မက်ဆီရဲ့ စံချိန်ကို ချိုးဖျက်လိုက်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီ


ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အမ်ဘတ်ပီက ပြီးခဲ့တဲ့နေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ ဘာဆက်ဆီဟာနဲ့ ပွဲမှာ အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးသွင်းယူပေးပြီးနောက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတင်ထားတဲ့စံချိန်ကို ချိုးဖျက် နိုင်ခဲ့တယ်လို့ သိရပါတယ်။ မက်ဆီ တင်ထားတဲ့စံချိန်ကတော့ ချန်ပီယံလိဂ်သွင်းဂိုး ၂၀ ဂိုးကို အသက်အငယ်ဆုံးကစားသ မားအဖြစ် ၂၂ နှစ် ၂၆၆ ရက်နဲ့ ရရှိထားခဲ့တာဖြစ်ပါတယ်။


ဒီစံချိန်ကိုတော့ အမ်ဘတ်ပီက ၂၁ နှစ် ၃၅၅ ရက်နဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ဥရောပရဲ့ အကောင်းဆုံးလူငယ်တိုက်စစ် မှူးဆိုတာကို သက်သေပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အမ်ဘတ်ပီအနေနဲ့ ဘောလုံးလောကရဲ့ နာမည်ကျော်ကစားသမားတွေ ဖြစ်တဲ့ ရာအူးလ်၊ ဒယ်ပီယာရိုနဲ့ ဘင်ဇီမာတို့ရဲ့ စံချိန်တွေကိုလည်း ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အမ်ဘတ်ပီဟာ ပြီးခဲ့ တဲ့ မွန့်ပယ်လီယာနဲ့ ကစားခဲ့တဲ့ပွဲတုန်းကလည်း ပီအက်စ်ဂျီအတွက် သူရဲ့သွင်းဂိုး ၁၀၀ မြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါ တယ်။


ပီအက်စ်ဂျီနဲ့ ဘာဆက်ဆီဟာတို့ရဲ့ ပွဲစဉ်ဟာ အင်္ဂါနေ့က ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပေမယ့် စတုထ္ထဒိုင်လူကြီးက ဘာဆက် ဆီဟာအသင်းရဲ့လက်ထောက်နည်းပြ ဝက်ဘိုကို လူမျိုးရေးခွဲခြားခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့မှ ပြန်လည်ကစားခဲ့တာပဲဖြစ် ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ပြန်ကစားတဲ့ပွဲစဉ်မှာတော့ နှစ်ဘက်အသင်းသားတွေဟာ လူမျိုးရေးမခွဲခြားဖို့ တောင်းဆိုထားတဲ့ ဆိုင်းပုဒ်တွေကို ကိုင်ဆောင်ခဲ့ပြီး ဝက်ဘိုကို ထောက်ခံမှုပြုလုပ်ခဲ့တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါ တယ်။

zawgyi version

မက္ဆီရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္လိုက္တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မွဴး အမ္ဘတ္ပီ
ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွဴး အမ္ဘတ္ပီက ၿပီးခဲ့တဲ့ေန႔မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္ျဖစ္တဲ့ ဘာဆက္ဆီဟာနဲ႔ ပြဲမွာ အသင္းအတြက္ အႏိုင္ဂိုး ႏွစ္ဂိုးသြင္းယူေပးၿပီးေနာက္ ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီတင္ထားတဲ့စံခ်ိန္ကို ခ်ိဳးဖ်က္ ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ မက္ဆီ တင္ထားတဲ့စံခ်ိန္ကေတာ့ ခ်န္ပီယံလိဂ္သြင္းဂိုး ၂၀ ဂိုးကို အသက္အငယ္ဆံုးကစားသ မားအျဖစ္ ၂၂ ႏွစ္ ၂၆၆ ရက္နဲ႔ ရရွိထားခဲ့တာျဖစ္ပါတယ္။
ဒီစံခ်ိန္ကိုေတာ့ အမ္ဘတ္ပီက ၂၁ ႏွစ္ ၃၅၅ ရက္နဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ၿပီး ဥေရာပရဲ႕ အေကာင္းဆံုးလူငယ္တိုက္စစ္ မွဴးဆိုတာကို သက္ေသျပႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ အမ္ဘတ္ပီအေနနဲ႔ ေဘာလံုးေလာကရဲ႕ နာမည္ေက်ာ္ကစားသမားေတြ ျဖစ္တဲ့ ရာအူးလ္၊ ဒယ္ပီယာ႐ိုနဲ႔ ဘင္ဇီမာတို႔ရဲ႕ စံခ်ိန္ေတြကိုလည္း ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အမ္ဘတ္ပီဟာ ၿပီးခဲ့ တဲ့ မြန္႔ပယ္လီယာနဲ႔ ကစားခဲ့တဲ့ပြဲတုန္းကလည္း ပီအက္စ္ဂ်ီအတြက္ သူရဲ႕သြင္းဂိုး ၁၀၀ ေျမာက္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါ တယ္။
ပီအက္စ္ဂ်ီနဲ႔ ဘာဆက္ဆီဟာတို႔ရဲ႕ ပြဲစဥ္ဟာ အဂၤါေန႔က ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ေပမယ့္ စတုထၳဒိုင္လူႀကီးက ဘာဆက္ ဆီဟာအသင္းရဲ႕လက္ေထာက္နည္းျပ ဝက္ဘိုကို လူမ်ိဳးေရးခြဲျခားခဲ့တာေၾကာင့္ ဗုဒၶဟူးေန႔မွ ျပန္လည္ကစားခဲ့တာပဲျဖစ္ ပါတယ္။ ဗုဒၶဟူးေန႔မွာ ျပန္ကစားတဲ့ပြဲစဥ္မွာေတာ့ ႏွစ္ဘက္အသင္းသားေတြဟာ လူမ်ိဳးေရးမခြဲျခားဖို႔ ေတာင္းဆိုထားတဲ့ ဆိုင္းပုဒ္ေတြကို ကိုင္ေဆာင္ခဲ့ၿပီး ဝက္ဘိုကို ေထာက္ခံမႈျပဳလုပ္ခဲ့တယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါ တယ္။