ဂျွန်တယ်ရီနဲ့ ပြိုင်ဘက် နည်းပြအဖြစ် ပြန်လည် ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေကို ပြောပြသွားတဲ့ လမ်းပတ်

တယ်ရီနဲ့ ပြိုင်ဘက် နည်းပြ အဖြစ် ပြန်လည် ရင်ဆိုင်ရတာ အတော်လေး ထူးဆန်းပါတယ် …….
ချဲလ်ဆီး အသင်း နည်းပြ လမ်းပတ်က အက်စတွန်ဗီလာ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲအပြီးမှာ သူ့ရဲ့ ချဲလ်ဆီး အသင်းဖော်ဟောင်းလည်းဖြစ် လက်ရှိ အချိန်မှာ အက်စတွန်ဗီလာအသင်းရဲ့ လက်ထောက် နည်းပြလည်းဖြစ်တဲ့ ဂျွန်တယ်ရီနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ တယ်ရီဟာ ချဲလ်ဆီး အသင်းနဲ့ ကစားသမားဘဝကို (၁၀) စုနှစ် နှစ်ခုနီးပါး ဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ် ဖလား (၅) ကြိမ်၊ ချန်ပီယံလိဂ် ဖလား (၁) ကြိမ်နဲ့ အခြားသော ဆုဖလားပေါင်းများစွာကို ရယူနိုင်ခဲ့တဲ့ ချဲလ်ဆီး ဂန္တဝင် အသင်းခေါင်းဆောင်ဟောင်း တစ်ဦးပါ။

ကစားသမားဘဝက အနားယူပြီးနောက်ပိုင်း တယ်ရီက အက်စတွန် ဗီလာအသင်းမှာ လက်ထောက် နည်းပြအဖြစ် ဆောင်ရွက်နေပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ အကုန်မှာတော့ လိဂ်ချန်ပီယံရှစ်ကနေ တန်းတက်လာခဲ့ပါတယ်။ မနေ့ညက တယ်ရီဟာ ဗီလာ လက်ထောက် နည်းပြအဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်ကို တစ်ကျော့ပြန်လာခဲ့ပြီး ချဲလ်ဆီး ပရိသတ်တွေကလည်း သူတို့ရဲ့ ဂန္တဝင် ကစားသမားဟောင်းကို ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြတာပါ။

ဒီပွဲမှာ ချဲလ်ဆီး အသင်းက လူငယ် ကစားသမားတွေဖြစ်တဲ့ အေဘရာဟမ်၊ မေဆင်မောင့်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပွဲအပြီးမှာ လမ်းပတ်က “တယ်ရီနဲ့ ပြိုင်ဘက် နည်းပြ အဖြစ် ပြန်လည် ရင်ဆိုင်ရတာ အတော်လေး ထူးဆန်းပါတယ်။ ကျွန်တော်လည်း မနှစ်က ဒီလိုမျိုးဖြစ်ခဲ့ဖူူးပါတယ်။ ဒါက ခက်ခဲတဲ့ ကိစ္စလို့ ဆိုရမှာပါ။ ခင်ဗျားက ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်ပြီး ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံး လုပ်ရမယ်ဆိုပေမယ့် ဒါက မလွယ်ကူပါဘူး။”

“သူဒီမှာ ရှိခဲ့တဲ့ အခိုက်အတန့်တွေနဲ့ ပရိသတ်တွေရဲ့ ဂုဏ်ပြုမှုကို ရရှိခဲ့တဲ့ ဂျွန်တယ်ရီအတွက် ကျွန်တော် ဝမ်းသာမိပါတယ်။ သူက ကိုယ့်ကိုယ်ကိုယ် အရမ်းကို နှိမ့်ချတတ်ပြီး အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ယောက်ပါ။ အသင်း အတွက်လည်း အရမ်းကို ပြီးပြည့်စုံတဲ့ အသင်းခေါင်းဆောင် တစ်ယောက်ကို ရခဲ့တာဖြစ်ပြီး ဒီလို ဂုဏ်ပြုမှုတွေနဲ့ သူထိုက်တန်ပါတယ်။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344