယ္လို႔ ဆိုပါတယ္။ ဟာရီကိန္း ဟာ အသက္ (၂၆) ႏွစ္အရြယ္သာရွိေသးၿပီး အဂၤလန္ အသင္းရဲ႕တိုက္စစ္အတြက္လည္း အားထားရတဲ႔ တိုက္စစ္မွဴး တစ္ဦးျဖစ္ပါတယ္။ လက္ရွိမွာ ဒဏ္ရာျပသနာနဲ႔ ရင္ဆိုင္ေနရၿပီး ယခုႏွစ္ေဘာလံုးရာသီကုန္အထိ အနားယူရဖြယ္ရွိေနပါတယ္။

အဂူ႐ို ကေတာ႔ လက္ရွိ မန္စီးတီး အသင္းရဲ႕ တိုက္စစ္မွာ အဓိက ကစားသမားအျဖစ္ရွိေနဆဲျဖစ္ေပမယ္႔ အသက္ (၃၁) ႏွစ္ေက်ာ္လြန္လာခဲ႔ၿပီမို႔ ဂြာဒီယိုလာ အေနနဲ႔ အျခား တိုက္စစ္မွဴး တစ္ဦးကို ေစာင္႔ၾကည္႔ေနတာျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ၿပီးခ႔ဲ႔တဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ (၂၂) မွာ တိုက္စစ္မွဴး အဂူ႐ို ဟာ လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ ျပည္ပကစားသမားေတြထဲမွာ သြင္းဂိုးအမ်ားဆံုးအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ႔သလို အာဆင္နယ္ တိုက္စစ္မွဴး ဟင္နရီ ရဲ႕ စံခ်ိန္ကိုလည္း ခ်ိဳးဖ်က္ႏိုင္ခဲ႔ပါေသးတယ္။

အဂူ႐ို ဟာ မန္စီးတီး အသင္းကို (၂၀၁၁) ခုႏွစ္ထဲက ေရာက္ရွိလာခဲ႔တာျဖစ္ၿပီးေတာ႔ အသင္းမွာ (၉) ႏွစ္ၾကာခဲ႔ၿပီျဖစ္ၿပီး ဆုဖလားနဲ႔ ေအာင္ျမင္မူေတြ မ်ားစြာ ရွာေဖြထားေပးႏိုင္ခဲ႔ပါတယ္။ အသင္းရဲ႕ ဂႏၲ၀င္တစ္ဦးျဖစ္ခဲ႔ၿပီ လို႔ မန္စီးတီး နည္းျပ ဂြာဒီယိုလာ ကၿပီးခဲ႔တဲ႔ ရက္ပိုင္းကေျပာဆိုထားခ႔ဲပါေသးတယ္။ ဒါေပမဲ႔ တစ္ခ်ိန္မွာေတာ႔ မန္စီးတီး မွာ အဂူ႐ို ရဲ႕ေနရာကို အစားထိုးဖို႔ ဟာရီကိန္း ကို ပစ္မွတ္ထားတယ္ဆိုေပမယ္႔ လက္ရွိ အသင္းမွာ ရွိေနတဲ႔ ကစားသမားကို ေလးစားသြားမွာျဖစ္တယ္လို႔ မန္စီးတီး အမူေဆာင္ခ်ဳပ္ က ေျပာဆိုခဲ႔ပါတယ္။

#Kane #Aguero #ManCity #Myanball