ဒီနှစ်မှာကော ရေပန်းစားတဲ့အတိုင်း မန်စီးတီးက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်မှာလား


ချန်ပီယံလိဂ်မှာ အောင်မြင်မှုရဖို့အတွက် ငွေကြေးများစွာသုံးစွဲပြီး ပြင်ဆင်နေတဲ့အသင်းတွေထဲမှာ မန်စီးတီးအသင်းလည်း ပါဝင်ပါတယ်။ ကစားသမားကောင်းတွေကို ငွေကြေးများစွာ အကုန်အကျခံပြီး ခေါ်ယူခဲ့သလို ကမ္ဘာ့အကောင်းဆုံးနည်းပြလို့ ဆိုရမယ့် ဂွါဒီယိုလာလည်း ရှိနေတာကြောင့် ချန်ပီယံလိဂ်မှာ အောင်မြင်မှုရနိုင်မယ်လို့ ထင်ထားခဲ့ကြပေမယ့် ဒီနေ့အချိန်ထိ တော့ မန်စီးတီးဟာ ချန်ပီယံလိဂ်မှာ အောင်မြင်မှုကို ရှာမတွေ့သေးတာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေအပြီး ရှုံးထွက်အဆင့်အတွက် မဲခွဲမှုမပြုလုပ်ခင်မှာတက်ရောက် ခဲ့တဲ့ အသင်းတွေကို ကစားခဲ့တဲ့အချက်အလက်မှတ်တမ်းတွေအရ အခြေခံပြီး FiveThirtyEight အဖွဲ့ ကတွက်ချက်ခဲ့ရာ မှာတော့ မန်စီးတီးအသင်းက ၂၄ ရာခိုင်နှုန်းအတူ လက်ရှိချန်ပီယံဘိုင်ယန်မြူးနစ်၊ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးနဲ့ ဘာစီလိုနာတို့ကို ကျော်ပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။


လက်ရှိချန်ပီယံဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကတော့ ချန်ပီယံဆုကိုကာကွယ်နိုင်မယ်လို့ တွက်ချက်မှုမှာ ၁၇ ရာခိုင်နှုန်း ဒုတိယ အများဆုံးဖြစ်နေပြီး ဘာစီလိုနာက ၁၀ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာရှိနေတာဖြစ်ပါတယ်။ လီဗာပူး၊ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ အသင်းတွေကတော့ ၇ ရာခိုင်နှုန်းစီနဲ့ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေကြတာပဲဖြစ်ပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ တော့ မန်စီးတီးဟာ အက်သလက်တီကို၊ ဂလက်ဘတ်၊ အတ္တလန္တာ၊ ဆီဗီလာ၊ လာဇီယို၊ ဘာစီလိုနာနဲ့ လစ်ပ်ဇစ် စတဲ့ အသင်းတွေထဲက တစ်သင်းသင်းနဲ့ တွေ့ဆုံ ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ဒီႏွစ္မွာေကာ ေရပန္းစားတဲ့အတိုင္း မန္စီးတီးက ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲႏိုင္မွာလား
ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈရဖို႔အတြက္ ေငြေၾကးမ်ားစြာသံုးစြဲၿပီး ျပင္ဆင္ေနတဲ့အသင္းေတြထဲမွာ မန္စီးတီးအသင္းလည္း ပါဝင္ပါတယ္။ ကစားသမားေကာင္းေတြကို ေငြေၾကးမ်ားစြာ အကုန္အက်ခံၿပီး ေခၚယူခဲ့သလို ကမ႓ာ့အေကာင္းဆံုးနည္းျပလို႔ ဆိုရမယ့္ ဂြါဒီယိုလာလည္း ရွိေနတာေၾကာင့္ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈရႏိုင္မယ္လို႔ ထင္ထားခဲ့ၾကေပမယ့္ ဒီေန႔အခ်ိန္ထိ ေတာ့ မန္စီးတီးဟာ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈကို ရွာမေတြ႕ေသးတာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ၾကားရက္မွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ေတြအၿပီး ရႈံးထြက္အဆင့္အတြက္ မဲခြဲမႈမျပဳလုပ္ခင္မွာတက္ေရာက္ ခဲ့တဲ့ အသင္းေတြကို ကစားခဲ့တဲ့အခ်က္အလက္မွတ္တမ္းေတြအရ အေျခခံၿပီး FiveThirtyEight အဖြဲ႕ ကတြက္ခ်က္ခဲ့ရာ မွာေတာ့ မန္စီးတီးအသင္းက ၂၄ ရာခိုင္ႏႈန္းအတူ လက္ရွိခ်န္ပီယံဘိုင္ယန္ျမဴးနစ္၊ ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးနဲ႔ ဘာစီလိုနာတို႔ကို ေက်ာ္ၿပီး ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆံုးျဖစ္ေနပါတယ္။
လက္ရွိခ်န္ပီယံျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကေတာ့ ခ်န္ပီယံဆုကိုကာကြယ္ႏိုင္မယ္လို႔ တြက္ခ်က္မႈမွာ ၁၇ ရာခိုင္ႏႈန္း ဒုတိယ အမ်ားဆံုးျဖစ္ေနၿပီး ဘာစီလိုနာက ၁၀ ရာခိုင္ႏႈန္းနဲ႔ တတိယေနရာမွာရွိေနတာျဖစ္ပါတယ္။ လီဗာပူး၊ ခ်ဲလ္ဆီးနဲ႔ ပီအက္စ္ဂ်ီ အသင္းေတြကေတာ့ ၇ ရာခိုင္ႏႈန္းစီနဲ႔ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနၾကတာပဲျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္မွာ ေတာ့ မန္စီးတီးဟာ အက္သလက္တီကို၊ ဂလက္ဘတ္၊ အတၱလႏၲာ၊ ဆီဗီလာ၊ လာဇီယို၊ ဘာစီလိုနာနဲ႔ လစ္ပ္ဇစ္ စတဲ့ အသင္းေတြထဲက တစ္သင္းသင္းနဲ႔ ေတြ႕ဆံု ကစားရမွာပဲ ျဖစ္ပါတယ္။