ရီးရဲလ်အသင်းနဲ့ တွေ့ဆုံမှုဟာ မန်စီးတီးအသင်းကို စမ်းသပ်တာပဲလို့ ဆိုလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံကျရောက်ခဲ့တာက သူ့အသင်းကို အကြီးအမားဆုံး စမ်းသပ်တာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံအသင်းဟာ ဇီဒန်းရဲ့ အသင်းနဲ့ ပထမအကျော့ကို ဖေဖော်ဝါရီ ၂၆ ရက်မှာ ဘာနေဗျူးသို့ သွားရောက်ကစားရမှာဖြစ်ပါတယ်။

ဇီဒန်းရဲ့ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို စတင်ကိုင်တွယ်တဲ့ အချိန်မှာပင် ချန်ပီယံလိဂ်ဖလား (၃) လုံးကို ဆွတ်ခူးထားပေးထားပါတယ်။ သူဟာ အသင်းကို မတ်လက ပြန်လည်ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ မက်ဒရစ်အသင်းဟာ ယနေ့ည မှာ ခါးသီးပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ အယ်လ်ကလက်စီကို အသင်းကို ကစားသွားရပါမယ်။

သို့သော်လည်း ဂွါဒီယိုလာက မက်ဒရစ်အသင်းနဲ့ ကစားရမယ့်ပွဲဟာ သူ့အတွက် စမ်းသပ်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သူက အောက်စဖိုဒ့်အသင်းနဲပ ဗုဒ္ဓဟူးနေ့ကစားမယ့် ကာရာဘာအို ဖလား ကွာတားဖိုင်နယ်ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ “ကျွန်တော်တို့ဟာ ရှုံးထွက် ၁၆ သင်းပွဲစဉ်အတွက် ပျော်နေပါတယ်။ ဒီပြိုင်ပွဲမှာ ကောင်းကောင်းလုပ်ချင်တယ်ဆိုရင် ဒီထက်ပိုတဲ့ စွမ်းဆောင်ရည်ကောင်းဖို့ လိုပါတယ်။ ဒီလိုခက်ခဲတဲ့ အသင်းမျိုးနဲ့ အနှေးနဲ့ အမြန်ရင်ဆိုင်ရမှာပါ။

ဒါဟာ ကျွန်တော်တို့အတွက် အကြီးမားဆုံး စမ်းသပ်မှုဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အဲ့ဒါကို ပြင်ဆင်ဖို့ အတွက် (၂) လ အချိန်ရပါသေးတယ်။ ဖေဖော်ဝါရီမှာ ကျွန်တော်တို့ အသင်းအနေနဲ့ အကောင်းဆုံးအနေအထားနဲ့ ပွဲကောင်းတွေ ကစားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီပြိုင်ပွဲမှာ အတွေ့အကြုံအများကြီး ရထားတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း ကျွန်တော့်ကစားသမားတွေကို ယုံကြည်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။