ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို အသင်းကြီး ကို စေလွှတ်ပြီး ကာရာဘာအို ဖလားကွာတားဖိုင်နယ်ပွဲကို လူငယ်တွေနဲ့ ကစားမယ့် လီဗာပူးအသင်း

လီဗာပူးအသင်းဟာ ယခုလကုန်မှာ ကစားမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် တောင့်တင်းတဲ့ အသင်းလူစာရင်း ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ ယခုသတင်းကြောင့် လီဗာပူးအသင်းဟာ အက်စတန်ဗီလာအသင်းနဲ့ ကစားမယ့် ကာရာဘအို ဖလားပြိုင်ပွဲမှာ လူငယ်အသင်းနဲ့ ကစားဖို့ ရှိတယ်ဆိုတဲ့ အဓိပ္ပါတယ်သက်ရောက်သွားတာဖြစ်ပါတယ်။

ဂျာဂင်ကလော့ပ်ရဲ့ ဥရောပ လက်ရှိချန်ပီယံအသင်းဟာ ကမ္ဘာ့ကလပ် ဆီမီးဖိုင်နယ်ပွဲကို အက်စတန်ဗီလာအသင်းနဲ့ ကာရာဘအို ကွာတားဖိုင်နယ်ပွဲအပြီး လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဆီမီးဖိုင်နယ်ပွဲကစားရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဗီလာအသင်းနဲ့ပွဲကို ပွဲချိန်ရွှေ့ဆိုင်းဖို့ ကြိုးစားခဲ့ပေမယ့် ကာရာဘာအို ဖလား အဖွဲ့ချုပ်နဲ့ ညှိနှိုင်းဆွေးနွေးလို့မရခဲ့ပါဘူး။ ဒါကြောင့် ကလော့ပ်ဟာ အသင်းရဲ့ လူစာရင်းကို (၂) ခုခွဲပြီး လာမယ့် နေရာ (၂) ခုက (၂) ပွဲကို ကစားစေမှာ ဖြစ်ပါတယ်။

ကြာသပတေးနေ့က အတည်ပြုချက်အရ လီဗာပူးအသင်းဟာ ပထမအသင်းလူစာရင်းကို ကာတာသို့ စေလွှတ်ကစားစေမှာဖြစ်ပြီး ဗီလာအသင်းနဲ့ ကာရာဘာအို ဖလားပွဲကို လူငယ်ကစားသမားတွေနဲ့ ကစားစေမှာဖြစ်ပါတယ်။ အီလွိုက်၊ ဝီလီယမ်စ် နဲ့ ကာတစ်ဂံျုးစ် တို့လည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ကစားရမယ်လို့ သိရှိရပါတယ်။ ပထမအသင်းကြီးက ကစားသမားတွေဖြစ်ကြတဲ့ မာတစ်၊ နသန်နီရယ်ကလိုင်း နဲ့ ဖာဘင်ဟိုတို့ဟာ ဒဏ်ရာ ရနေကြလို့ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။

လီဗာပူးအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလား ပွဲလူစာရင်း

Alisson, Andy Lonergan, Adrian; Virgil van Dijk, Joe Gomez, Dejan Lovren, Andy Robertson, Alexander-Arnold, Neco Williams; Georginio Wijnaldum, James Milner, Naby Keita, Curtis Jones, Jordan Henderson, Alex Oxlade-Chamberlain, Harvey Elliott, Adam Lallana, Xherdan Shaqiri; Roberto Firmino, Sadio Mane, Mohamed Salah, Rhian Brewster, Divock Origi.


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344