ယူရိုပါလိဂ်နောက်ဆုံးပွဲမှာ စူပါလင်ဂတ်ကို အသင်းခေါင်းဆောင်လက်ပတ်ပေးပြီး ကစားခိုင်းမယ့် မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းဟာ အက်စ်တာနာအသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ စူပါလင်ဂတ်ကို အသင်းခေါင်းဆောင်လက်ပတ်ပေးပြီး ကစားစေမယ်လို့ ကြေညာထားပါတယ်။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ပြီဖြစ်တဲ့အတွက် နည်းပြ ဆိုးလ်ရှားဟာ ကြာသပတေးနေ့ကစားမယ့်ပွဲမှာ အသင်းကို ယူ ၂၃ အောက် ကစားသမားများ နဲ့ ယူ ၁၈ အောက်ကစားသမား အများစုကို ပွဲထွက်ကစားစေမှာဖြစ်ပါတယ်။

လင်ဂတ်၊ လုခ်ရှော နဲ့ တွမ်ဇီဘီ တို့ဟာ ယခုနှစ်ဘောလုံးရာသီတွင် ခြေစွမ်းပိုင်းနဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကြောင့် ပွဲကစားခွင့် အနည်းငယ်ရရှိထားကြသူတွေဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၃၆ နှစ်အရွယ် ဂိုးသမား လီဂရန့်ကိုလည်း အသင်းအတွက် ပထမဆုံး ပွဲကစားစေမယ့်လို့လည်း သိရှိရပါတယ်။
ဘားနာဒ်၊ အီသန်လီယာ့ဒ် နဲ့ ဒိုင်လန်လီဗစ် တို့လည်း ပွဲထွက်ကစားရမှာဖြစ်ပြီး ဆိုးလ်ရှားက လူငယ်အများစုကို အတွေ့ရရှိစေလိုနေတာဖြစ်ပါတယ်။ လင်ဂတ်ဟာ ယူနိုက်တက်အသင်းအတွက် အုပ်စု (L ) ထိပ်ဆုံးရပ်တည်ဖို့အတွက် အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ပြီး တာဝန်ယူကစားရမယ့်အတွက်လည်း ပျော်ရွှင်ဝမ်းမြောက်နေပါတယ်။

“ဒါဟာ တစ်ကယ့်ကို ဂုဏ်ယူစရာကြီးပါ။ ရာသီအစကတည်းက အသင်းရဲ့ စီနီယာ ကစားသမားဖြစ်တဲ့အတွက် အသင်းကို ဦးဆောင်ပြီး ကစားချင်တယ်လို့ ပြောခဲ့ပါတယ်။ အခုဒီအချိန်က သက်သေပြရမယ့် အချိန်ဖြစ်ပါတယ်။ အသင်းခေါင်းဆောင်အဖြစ်ကစားပြီး ဦးဆောင်ရမှာ တစ်ကယ့်ကို ဂုဏ်ယူစရာကြီးပါ။ လူငယ်တွေကို ဦးဆောင်ရမှာလည်း ဝမ်းသာပါတယ်။ သူတို့ဟာ ကျွန်တော်တို့နဲ့ အတူနေ့စဉ် လေ့ကျင့်ရေးဆင်နေကြသူတွေဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းဟာ အရည်အသွေးရှိတာကို သိပေမယ့် ဒီပွဲကို အနိုင်ယူနိုင်မယ့် စိတ်ဓာတ်ပိုင်းစရာကို ပြသဖို့အတွက် ပြင်ဆင်ရပါမယ်” လို့ မန်ယူတီဗွီအစီအစဉ်မှာ ပြောသွားခဲ့ပါတယ်။

လင်ဂတ်ဟာ ၂၀၁၉ ဘောလုံးရာသီတွင် ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ ရုန်းကန်နေခဲ့ရသူဖြစ်ပါတယ်။ သူဟာ တနင်္ဂနွေနေ့က ရှက်ဖီးလ်ယူနိုက်တက်အသင်းနဲ့ပွဲမှာ ၂-၀ နဲ့ ရှုံးနိမ့်နေချိန်တွင် ပွဲကို အလှည့်အပြောင်းအဖြစ် လူစားဝင်ရောက်ကစားခဲ့ပြီး ၃-၃ သရေကျအော်င ကူညီစွမ်းဆော်ပေးခဲ့သူဖြစ်ပါတယ်။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344