၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုကို ဘယ်အသင်းရမလဲ ခန့်မှန်းမှုမှာ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် ပဲ ဦးဆောင်နေ


၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပထမအကျော့ပွဲစဉ်တွေအပြီးမှာ ပြိုင်ပွဲပြီးဆုံးချိန်မှာချန်ပီယံဆုကို ဘယ်အသင်းရရှိမလဲဆိုပြီး အချက်အလက်စစ်တမ်းတွေကိုကြည့်ပြီး ခန့်မှန်းတွက်ချက်ရာမှာတော့ လက်ရှိချန်ပီယံဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကပဲ ရာခိုင်နှုန်းအများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်က ၂၆ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်နေပြီး သူရဲ့နောက်မှာတော့ ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းက ၁၇ ရာခိုင်နှုန်းနဲ့ ရှိနေတာပဲ ဖြစ်ပါတယ်။


အချက်အလက်စစ်တမ်းတွေကို ကောက်ယူတဲ့ FiveThirtyEgiht က အသင်းတစ်ချင်းစီရဲ့ စွမ်းဆောင်ရည်အလိုက်တွက် ချက်ထားတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့ရဲ့ နောက်မှာတော့ ဒီရာသီရုန်းကန်နေရတဲ့ ဘာစီလိုနာအသင်းက ၁၀ ရာခိုင်နှုန်းနဲ့ ရှိနေတာပဲ ဖြစ်ပါတယ်။ လီဗာပူးက ၇ ရာခိုင်နှုန်း ၊ ဒေါ့မန်က ၆ ရာခိုင်နှုန်း နဲ့ ရီးရဲလ်က ၅ ရာခိုင်နှုန်းနဲ့ အစဉ် လိုက်ရပ်တည်နေတယ်လို့ ဖော်ပြချက်တွေအရ သိရပါတယ်။


ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ အက်သလက်တီကို အသင်းတွေကတော့ ၄ ရာခိုင်နှုန်းစီရခဲ့ပြီး လစ်ပ်ဇစ်နဲ့ ယူနိုက်တက်တို့က ၃ ရာ ခိုင်နှုန်းစီရခဲ့ပါတယ်။ အင်တာမီလန်၊ ဂျူဗင်တပ်၊ ဆီဗီလာတို့က ၂ ရာခိုင်နှုန်းစီရခဲ့ကြတာဖြစ်ပြီး ဂလက်ဘတ်နဲ့ အေဂျက်က တော့ ချန်ပီယံဖြစ်ဖို့ ၁ ရာခိုင်နှုန်းစီပဲ ရှိခဲ့ကြတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းကိုယ်စားပြုအသင်းတွေထဲမှာတော့ ယူနိုက် တက်က ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်းအနည်းဆုံးဖြစ်နေတာကြောင့်လည်း အချက်အလက်ကောက်ယူတဲ့အဖွဲ့အစည်းအနေနဲ့ ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။

zawgyi version

၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ ခ်န္ပီယံလိဂ္ခ်န္ပီယံဆုကို ဘယ္အသင္းရမလဲ ခန္႔မွန္းမႈမွာ လက္ရွိခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္ ပဲ ဦးေဆာင္ေန
၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ပထမအေက်ာ့ပြဲစဥ္ေတြအၿပီးမွာ ၿပိဳင္ပြဲၿပီးဆံုးခ်ိန္မွာခ်န္ပီယံဆုကို ဘယ္အသင္းရရွိမလဲဆိုၿပီး အခ်က္အလက္စစ္တမ္းေတြကိုၾကည့္ၿပီး ခန္႔မွန္းတြက္ခ်က္ရာမွာေတာ့ လက္ရွိခ်န္ပီယံျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကပဲ ရာခိုင္ႏႈန္းအမ်ားဆံုးျဖစ္ေနတယ္လို႔ သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္က ၂၆ ရာခိုင္ႏႈန္းနဲ႔ အမ်ားဆံုး ျဖစ္ေနၿပီး သူရဲ႕ေနာက္မွာေတာ့ ဂြါဒီယိုလာရဲ႕မန္စီးတီးအသင္းက ၁၇ ရာခိုင္ႏႈန္းနဲ႔ ရွိေနတာပဲ ျဖစ္ပါတယ္။
အခ်က္အလက္စစ္တမ္းေတြကို ေကာက္ယူတဲ့ FiveThirtyEgiht က အသင္းတစ္ခ်င္းစီရဲ႕ စြမ္းေဆာင္ရည္အလိုက္တြက္ ခ်က္ထားတာျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္နဲ႔ မန္စီးတီးတို႔ရဲ႕ ေနာက္မွာေတာ့ ဒီရာသီ႐ုန္းကန္ေနရတဲ့ ဘာစီလိုနာအသင္းက ၁၀ ရာခိုင္ႏႈန္းနဲ႔ ရွိေနတာပဲ ျဖစ္ပါတယ္။ လီဗာပူးက ၇ ရာခိုင္ႏႈန္း ၊ ေဒါ့မန္က ၆ ရာခိုင္ႏႈန္း နဲ႔ ရီးရဲလ္က ၅ ရာခိုင္ႏႈန္းနဲ႔ အစဥ္ လိုက္ရပ္တည္ေနတယ္လို႔ ေဖာ္ျပခ်က္ေတြအရ သိရပါတယ္။
ပီအက္စ္ဂ်ီ၊ ခ်ဲလ္ဆီးနဲ႔ အက္သလက္တီကို အသင္းေတြကေတာ့ ၄ ရာခိုင္ႏႈန္းစီရခဲ့ၿပီး လစ္ပ္ဇစ္နဲ႔ ယူႏိုက္တက္တို႔က ၃ ရာ ခိုင္ႏႈန္းစီရခဲ့ပါတယ္။ အင္တာမီလန္၊ ဂ်ဴဗင္တပ္၊ ဆီဗီလာတို႔က ၂ ရာခိုင္ႏႈန္းစီရခဲ့ၾကတာျဖစ္ၿပီး ဂလက္ဘတ္နဲ႔ ေအဂ်က္က ေတာ့ ခ်န္ပီယံျဖစ္ဖို႔ ၁ ရာခိုင္ႏႈန္းစီပဲ ရွိခဲ့ၾကတာျဖစ္ပါတယ္။ အဂၤလန္အသင္းကိုယ္စားျပဳအသင္းေတြထဲမွာေတာ့ ယူႏိုက္ တက္က ခ်န္ပီယံျဖစ္ဖို႔ ရာခိုင္ႏႈန္းအနည္းဆံုးျဖစ္ေနတာေၾကာင့္လည္း အခ်က္အလက္ေကာက္ယူတဲ့အဖြဲ႕အစည္းအေနနဲ႔ ေဝဖန္ခံေနရတယ္လို႔ သိရပါတယ္။