ကီတာ၊ လာလယ်နာတို့က လီဗာပူးအသင်းမှာ ဖာဘင်ဟိုရဲ့ ကွက်လပ်ကို ဖြည့်ပေမယ့်နိုင်မယ်လို့ မျှော်လင့်နေတဲ့ ကလော့ပ်

ကလော့ပ်က လီဗာပူးအသင်းရဲ့ အရန်ကစားသမားတွေက ခြေကျင်းဝတ် ဒဏ်ရာ ရနေတဲ့ ဖာဘင်ဟိုရဲ့ ကွက်လပ်ကို ဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ဘရာဇီးကွင်းလယ်ကစားသမားဟာ နာပိုလီအသင်းနဲ့ (၁-၁) သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် နှစ်သစ်ရောက်တဲ့အထိ ပြန်လည်ကစားနိုင်မှာမဟုတ်ပါဘူး။ ဖာဘင်ဟိုဟာ ကလော့ပ်ရဲ့ ကွင်းလယ်မှာ အဓိက ကစားသမားဖြစ်သော်လည်း ဝိုင်နယ်ဒန်က သူ့ရဲ့ နေရာတွင် စီးရီးအေ ကလပ်အသင်းနဲ့ ပွဲမှာ ကစားပေးခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဟက်ဒါဆန်ကလည်း ကွင်းလယ်ခံစစ်မှာ ကစားနိုင်တဲ့ သူဖြစ်ပါတယ်။ ဒူးဒဏ်ရာက နေပြန်လည်သက်သာလာပြီးကတည်းက ခြေစွမ်းကောင်းပြသထားပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ နေရာ ပြရလာတဲ့ ချိန်ဘာလိန်၊ ကီတာ၊ လာလယ်နာ နဲ့ ရှကီရီ တို့အားလုံးလည်း ကစားမယ့် အခွင့်အရေးများ ရှိနေပါတယ်။

“ ကျွန်တော်တို့မှာ ကီတာ နဲ့ ရှက်တို့လို အကြောင်းအရာ အမျိုးမျိုးကြောင့် ပွဲကစားခွင့် မရထားတဲ့ ကစားသမားတွေ ရှိပါတယ်။ ကျွန်တော်တို့မှာ ကမ္ဘာ့အကြီးဆုံး လူစာရင်းမရှိပါဘူး။ ကျွနတော်တို့မှာ ခံစစ်ကစားသမားတွေဖြစ်တဲ့ မာတစ် နဲ့ ဖာဘင်ဟိုတို့က ကာလရှည် ဒဏ်ရာ တွေရနေပါတယ်။ ဒါဟာ အေးဆေးအနေအထားတော့မဟုတ်ပါဘူး။ သူတို့ အားလုံး ကစားနိုင်ပါတယ်။ အားလုံးအတူတူရှိဖို့ အချိန်ရော်ကလို့လာပါပြီ။

နာပိုလီနဲ့ပွဲတုန်းက ကျွန်တော်တို့ ဟာ မနှစ်ကပွဲကို ကြည့်ပြီး ပြင်ဆင်ခဲ့ပါတယ်။ ဟန်ဒိုကလည်း အဲ့နေရာမှာ ကစားနိုင်ခဲ့ပါတယ်။ ဂီနီကလည်း နဂိုကတည်းက အဲ့ဒီနေရာမှာ ကစားနေသူပါ။ လာလယ်နာလည်း ကစားခဲ့ပါတယ်။ ကျွန်တော်တို့ ပုံစံပြောင်းနိုင်ပါတယ်။ မတူတာတွေလည်း လုပ်နိုင်ပါတယ်။ ဖာဘင်ဟိုလို အရည်အသွေးမြင့်မားတဲ့ ကစားသမားမျိုးကို ဆုံးရှုံးရာတာ အရမ်းကို ဆိုးရွားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်သင်းတည်း ပရီးမီးယားလိဂ်မှာ ဒဏ်ရာ ရတဲ့ အသင်းမဟုတ်ပါဘူး။ မကောင်းပေမယ့် ဖာဘင်ဟိုကတော့ မတ်လအထိ ကစားမယ့်ပွဲတွေမှာ ပါဝင်နိုင်မှာမဟုတ်တော့ပါဘူး” လို့ ကလော့ပ်က စနေနေ့ ဘရိုက်တန်နဲ့ပွဲမတိုင်မီ ပြောသွားခဲ့ပါတယ်။