ဖာနန်ဒင်ဟိုကို မန်စီးတီးအသင်းရဲ့ ခံစစ်အသည်းနှလုံးမှာ ဆက်ကစားစေမယ်လို့ ပြောဆိုလိုက် ဂွါဒီယိုလာ

မန်စီးတီးအသ်ငးနည်းပြ ဂွါဒီယိုလာက သူ့အနေနဲ့ ဂျွန်စတုန်း နဲ့ အော်တာမန်ဒီတို့ ရှိနေသော်လည်း ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုက ဗဟိုခံစစ်နေရာတွင် ဆက်လက်ကစားစေဖို့ အစီအစဉ်ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံအသင်းဟာ ဗဟိုနောက်ခံလူ လာပေါ်တေးကို စက်တင်ဘာလကညာဖက်ဒူးဒဏ်ရာ ရရှသွားပြီးတဲ့နောက် အနည်းဆုံး (၆) လလောက် လက်လွှတ်ရဖွယ်ရှိနေပါတယ်။

စတုန်း နဲ့ အော်တာမန်ဒီတို့ဟာ လာပေါ်တေး ဒဏ်ရာ ရရှိပြီး ပထမဆုံးပွဲဖြစ်တဲ့ နော်ဝှေ့ချ် အသင်းနဲ့ပွဲမှာ အမှားအယွင်းတွေ လုပ်ခဲ့ကြပြီး ပွဲအပြီးမှာ မန်စီးတီးအသင်းက (၃-၂) နဲ့ ရှုံးခဲ့ပါတယ်။

ဂွါဒီယိုလာက ဘရာဇီးလက်ရွေးစင်ကစားသမားကို ဗဟိုနောက်ခံလူ (၂) ယောက်အနက် တစ်ယောက်နေရာအဖြစ် ရွေးချယ်ထားပြီး အဲ့နေရာမှာပဲ ဆက်ကစားစေမယ်လို့ ရည်ရွယ်ထားပါတယ်။ ဘာကြောင့် ဂျွန်စတုန်း နဲ့ အော်တာမန်ဒီတို့ကို အတူတူတွဲမကစားစေတာလဲလို့ မေးမြန်းရာတွင် ဂွါဒီယိုလာက သတင်းထောက်များကို အင်္ဂါနေ့ ဘန်လေအသင်းနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ “ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဖာနန်ဒင်ဟိုကို အဲ့နေရာမှာ ကစားတာပိုကြိုက်လို့ပါ။ သူကို အဲ့မှာ ရှိတာ ပိုနှစ်သက်ပါတယ်။ ဒါကြောင့် သူကစားရတာပါ” လို့ ပြောသွားခဲ့ပါတယ်။

ဘာကြောင့် ကွင်းလယ်ကစားသမားတစ်ယောက်ကို ခံစစ်မှာ ကစားစေခဲ့တာလဲလို့ ထပ်ပြီးမေးမြန်းမှုကိုလည်း ဂွါဒီယိုလာက ယခုလိုပဲ “ ကျွန်တော်က ကွင်းလယ်မှာ ဂန်ဒိုဂန် နဲ့ ရိုဒရီ အတွဲကို ပိုကြိုက်ပါတယ်” လို့ တုံ့ပြန်ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာက တိုက်စစ်မှူး ဆာဂျီယို အဂူရိုဟာ စနေနေ့ မန်ချက်စတာဒါဘီပွဲကို အီတီဟက် ကွင်းမှာ လွဲချော်မယ်လို့ ပြောသွားခဲ့ပါတယ်။

အာဂျင်တီးနား ကစားသမားဟာ နိုဝင်ဘာလ ၂၃ ရက်နေ့က ချယ်လ်ဆီးအသင်းကို (၂-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့သူဖြစ်ပြီး ဂွါဒီယိုလာက “ သူ့အနေနဲ့ ဒါဘီပွဲအတွက် အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမယ့် ဒါဘီပွဲပြီးရင်တော့ စောင့်ကြည့်ရပါမယ်” လို့ ပြောသွားခဲ့ပါတယ်။ စီးတီးအသင်းဟာ စနေနေ့ နယူးကာဆယ်အသင်းကို (၂-၂) သရေကျခဲ့ပြီး အဲ့ဒီရလဒ်ကြောင့် အမှတ်ပေးဇယားထိပ်မှာ ပြေးနေတဲ့ လီဗာပူးအသင်းနဲ့ (၁၁) မှတ်ကွာဟသွားပြီဖြစ်ပါတယ်။