ချဲလ်ဆီးအသင်းမှာ မပျော်ရွှင်တော့ဘူးဆိုတဲ့ အီမာဆင်

ချဲလ်ဆီး အသင်းရဲ့ ဘယ်နောက်ခံကစားသမား အီမာဆင် ဟာ အသင်းမှာ ပွဲထွက်ခွင့်ဆုံးရှုံးနေတာကြောင့် မပျော်ရွှင်တော့ဘူးလို့ သူ့ရဲ့ အေဂျင့်ဖြစ်သူက ဆိုခဲ့ပါတယ်။ အီမာဆင် ဟာ မားကို့အလွန်ဆို ရဲ့ ဒုတိယဦးစားပေးအဖြစ်သာ ကစားနေရတာကြောင့် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ နည်းပြသစ် ဖရန့်လမ်းပတ် ဟာ ဘယ်နောက်ခံနေရာကို အလွန်ဆို ကိုသာ အသုံးပြုနေပြီး ပြိုင်ပွဲစုံမှာ နေရာပေးထားပါတယ်။ ဒါကြောင့် အီမာဆင် ဟာ စတန်းဖို့ဘရစ်ချ် ကနေထွက်ခွာဖို့ပြင်ဆင်နေပြီလို့ သိရပါတယ်။

ကွန်တီ လက်ထက်တုန်းကခေါ်ယူထားပြီး နေရာပေးခြင်းခံခဲ့ရတဲ့ အဆိုပါကစားသမားဟာ အခုချိန်မှာလည်း အင်တာမီလန် ကလပ် ကို ပြောင်းရွှေ့ဖို့အတွက် ချိတ်ဆက်မူတွေပြုလုပ်နေတာဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းဘက်ကသာ ထွက်ခွာခွင့်ပြုခဲ့မယ်ဆိုရင် အီမာဆင် ရဲ့ အပြောင်းအရွှေ့ဟာ ဒီ ဇန်နဝါရီ မှာတင် ဖြစ်ပေါ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ အေဂျင့်ဖြစ်သူရဲ့ ပြောစကားအရ အီမာဆင် ဟာ လမ်းပတ် လက်ထက်မှာ ကစားရတာကြိုက်နှစ်သက်ပေမယ့် အလွန်ဆို ရဲ့နောက် ဦးစားပေးနေရာဖြစ်နေတာကြောင့် အသင်းပြောင်းရွှေ့ချင်နေတာပါ။

အီမာဆင် ရဲ့ အေဂျင့် ဖာနန်ဒိုဂါစီယာ ရဲ့ Inter News သတင်းစာနဲ့ တွေ့ဆုံရာမှာ ‘ အီမာဆင် ဟာ ချဲလ်ဆီး အသင်းမှာ ရှိနေတဲ့အခါ သူ့ရဲ့ ရည်မှန်းချက်တွေ ပျောက်ဆုံးနေတယ်လို့ ခံစားနေရပါတယ်၊ ဒါကြောင့် အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ၊ လန်ဒန်မှာနေရာ အဆင်ပြေမယ့် သူ့အနေနဲ့ အခြား ကလပ်အသင်းတစ်ခုခုကို သွားရောက်ကစားဖို့ လိုအပ်နေပါပြီ၊ ဒါကြောင့် အခုချိန်ဟာ ချဲလ်ဆီး ကနေထွက်ခွာဖို့ ပြင်ဆင်နေရတာပါ ‘ လို့ ပြောပြသွားခဲ့ပါတယ်။

 

#Chelsea #Emerson #Myanball