မက်ဆီကို ပြိုင်ဘက်အဖြစ် ဘယ်တုန်းကမှ မမြင်ခဲ့ဘူးလို့ ပြောခဲ့တဲ့ ဂျူဗင်တပ်အသင်းတိုက်စစ်မှူး စီရော်နယ်ဒို


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်ဟာ ဘာစီလိုနာကို အဝေးကွင်းမှာ သုံးဂိုးပြတ်အနိုင်ရခဲ့ ပြီး အုပ်စုပထမနေရာကို ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲကို တစ်ကမ္ဘာ့လုံးက ဘောလုံးချစ်ပရိသတ်တွေက စီရော်နယ်ဒိုနဲ့ မက်ဆီ တို့ရဲ့ ပြိုင်ဆိုင်မှုကြောင့် စောင့်ကြည့်နေခဲ့ကြတာဖြစ်ပေမယ့် ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ မက်ဆီကို ဘယ်တုန်းကမှ ပြိုင်ဘက်တစ်ဦးအဖြစ် မမြင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။


အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုက အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ သူနဲ့အတူ အကောင်းဆုံးကစားသမား အဖြစ်ရှိနေခဲ့သူလို့ ပြောခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုချီးမြင့်ပွဲကို ၁၂ နှစ်၊ ၁၃ နှစ်လောက်အတူ တက်ခဲ့သူ ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဘာစီလိုနာဟာ လက်ရှိမှာ ရုန်းကန်နေရတဲ့အနေအထားတွေဖြစ်နေပြီး မက်ဆီကိုယ် တိုင်ကလည်း အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုတာထားတာကြောင့် လာလီဂါမှာ စီရော်နယ်ဒိုနဲ့ မက်ဆီမရှိတော့မှာကို လာလီဂါ ပရိသတ်တွေအနေနဲ့ စိုးရိမ်နေကြတယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


စီရော်နယ်ဒိုက “ မက်ဆီကို ပြိုင်ဘက်အဖြစ် ဘယ်တုန်းကမှ မမြင်ခဲ့ပါဘူး။ သူကလည်း သူအသင်းအတွက် အကောင်းဆုံး လုပ်ဆောင်တဲ့သူဖြစ်သလို ကျွန်တော်ကလည်း ကစားတဲ့အသင်းတိုင်းအတွက် အကောင်းဆုံးလုပ်ဆောင်တဲ့သူဖြစ်တာ ကြောင့် ကျွန်တော်တို့က တစ်ခေတ်တည်းမှာ ကစားသူတွေဖြစ်ပေမယ့် ပြိုင်ဘက်တွေ မဟုတ်ပါဘူး။” လို့ ပြောခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ နူးကမ့်ကွင်းမှာ မက်ဆီပါတဲ့ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ပထမဆုံးဂိုးသွင်းယူနိုင်မှုအဖြစ်လည်း ပြီးခဲ့ တဲ့ပွဲတုန်းက မှတ်တမ်းသစ်တင်ခဲ့နိုင်ခဲ့တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

zawgyi version

မက္ဆီကို ၿပိဳင္ဘက္အျဖစ္ ဘယ္တုန္းကမွ မျမင္ခဲ့ဘူးလို႔ ေျပာခဲ့တဲ့ ဂ်ဴဗင္တပ္အသင္းတိုက္စစ္မွဴး စီေရာ္နယ္ဒို
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဂ်ဴဗင္တပ္ဟာ ဘာစီလိုနာကို အေဝးကြင္းမွာ သံုးဂိုးျပတ္အႏိုင္ရခဲ့ ၿပီး အုပ္စုပထမေနရာကို ရယူႏိုင္ခဲ့ပါတယ္။ ဒီပြဲကို တစ္ကမ႓ာ့လံုးက ေဘာလံုးခ်စ္ပရိသတ္ေတြက စီေရာ္နယ္ဒိုနဲ႔ မက္ဆီ တို႔ရဲ႕ ၿပိဳင္ဆိုင္မႈေၾကာင့္ ေစာင့္ၾကည့္ေနခဲ့ၾကတာျဖစ္ေပမယ့္ ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုကေတာ့ မက္ဆီကို ဘယ္တုန္းကမွ ၿပိဳင္ဘက္တစ္ဦးအျဖစ္ မျမင္ခဲ့ဘူးလို႔ ေျပာခဲ့ပါတယ္။
အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုက အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ သူနဲ႔အတူ အေကာင္းဆံုးကစားသမား အျဖစ္ရွိေနခဲ့သူလို႔ ေျပာခဲ့ၿပီး ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားဆုခ်ီးျမင့္ပြဲကို ၁၂ ႏွစ္၊ ၁၃ ႏွစ္ေလာက္အတူ တက္ခဲ့သူ ျဖစ္တယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ ဘာစီလိုနာဟာ လက္ရွိမွာ ႐ုန္းကန္ေနရတဲ့အေနအထားေတြျဖစ္ေနၿပီး မက္ဆီကိုယ္ တိုင္ကလည္း အသင္းကေန ထြက္ခြာဖို႔ ေတာင္းဆိုတာထားတာေၾကာင့္ လာလီဂါမွာ စီေရာ္နယ္ဒိုနဲ႔ မက္ဆီမရွိေတာ့မွာကို လာလီဂါ ပရိသတ္ေတြအေနနဲ႔ စိုးရိမ္ေနၾကတယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
စီေရာ္နယ္ဒိုက “ မက္ဆီကို ၿပိဳင္ဘက္အျဖစ္ ဘယ္တုန္းကမွ မျမင္ခဲ့ပါဘူး။ သူကလည္း သူအသင္းအတြက္ အေကာင္းဆံုး လုပ္ေဆာင္တဲ့သူျဖစ္သလို ကြ်န္ေတာ္ကလည္း ကစားတဲ့အသင္းတိုင္းအတြက္ အေကာင္းဆံုးလုပ္ေဆာင္တဲ့သူျဖစ္တာ ေၾကာင့္ ကြ်န္ေတာ္တို႔က တစ္ေခတ္တည္းမွာ ကစားသူေတြျဖစ္ေပမယ့္ ၿပိဳင္ဘက္ေတြ မဟုတ္ပါဘူး။” လို႔ ေျပာခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ႏူးကမ့္ကြင္းမွာ မက္ဆီပါတဲ့ဘာစီလိုနာအသင္းကို ခ်န္ပီယံလိဂ္ပထမဆံုးဂိုးသြင္းယူႏိုင္မႈအျဖစ္လည္း ၿပီးခဲ့ တဲ့ပြဲတုန္းက မွတ္တမ္းသစ္တင္ခဲ့ႏိုင္ခဲ့တယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။