လီဗာပူးကို ဖိအားပေးရမယ့် မန်စီးတီးတို့ နိုင်ပွဲဆက်လက်ရှာဖွေနိုင်မှာလား ???

နယူးကာဆယ်က စတိဗ်ဘရုစ်လက်အောက်မှာ ပုံစံကောင်းရလာတယ်ဆိုပေမယ့် မန်စီးတီးအတွက်တော့ ချန်ပီယံဆုအတွက် အမှတ်လိုအပ်နေပါပြီ …
နယူးကာဆယ်နောက်တန်းက ဖေဘီယန်ရှားနဲ့ ဖလိုရန်လူဂျန်တို့ ဒီပွဲကို ပါဝင်နိုင်မလား စောင့်ကြည့်နေရဆဲဖြစ်ပြီး ယက်ဒ်လင်းကတော့ ဒဏ်ရာကြောင့် လွဲချော်ရဦးမှာပါ။ ရစ်ချီလည်း ဒဏ်ရာကြောင့် ဇန်နဝါရီအထိ အနားယူရဦးမှာဖြစ်ပြီး မန်စီးတီးအသင်းဘက်က အဓိက တိုက်စစ်မှူး အဂွေရို ချဲလ်ဆီးနဲ့ပွဲမှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ပါလိမ့်မယ်။ ဇင်ချန်ကို၊ လာပေါ့တေး၊ ဆာနေးတို့ ကာလရှည် ဆက်လက် အနားယူရဦးမှာပါ။

နယူးကာဆယ်အသင်းက အသင်းကြီးတွေနဲ့ တွေ့ရင် ပုံမှန်ထက် အားထည့်ကန်တတ်တဲ့ အသင်းဖြစ်ပြီး ဒီပွဲမှာလည်း မန်စီးတီးကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ တိုက်စစ်ပိုင်းက ဂိုးပေါက်ပျောက်နေတာကလည်း စိုးရိမ်စရာဖြစ်ပြီး မန်စီးတီးကတော့ လီဗာပူးရဲ့ နောက် (၉) မှတ်ပြတ်နေတဲ့ အမှတ်ပမာဏကို လျှော့ချနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ပြီးခဲ့တဲ့ ရာသီက နယူးကာဆယ်ကွင်းမှာ မန်စီးတီးတို့ ရှုံးပွဲကြုံတွေ့ခဲ့ပြီး ဒီပွဲမှာလည်း ဒီလိုဖြစ်ခဲ့ရင် မန်စီးတီးတို့ ချန်ပီယံမျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ရမှာပါ။

ဒီပွဲနဲ့ ပတ်သက်လို့ နယူးကာဆယ် နည်းပြ စတိဗ်ဘရုစ်က “ကျွန်တော်တို့ လီဗာပူး၊ ချဲလ်ဆီးတို့နဲ့ပွဲမှာပုံစံကောင်း ပြသနိုင်ခဲ့ပြီး ယူနိုက်တက်၊ စပါးတို့ကို အနိုင်ယူခဲ့ပါတယ်။ ဒါက ပရီးမီးယားလိဂ်ပါ။ ကျွန်တော်တို့က အကောင်းဆုံး ပုံစံပြသနိုင်အောင် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး လုံလောက်တဲ့ ပုံစံကို ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီး နည်းပြ ဂွါဒီယိုလာကလည်း “ကျွန်တော်တို့ ဒီပွဲကို မရှုံးနိုင်ဘူးဆိုတာ သိထားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ မတွေးသေးပါဘူး။ ကျွန်တော်တို့ လက်စတာကို ဖိအားပေးနိုင်အောင် ကြိုးစားရမှာဖြစ်ပြီး အဲ့ဒီနောက် လီဗာပူးပေါ့။ ကျွန်တော်တို့ (၃) ရက် တစ်ပွဲနှုန်း ကစားရမှာပါ။” ဆိုပြီး ပြောကြားခဲ့သေးတာပါ။

စနေညရဲ့ အစောဆုံးပွဲနဲ့ ပတ်သက်လို့ လော်ရိုးက “နယူးကာဆယ်က စတိဗ်ဘရုစ်လက်အောက်မှာ ပုံစံကောင်းရလာတယ်ဆိုပေမယ့် မန်စီးတီးအတွက်တော့ ချန်ပီယံဆုအတွက် အမှတ်လိုအပ်နေပါပြီ။ သူတို့ ဒီပွဲကို အနိုင်ရရှိဖို့ မျှော်လင့်ပါတယ်။ နယူးကာဆယ် ဝ-၂ မန်စီးတီးပါ။” လို့ သုံးသပ် ခန့်မှန်းပေးသွားခဲ့ပါတယ်။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344