ချန်ပီယံလိဂ်သမိုင်းမှာ ၁၅ မိနစ်အတွင်း လေးဂိုးသွင်းယူနိုင်တဲ့ အသင်းအဖြစ် ဘိုင်ယန်မြူးနစ် စံချိန်တင်နိုင်ခဲ့


ဘိုင်ယန်မြူးနစ်ဟာ ဆဲလ်ဘတ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အဝေးကွင်းမှာ ကစားရတာဖြစ်ပေမယ့် ခြောက်ဂိုး နှစ်ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်မှာ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် အနိုင်ဂိုးတွေကိုတော့ ပွဲပြီးခါနီး ၁၅ မိနစ် အလိုမှ သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်သမိုင်းမှာ ၁၅ မိနစ်အတွင်း လေးဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့လည်း သိရပါတယ်။


လက်ရှိချန်ပီယံဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ဟာ ဆဲလ်ဘတ်နဲ့ပွဲမှာ အိမ်ရှင်အသင်းရဲ့ ရုန်းအားကြောင့် အခက်တွေ့ခဲ့ပြီး ဆဲလ် ဘတ် က ပွဲအစ ၄ မိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က ချေပဂိုးနဲ့ ဦးဆောင်ဂိုးပြန်သွင်းယူနိုင်ခဲ့ ပေမယ့် အမ်ကူဂါဝါက ပွဲချိန် ၆၆ မိနစ်မှာ ချေပဂိုးပြန်သွင်းခဲ့လို နှစ်ဂိုးစီသရေကျခဲ့နေခဲ့ပါတယ်။ ပွဲပြီးခါနီး ၁၅ မိနစ်အလိုမှ ဘိုင်ယန်မြူးနစ်အနေနဲ့ အနိုင်ဂိုးတွေရခဲ့ပြီး ဘိုတန်၊ ဆာနေး၊ လီဝန်ဒေါစကီးနဲ့ ဟာနန်ဒက်ဇ် တို့က ဂိုးတွေသွင်းယူခဲ့တာ ဖြစ်ပါတယ်။


ဆဲလ်ဘတ်ကို အနိုင်ရခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အနေနဲ့ ချန်ပီယံလိဂ်နောက်ဆုံး ၁၅ ပွဲဆက် ရှုံးပွဲမရှိအောင် ကစား ထားနိုင်ခဲ့သလို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ချန်ပီယံလိဂ်မှာ ၁၆ ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ ယူနိုက်တက်ရဲ့စံချိန်ကို လည်း လိုက်မီနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်နောက်ထပ်ပွဲစဉ်အဖြစ် ဆဲလ်ဘတ်ကိုပဲ အိမ်ကွင်းမှာ ပြန်ပြီး လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္သမိုင္းမွာ ၁၅ မိနစ္အတြင္း ေလးဂိုးသြင္းယူႏိုင္တဲ့ အသင္းအျဖစ္ ဘိုင္ယန္ျမဴးနစ္ စံခ်ိန္တင္ႏိုင္ခဲ့
ဘိုင္ယန္ျမဴးနစ္ဟာ ဆဲလ္ဘတ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အေဝးကြင္းမွာ ကစားရတာျဖစ္ေပမယ့္ ေျခာက္ဂိုး ႏွစ္ဂိုး နဲ႔ အႏိုင္ရခဲ့ပါတယ္။ ဒီပြဲမွာ ဘိုင္ယန္ျမဴးနစ္မွာ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တယ္ဆိုေပမယ့္ အႏိုင္ဂိုးေတြကိုေတာ့ ပြဲၿပီးခါနီး ၁၅ မိနစ္ အလိုမွ သြင္းယူႏိုင္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္သမိုင္းမွာ ၁၅ မိနစ္အတြင္း ေလးဂိုးသြင္းယူႏိုင္တဲ့ ပထမဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္လို႔လည္း သိရပါတယ္။
လက္ရွိခ်န္ပီယံျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ဟာ ဆဲလ္ဘတ္နဲ႔ပြဲမွာ အိမ္ရွင္အသင္းရဲ႕ ႐ုန္းအားေၾကာင့္ အခက္ေတြ႕ခဲ့ၿပီး ဆဲလ္ ဘတ္ က ပြဲအစ ၄ မိနစ္မွာပဲ ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္က ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးျပန္သြင္းယူႏိုင္ခဲ့ ေပမယ့္ အမ္ကူဂါဝါက ပြဲခ်ိန္ ၆၆ မိနစ္မွာ ေခ်ပဂိုးျပန္သြင္းခဲ့လို ႏွစ္ဂိုးစီသေရက်ခဲ့ေနခဲ့ပါတယ္။ ပြဲၿပီးခါနီး ၁၅ မိနစ္အလိုမွ ဘိုင္ယန္ျမဴးနစ္အေနနဲ႔ အႏိုင္ဂိုးေတြရခဲ့ၿပီး ဘိုတန္၊ ဆာေနး၊ လီဝန္ေဒါစကီးနဲ႔ ဟာနန္ဒက္ဇ္ တို႔က ဂိုးေတြသြင္းယူခဲ့တာ ျဖစ္ပါတယ္။
ဆဲလ္ဘတ္ကို အႏိုင္ရခဲ့တာေၾကာင့္ ဘိုင္ယန္ျမဴးနစ္အေနနဲ႔ ခ်န္ပီယံလိဂ္ေနာက္ဆံုး ၁၅ ပြဲဆက္ ရႈံးပြဲမရွိေအာင္ ကစား ထားႏိုင္ခဲ့သလို ၂၀၀၇ ခုႏွစ္ကေန ၂၀၁၀ ခုႏွစ္အတြင္း ခ်န္ပီယံလိဂ္မွာ ၁၆ ပြဲဆက္ ရႈံးပြဲမရွိခဲ့တဲ့ ယူႏိုက္တက္ရဲ႕စံခ်ိန္ကို လည္း လိုက္မီႏိုင္ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ ခ်န္ပီယံလိဂ္ေနာက္ထပ္ပြဲစဥ္အျဖစ္ ဆဲလ္ဘတ္ကိုပဲ အိမ္ကြင္းမွာ ျပန္ၿပီး လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။