အာဆင်နယ်အသင်းနဲ့ ဆွေးနွေးခဲ့တယ်ဆိုတာကို ငြင်းဆိုလိုက်တဲ့ မော်ရင်ဟို

မော်ရင်ဟိုက သူဟာ စပါးအသင်းရဲ့ နည်းပြသစ်မဖြစ်ခင်က အာဆင်နယ်နည်းပြအူနိုင်းအမ်မရီနေရာတွင် အစားထိုးဖို့အတွက် ပြောဆိုထားတာတွေ မရှိခဲ့ဘူးလို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။မန်ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ် နဲ့ ချယ်လ်ဆီးနည်းပြ ဟောင်းဟာ ဂန်းနားတို့ရဲ့ နည်းပြသစ် ဖြစ်မယ်လို့ ရည်ရွယ်ပြောဆိုနေကြပြီးနောက် ယခုအခါ စပါးနည်းပြဟောင်း ပိုချက်တီနိုကို ဆက်သွယ်နေတယ်လို့ သတင်းထွက်ပေါ်လာပြီဖြစ်ပါတယ်။

မော်ရင်ဟိုဟာ စပါးအသင်းကို ပြီးခဲ့တဲ့အပတ်ကမှ အထုတ်ခံလိုက်ရတဲ့ ပိုချက်တီနိုအစား ရောက်လာသူသူဖြစ်ပေမယ့် သောကြာနေ့က အဆိုအရ သူဟာ အာဆင်နယ်အသင်းကသာ နည်းပြအမ်မရီကိုစောစောစီးစီး ထုတ်ပယ်ဖြစ်ပါက အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်ဖွယ်ရှိတယ်လို့ ပြောသွားခဲ့ပပါတယ်။
သို့သော်လည်း မော်ရင်ဟိုဟာ အာဆင်နယ်နည်းပြရာထူးအတွက် အာဆင်နယ်ဘောလုံးအဖွဲ့ချုပ ်ရာအူးလ်ဆန်နယ်ဟီ နဲ့ ရင်ဆိုင် ဆွေးနွေးမယ့်အရေးကနေ အဝေးကို ရောက်သွားပြီဖြစ်ပါတယ်။

သူရဲ့ အေးဂျင့်ရဲ့ အာဆင်နယ်အသင်းတွေ့ဆုံခဲ့သလားလို့ မေးမြန်းရာတွင် မော်ရင်ဟိုက “No No၊ တစ်ကယ်ပါ ကျွန်တော်ဘယ်တော့မှ မငြင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဘယ်တော့မှ မငြင်းတတ်လို့ပါ။ ဒါပေမယ့် ကျွန်တော်နဲ့ မစ္စတာ ဆန်နယ်ဟီ နဲ့ တွေ့ဆုံတာကို ဖတ်လိုက်ရတဲ့ကိစ္စကတော့ မမှန်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

ပိုချက်တီနိုဟာ အမ်မရိတ်ကွင်းရဲ့ နည်းပြအသစ်အဖြစ် ရေပန်းစားနေပြီး သူသာ အာဆင်နယ်နည်းပြဖြစ်ပါက မော်ရင်ဟို နဲ့ စပါးအသင်းကို ပြန်လည်ရင်ဆိုင်လိုတဲ့အတွက် ဖြစ်လာဖို့ ရှိတယ်လို့ ပြောဆိုနေကြပါတယ်။ သို့သော် မော်ရင်ဟိုက အဲ့ဒီလို ပြောဆိုနေတာတွေကို မစိုးရိမ်ဘူးလို့ ဆိုခဲ့ပါတယ်။

“ကျွန်တော်ဘဝမှာ ဘယ်တော့မှ ပိုချက်တီနိုက မရင်ဆိုင်ခဲ့ဖူးပါဘူး။ မန်ယူနိုက်တက်အသင်းက စပါးအသင်းကို ရင်ဆိုင်ခဲ့တာပါ။ ဟုတ်ပါတယ်။ စပါးက ချယ်လ်ဆီးအသင်းကို ရင်ဆိုင်ခဲ့တာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ပိုချက်တီနိုကို ရင်ဆိုင်ခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့် သူအာဆင်နယ်ကို သွားရင်၊ သူဘယ်အသင်းကို သွားသွား ကျွန်တော်နဲ့ သူနဲ့ ရင်ဆိုင်နေတာမဟုတ်ပါဘူး။ အဲ့ဒီအသင်း (၂) သင်း ရင်ဆိုင်ယှဉ်ပြိုင်နေကြတာပါ။ ဒါကြောင့် ကျွန်တော်ကတော့ အာဆင်နယ်ကို စပါးအသင်းနဲ့ ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ အာဆင်နယ် နဲ့လည်း ရင်ဆိုင်ကစားချင်ပါတယ်။ ဒါဟာ ဘာကိုဆိုလိုလည်းဆိုတာ ပရိသတ်တွေလည်း သိမှာပါ” လို့ ထပ်မံ ပြောသွားခဲ့ပါတယ်။