လီဗာပူးအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလား အောင်မြင်မှုအတွက် ချီးကျူးဖို့ စကားလုံးရှာမရဖြစ်နေတဲ့ ကလော့ပ်

ဂျာဂင်ကလော့ပ်ဟာ လီဗာပူးအသင်း ဖလာမင်ဂိုအသင်းကို အနိုင်ရပြီး ကလပ်ကမ္ဘာ့ဖလား ရရှိမှုအတွက် သူ့ကစားသမားတွေကို ချီကျူးစကားပြောဖို့ ခက်ခဲလို့နေတယ်လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ တောင်အမေရိက ချန်ပီယံ ဖလာမင်ဂိုအသင်းနဲ့ စနေနေ့က ဒိုဟာမြို့မှာ ရင်ဆိုင်ကစားခဲ့တာဖြစ်ပါတယ်။ ဘောလုံးသမိုင်းမှာ အမှတ်ပေးဖလား (၁၈) ကြိမ် နဲ့ ဥရောပဖလား (၆) ကြိမ် ပိုင်ဆိုင်ဖူးထားတဲံ လီဗာပူးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားကို တစ်ကြိမ်မှ မရရှိခဲ့ဖူးါဘူး။

ပွဲချိန် မိနစ် (၉၀) ပြည့်သည်အထိ ဂိုးမရှိသရေရလဒ်ထွက်ပေါ်နေပေမယ့် တိုက်စစ်မှူး ဖာမီနိုက အချိန်ပို ပွဲကစားချိန် (၉၉) မိနစ်မှာ ယနေ့ည ဗိုလ်လုပွဲမှာ (၁) လုံးတည်းသော ဂိုးကို သွင်းပေးခဲ့ပြီး လီဗာပူးအသင်းအား ချန်ပီယံဖြစ်စေခဲ့ပါတယ်။ ဖလာမင်ဂိုအသင်းဟာ လီဗာပူးအသင်းကို နောက်ပိုင်းအချိန်ပိုမိနစ်တွေမှာ ဖိအားပေးမှု အချို့လုပ်ခဲ့သော်လည်း လီဗာပူးအသင်းက ပွဲကို အကေင်းဆုံးထိန်းကစားသွားခဲ့ပါတယ်။ ကလော့ပ်က သူ့ရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ ခက်ခဲနေတယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ကောင်လေးတွေကို လေးစားမှုကို ဖော်ပြဖို့ ကျွန်တော်စကားလုံးရှာဖို့ ခက်နေပါတယ်။ ဒါဟာ မယုံနိုင်စရာကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကောင်းတာတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ အရမ်းကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ့ခဲ့ရလို့ ကျွန်တော်တစ်ကယ်ကို ပျော်ပါတယ်။ ကျွန်တော်တို့ဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပါတယ်။

မတူညီတဲ့ အကြောင်းပြချက်တွေအတွက် ဒီပွဲဟာ အရမ်းကိုပြင်းထန်တဲ့ပွဲဖြစ်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ ကစားခဲ့ဖူးတဲ့ အကောင်းဆုံးပွဲမဟုတ်ပါဘူး။ဒါပေမယ့် အနိုင်ရဖို့အတွက် လုံလောက်ခဲ့ပါတယ်။ အသင်းအတွက် တော့ ဂုဏ်ယူစရာ ညတစ်ညဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဘယ်လို့ ခံစား၇မလဲဆိုတာတောင် မသိဘူးလို့ ပြောခဲ့ပါတယ်။ အခု ကျွန်တော်ခံစားနေရတာက အရမ်းကို ကောင်းမွန်လွန်းနေပါတယ်။ ကစားသမားတွေအတွက် အရမ်းဂုဏ်ယူမိပါတယ်” လို့ ကလော့ပ်က ဒိုဟာက သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။