အရှုံးသမားတွေအတွက် ဘောလွန်းဒီအောဆုဆိုတာ မရှိဘူးလို့ ပြောဆိုလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးနောက်ခံလူ ဗန်ဒိုက်က တနလာၤနေ့တွင် ဘောလွန်းဒီအောဆုကြေညာမယ့်အခါ အရှုံးသမားတွေအတွက် မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟာ မနှစ်က ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်သွားနိုင်ခဲ့တဲ့အတွက် ဘောလွန်းဒီအောဆုကို ရရှိမယ့် ရေပန်းအစားဆုံးကစားသမားထဲတွင် တစ်ယောက်အပါအဝင်ဖြစ်နေပါတယ။် ဗန်ဒိုက်နဲ့အပြိုင် ဘောလွန်းဒီအောဆု (၅) ကြိမ် ရထားတဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ဒီဆုကို ရဖို့ ရေပန်းစားပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ နိုင်ငံလက်ရွေးစင်အသင်းကိုလည်း ဦးဆောင်ပြီး နေရှင်းလိဂ်ဆုဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သြဂုတ်လတုန်းက ပေးအပ်ချီးမြင့်ခဲ့တဲ့ ယူအီးအက်ဖ်အေ အမျိုးသားအကောင်းဆုံးဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

“ကျွန်တော်အဲ့ဒီကို သွားမယ့် တစ်ခုတည်းသောရည်ရွယ်ချက်ကတော့ အဲ့ဒီညနေခင်းမှာ အရှုံးသမားတွေအတွက် နေရာမရှိပါဘူး။ ဒီနေရာကို ရောက်နေတဲ့အတွက်လည်း ကျွန်တော်ဂုဏ်ယူပါတယ်။ မနှစ်က ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတါက် ကျွန်တော်စွမ်းဆောင်ပေးခဲ့တဲ့အရာတွေအတွက်လည်း ကျေနပ်ပါတယ်။ ဒါဟာ ဂုဏ်ယူစရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတာ့ ကစားသမား တော်တော်များများ အဲ့ဒီကို မသွားရပါဘူး”လို့ ဗန်ဒိုက်က ပြောသွားခဲ့ပါတယ်။

ဗန်ဒိုက် ရရှိပါက ပထမဆုံး ဘောလွန်းဒီအောဆုကို ပိုင်ဆိုင်မှာဖြစ်ပြီး မက်ဆီသာ ရရှိပါက အာဂျင်တီးနား တိုက်စစ်မှူးအနေနဲ့ ရော်နယ်ဒိုထက် အသာရသွားမှာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ တနင်္ဂနွေနေ့က အက်သလက်တီကိုမက်ဒရစ်အသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီဂိုးဟာ သူ့ရဲ့ ယခုနှစ်ဘောလုံးရာသီ (၁၁) ဂိုးမြောက် သွင်းဂိုးဖြစ်ပါတယ်။

အက်သလက်တီကို ကွင်းလယ်လူ ဆာအူးလ်က မက်ဆီရဲ့ စွမ်းဆောင်ရည်ကြောင့် စိတ်ဆိုးဒေါသထွက်ခဲ့ရတာကို ပြောသွားူခဲ့ပါတယ်။ “ကျွန်တော်တို့ဟာ ကြီးကျယ်တဲ့ ပွဲတစ်ပွဲကို ကစားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အခွင့်အရေးအများကြီး မရခဲ့ပါဘူး။ ဒါပေမယ့် အဲ့နောက်မှာ မက်ဆီက ပေါ်လာပြီး ကြောက်စရာကောင်းတဲ့အရာကို လွယ်လွယ်ကလေး လုပ်ပြသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ အကောင်းဆုံးဖြစ်နေတာပါ” လို့ ဆာအူးလ်က ပြောသွားခဲ့ပါတယ်။