ကိုဗစ်တားမြစ်ချက်ကြောင့် လီဗာပူးအနေနဲ့ ဂျာမနီကို ဝင်ခွင့်မရတာကြောင့် ချန်ပီယံလိဂ် ကစားဖြစ်မှာမဟုတ်လို့ သိရ


ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန်လည်ဖြစ်ပွားမှု များပြားနေတာကြောင့် ဂျာမနီနိုင်ငံအနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကစားဖို့ ရှိနေတဲ့ လစ်ပ်ဇစ်နဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်အတွက် လာကစားမယ့် လီဗာပူးအသင်းကို ပြည်ဝင်ခွင့်မပေးခဲ့ ဘူးလို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဂျာမနီနိုင်ငံတွေအနေနဲ့ လေကြောင်းလိုင်းတွေကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာမှ ပြန်ဖွင့်မှာဖြစ်တာကြောင့်လို့လည်း လီဗာပူးအနေနဲ့ ကစားခွင့်မရတာလို့ သတင်းအချို့ကလည်း ဖော်ပြခဲ့ကြပါ တယ်။


ဂျာမနီနိုင်ငံရဲ့တာဝန်ရှိအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ BMI ကတော့ ချန်ပီယံလိဂ်ပွဲစဉ်ကိုတော့ အထူးအနေနဲ့ကျင်းပခွင့်ပြုမှာ မဟုတ်ဘူးဆိုပြီး ကြာသပတေးနေ့က အတည်ပြုပြောဆိုခဲ့ပါတယ်။ ယူအီးအက်ဖ်အေအနေနဲ့ကတော့ လစ်ပ်ဇစ်အသင်း တာဝန်ရှိသူတွေကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ နောက်ဆုံးထားပြီး အကြောင်းကြားဖို့ ညွှန်ကြားထားတယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


အခြားသတင်းတစ်ခုမှာတော့ ဒုတိယအကျော့အဖြစ်ကစားရမယ့် အန်ဖီးလ်ကွင်းပွဲစဉ်ကို အရင်ကစားစေဖို့ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာမှ ယူအီးအက်ဖ်အေအနေနဲ့ လုံလောက်တဲ့ ဖြေရှင်းမှုမျိုး မရခဲ့ဘူးဆိုရင်လည်း ပထမအကျော့ပွဲစဉ်အတွက် လီဗာပူးအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ပေးဖို့ ရှိနေတယ်လို့လည်း သတင်း တွေကဖော်ပြခဲ့ကြပါတယ်။

zawgyi version

ကိုဗစ္တားျမစ္ခ်က္ေၾကာင့္ လီဗာပူးအေနနဲ႔ ဂ်ာမနီကို ဝင္ခြင့္မရတာေၾကာင့္ ခ်န္ပီယံလိဂ္ ကစားျဖစ္မွာမဟုတ္လို႔ သိရ
ၿဗိတိန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ျပန္လည္ျဖစ္ပြားမႈ မ်ားျပားေနတာေၾကာင့္ ဂ်ာမနီႏိုင္ငံအေနနဲ႔ လာမယ့္ ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔မွာ ကစားဖို႔ ရွိေနတဲ့ လစ္ပ္ဇစ္နဲ႔ လီဗာပူးတို႔ရဲ႕ ပြဲစဥ္အတြက္ လာကစားမယ့္ လီဗာပူးအသင္းကို ျပည္ဝင္ခြင့္မေပးခဲ့ ဘူးလို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ဂ်ာမနီႏိုင္ငံေတြအေနနဲ႔ ေလေၾကာင္းလိုင္းေတြကို ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔မွာမွ ျပန္ဖြင့္မွာျဖစ္တာေၾကာင့္လို႔လည္း လီဗာပူးအေနနဲ႔ ကစားခြင့္မရတာလို႔ သတင္းအခ်ိဳ႕ကလည္း ေဖာ္ျပခဲ့ၾကပါ တယ္။
ဂ်ာမနီႏိုင္ငံရဲ႕တာဝန္ရွိအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ BMI ကေတာ့ ခ်န္ပီယံလိဂ္ပြဲစဥ္ကိုေတာ့ အထူးအေနနဲ႔က်င္းပခြင့္ျပဳမွာ မဟုတ္ဘူးဆိုၿပီး ၾကာသပေတးေန႔က အတည္ျပဳေျပာဆိုခဲ့ပါတယ္။ ယူအီးအက္ဖ္ေအအေနနဲ႔ကေတာ့ လစ္ပ္ဇစ္အသင္း တာဝန္ရွိသူေတြကို ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွာ ေနာက္ဆံုးထားၿပီး အေၾကာင္းၾကားဖို႔ ၫႊန္ၾကားထားတယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အျခားသတင္းတစ္ခုမွာေတာ့ ဒုတိယအေက်ာ့အျဖစ္ကစားရမယ့္ အန္ဖီးလ္ကြင္းပြဲစဥ္ကို အရင္ကစားေစဖို႔ရွိတယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွာမွ ယူအီးအက္ဖ္ေအအေနနဲ႔ လံုေလာက္တဲ့ ေျဖရွင္းမႈမ်ိဳး မရခဲ့ဘူးဆိုရင္လည္း ပထမအေက်ာ့ပြဲစဥ္အတြက္ လီဗာပူးအသင္းကို ၃ ဂိုးျပတ္နဲ႔ အႏိုင္ေပးဖို႔ ရွိေနတယ္လို႔လည္း သတင္း ေတြကေဖာ္ျပခဲ့ၾကပါတယ္။