မန်ယူနိုက်တက်အသင်းပစ်မှတ် ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၇ ပဲ သတ်မှတ်ထား

မန်ယူနိုက်တက်အသင်းက ပစ်မှတ်ထားနေတဲ့ ရက်ဘူးလ်ဆဲလ်ဘတ်အသင်းရဲ့ တိုက်စစ်မှူးအတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၁၇ သန်းသာ ရှိတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ နော်ဝေးလူမျိုး နည်းပြကြီးဟာ သြဂုတ်လကတည်းက ချန်ပီယံလိဂ် (၈) ပွဲအပါအဝင် ပြိုင်ပွဲစုံ (၂၇) ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးကို ခေါ်ယူရန် မျက်စိကျနေခဲ့တာ ကြာပြီဖြစ်ပါတယ်။

သတင်းများအရ ယူနိုက်တက်အသင်းဟာ ဟာလန်းကို အပြင်းအထန်စိတ်ဝင်စားနေခဲ့တာဟာ ဆိုးလ်ရှား မိုလ်ဒီ အသင်းကို နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကတည်းလို့ သိရှိရပါတယ်။ ဘလစ်က ဖော်ပြချက်အရ ကစားသမားရဲ့ လာမယ့်လ စာချုပ်ဖောက်ဖျက်ကြေးဟာ ပေါင် ၁၇ သန်းသာ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

အစောပိုင်းသတင်းများက ဖော်ပြချက်အရ လိုက်ပစ်ဇ်အသင်းဟာ ရက်ဘူးလ်အသင်းရဲ့ ရှယ်ယာကို ပိုင်ဆိုင်တဲ့အသင်းဖြစ်တဲ့အတွက ်ဟာလန်းကို လာမယ့် နွေရာသီမှာ ပေါင် ၂၅.၇ သန်းဖြင့် ခေါ်ယူခွင့်ရှိတယ်လို့ သိရှိရပါတယ်။ ဒေါ့မွန်အသင်းကလည်း ဟာလန်းကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကစားသမားရဲ့ ဖခင်ဖြစ်သူက သူ့ရဲ့ သားဖြစ်သူကို စပိန် ဒါမှမဟုတ် အင်္ဂလန်အစား ဂျာမနီကို သာ ပိုပြီးပြောင်းရွှေ့စေချင်တယ်လို့ ပြောဆိုခဲ့တာကို သိရှိရပါတယ်။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344