လီဗာပူးက ဆက်ပြီး တိုးတက်နေဦးမှာဖြစ်တယ်လို့ ကလပ်ကမ္ဘာ့ဖလား ရပြီးနောက် ကြုံးဝါးသွားတဲ့ ဟန်ဒါဆန်

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆင်က လီဗာပူးအသင်းဟာ ဆက်လက်ပြီး တိုးတက်နေဦးမယ့် အသင်းဖြစ်တယ်လို့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖလာမင်ဂိုအသင်းအား ဒိုဟာမှာ (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး ပြောကြားသွားခဲ့ပါတယ်။ ဟန်ဒါဆင်ဟာ စနေနေ့က ကမ္ဘာ့ချန်ပီယံဖြစ်စေခဲ့တာက ပရီးမီးယားလိဂ် အမှတ်ပေးဇယားဦးဆောင်နေတဲ့ လီဗာပူးအသင်းအတွက် စိတ်ဓာတ်တက်ကြွစေတယ်လို့ ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ လီဗာပူးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို အချိန်ပိုမိနစ်မှာ ဖာမီနိုက သွင်းယူပေးခဲ့တာပါ။

လီဗာပူးအသင်းဟာ ကလော့ပ်ရဲ့ လက်အောက်မှာ နောက်ကျဂိုးတွေနဲ့အတူ နောက်ထပ် ကျော်ကြားမှု ရရှိစေခဲ့ခြင်းဖြစ်ပါတယ်။ ဟန်ဒါဆန်က သူ့အသင်းကို ဂုဏ်ယူခဲ့ပြီး ဘီဘီစီ အားကစားအစီအစဉ်ကို “ကျွန်တော်တို့ဟာ နောက်ကျဂိုးအချို့နဲ့အတူ ထပ်ပြီး အောင်မြင်မှု ရှာတွေခဲ့ပါပြီ။ ကျွန်တော်တို့ ဆက်လက်တိုးတက်ချင်နေပါတယ်။ နောက်ပွဲတွေ နောက်ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက်ထိန်းသွားချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ခြေထောက်တွေကို မြေပေါ်မှာပဲ ဆက်လက်ရှိစေပြီး ဒီလိုစွမ်းဆောင်ကောင်းတွေ ရဖို့ အလုပ်ကြိုးစားသွားမှာပါ” လို့ ပြောသွားခဲ့ပါတယ်။

ဗိုလ်လုပွဲဖြစ်တာနဲ့အညီ ဖလာမင်ဂိုအသင်းကလည်း ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ပါတယ်။ လူစားဝင်လာတဲ့ လင်ကိုအင်ဟာ သရေကျနိုင်မယ့် ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့တာနဲ့ပတ်သတ်ပြီး ဟန်ဒါဆန်က “ဒါဟာ ခံစားလိုပ အရမ်းကောင်းပါတယ်။ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတဲ့ပွဲပါ။ ကြည့်ရတာလည်း အရမ်းကို ကောင်းမယ့်ပွဲဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ စွမ်းဆောင်ရည်ကောင်းတွေ၊ တောက်ပနေဖို့အတွက် ဆက်ပြီးကြိုးစားသွားမှာပါ။ ကျွန်တော်တို့ဟာ (၂) ဂိုးထက်ပိုပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခံစစ်ပိုင်းကလည်း အရမ်းကောင်းခဲ့ပါတယ်။ ခြုံပြောရရင် ကျွန်တော်တို့ဟာ ဒီလိုခက်ခဲတဲ့အနေအထားပေါ်မှာ ရတဲ့ စွမ်းဆောင်ရည ်နဲ့ ရလဒ်အပေါ် ဝမ်းသာမိပါတယ်” လို့ ဟန်ဒါဆန်က ပြောသွားခဲ့ပါတယ်။