လီဗာပူးက ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားလို့ ဂွါဒီယိုလာ ချန်ပီယံလိဂ်ကို အဓိက ဦးစားပေးလိမ့်မယ်လို့ ဆိုလိုက်တဲ့ ဇာဗီ

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ လီဗာပူးအသင်း ယခုနှစ်ပရီးမီးယားလိဂ် အမှတ်ပေးဖလားအတွက် ဦးဆောင်နေလို့ ချန်ပီယံလိဂ်ဖလားကို အဓိက ပစ်မှတ်ထားလိမ့်မယ်လို့ ဇာဗီက ပြောသွားခဲ့ပါတယ်။ ဂွါဒီယိုလာ လက်အောက်မှာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို (၃) နှစ်ဆက်တိုက် ဆွတ်ခူးဖို့ ရည်ရွယ်ထားခဲ့ပေမယ့် လက်ရှိချန်ပီယံဟာ အမှတ်ပေးဇယားထိပ်က ရှုံးပွဲမရှိသေးတဲ့ လီဗာပူးအသင်းထက် (၁၄) မှတ်လျော့နည်းပြီး တစ်ပွဲလည်း ပိုကစားထားပါတယ်။

Image result for guardiola xavi

ဂွါဒီယိုလာဟာ မန်စီးတီးအသင်းမှာ ကာလရှည်ဆက်နေမလားလို့ သံသယတွေရှိနေကြပေမယ့် ဘာစီလိုနာကြယ်ပွင့်ဟောင်း ဇာဗီက စပိန်လူမျိုး နည်းပြဟာ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဖလားကို အဓိက ပစ်မှတ်ထားမယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“ပက်ဟာ အောင်နိုင်သူတစ်ယောက်အဖြစ် မွေးဖွားလာသူဖြစ်ပါတယ်။ မန်စီးတီးအသင်းက လီဗာပူးအသင်းနောက် အမှတ်ပေးဖလားမှာ အဝေးကြီးကို ရောက်နေတဲ့အတွက် သူ့ကို နာကျင်စေမှာပါ။ သူကလည်း လက်လျော့အရှုံးပေးမှာ မဟုတ်ပါဘူး။ သို့သော်လည်း သူက လက်တွေ့ဆန်မှာပါ။ အမှတ်ကွာဟမှုက အခုအချိန်မှာ ကြီး မားနေတဲ့အတွက် သူတို့အနေနဲ့ (၃) နှစ်ဆက်ဖလားကို ရယူအောင် လုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။

Image result for xavi

ဒါ့ကြောင့်ပဲ ပက်အနေနဲ့ ချန်ပီယံလိဂ်ကိုပဲ အဓိက အာရုံစိုက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပွဲကြီးပွဲကောင်းကစားရမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ အမှတ်ပေးဖလားကို လက်လျော့လိုက်ပြီဆိုရင် ရီးရဲလ်နဲ့ ပွဲမတိုင်ခင်မှာ ကစားသမားတွေကို အနားမယ့်အခွင့်အရေးရှိမှာပါ။ ပက်ဟာ သူရနိုင်သမျှ ဖလားအားလုံးကို လိုချင်နေပါတယ်။ ဒါပေမယ့် သူ့ကို ရာသီအစကတည်းက ဘာကို ပိုလိုချင်သလဲလို့ မေးရင် သူဟာ ချန်ပီယံလိဂ်ကိုပဲ ဖြေမယ်ဆိုတာ ကျွန်တော်သေချာသိပါတယ်။ သူဟာ ကလော့ပ်နဲ့ မန်စီးတီးနဲ့ လီဗာပူးကို ဖလားတွေလဲမလားလို့ နောက်ခံပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပြောင်မှုမှာ အမှန်တရားတွေပါနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ မန်စီးတီးအသင်းနဲ့ အင်္ဂလန်မှာ ဖလားအားလုံး ရခဲ့ပြီး ချန်ပီယံလိဂ်ပဲ ရဖို့ ကျနေသေးတာပါ”လို့ ဂွါဒီယိုလာ လက်အောက်မှာ ကစားခဲ့တဲ့ ဇာဗီက ပြောသွားခဲ့ပါတယ်။