နယူးကာဆယ်ဘက်က နေရမလား၊ မန်စီးတီးဘက်က နေရမလားဆိုတာ ကူညီပေးမယ့် ပွဲကြိုအထောက်အကူပြု အချက်အလက်များ

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု ထူးခြားမှတ်တမ်းများ
၁။ နယူးကာဆယ်က ဒီပွဲမှာသာ ထပ်နိုင်ခဲ့ရင် (၂၀၀၃) ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအနေနဲ့ မန်စီးတီးကို နှစ်ပွဲဆက် နိုင်ဖူးမှာပါ။
၂။ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက မန်စီးတီးကို ၂-၁ ဂိုးနဲ့ အိမ်ကွင်းမှာအနိုင်ယူပြီး နယူးကာဆယ်တို့အတွက် (၂၂) ပွဲဆက်တိုက် နိုင်ပွဲမရှိတဲ့ စံချိန်ကို ရပ်တန့်နိုင်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းရဲ့ ထူးခြားမှတ်တမ်း အချက်အလက်များ
၁။ အာဆင်နယ်ကို အဖွင့်ပွဲမှာ ရှုံးနိမ့်ပြီးနောက်ပိုင်း နယူးကာဆယ်တို့ရဲ့ အိမ်ကွင်း (၅) ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ (၂) ပွဲနိုင်၊ (၃) ပွဲသရေကျခဲ့တာပါ။
၂။ နယူးကာဆယ်ရဲ့ ဒီရာသီ လိဂ်ပွဲတွေမှာ အိမ်ကွင်း ပေးဂိုးက (၄) ဂိုးသာရှိပါတယ်။
၃။ တစ်ရာသီအတွင်း မန်ချက်စတာမြို့ခံနှစ်သင်းလုံးကို နယူးကာဆယ်တို့ နောက်ဆုံး အနိုင်ရရှိခဲ့တာက (၁၉၈၆- ၈၇) ခုနှစ် ဘောလုံးရာသီကပါ။
၄။ အယ်လ်မီရွန်က ဒီရာသီမှာ တခြားကစားသမား အားလုံးထက် သာလွန်တဲ့ ဂိုးပေါက်ကန်ချက် (၂၂) ကြိမ် ရှိခဲ့ပေမယ့် တစ်ဂိုးမှ မသွင်းနိုင်သေးပါဘူး။
၅။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ နယူးကာဆယ် အသင်းကို ရောက်ရှိလာတာဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ပရီးမီးယားလိဂ်မှာ ဂိုးသွင်း၊ ဂိုးဖန်တီးနိုင်ခြင်းမရှိသေးတာပါ။
၆။ ဂျိုလင်တန်၊ အယ်လ်မီရွန် နဲ့ မက်ဆီမင်တို့ (၃) ယောက်အကြား ပရီးမီးယားလိဂ် ပွဲပေါင်း (၄၅) ပွဲမှာ တစ်ဂိုးသာသွင်းနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုကလည်း တစ်ကြိမ်သာရှိခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ ထူးခြားမှတ်တမ်း အချက်အလက်များ
၁။ ဒီလိုအချိန် မန်စီးတီးတို့ လိဂ်မှာ ပေးဂိုး (၁၄) ဂိုးအထိ ရှိနေတာက နောက်ဆုံး ဆယ်စုနှစ်အတွင်း အများဆုံး ဖြစ်နေတာပါ။
၂။ မန်စီးတီးတို့ နောက်ဆုံးလိဂ်ပွဲ (၃) ပွဲဆက်တိုက် ပြိုင်ဘက်ကို ဦးဆောင်ခွင့် ပေးခဲ့ရပြီး ဒီလိုဖြစ်တာ (၂၀၁၂) ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့ပါတယ်။
၃။ ဒီရာသီ မန်စီးတီးအသင်းရဲ့ ဂိုးပေါက်ကန်ချက်က (၂၄) မိနစ်မှ တစ်ကြိမ်နှုန်းရှိခဲ့ပြီး (၂၀၁၀-၁၁) ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး မှတ်တမ်းတစ်ရပ်ပါ။
၄။ လိဂ်ပွဲ အဝေးကွင်းနောက်ဆုံး (၁၇) ပွဲဆက်တိုက် မန်စီးတီးတို့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

၅။ ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးရဲ့ သွင်းဂိုးက (၃၇) ဂိုးအထိ ရှိပြီး လိဂ်ပွဲ နောက်ဆုံး (၃၅) ပွဲမှာ (၁) ပွဲသာ ဂိုးပေါက်ပျောက်ခဲ့တာပါ။
၆။ မာရက်ဇ်က မန်စီးတီးအသင်းအတွက် ဒီရာသီ ပွဲထွက်ခွင့်ရတဲ့ ပြိုင်ပွဲစုံ (၁၁) ပွဲမှာ (၁၀) ဂိုးအထိ ပါဝင်ပတ်သက်နေခဲ့ပြီး (၄) ဂိုးသွင်း (၆) ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက် ပရီးမီးယားလိဂ် သွင်းဂိုးအရေအတွက်က (၄၉) ဂိုးအထိ ရှိနေပါပြီ။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344