ရာထူးက ထုတ်ပယ်ခံရနိုင်တယ်လို့ မခံစားရကြောင်း ပြောခဲ့တဲ့ ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်လ်


ပြီးခဲ့တဲ့နေ့က ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လစ်ပ်ဇစ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်လ်က သူအနေနဲ့ ရာထူးက ထုတ်ပယ်ခံရနိုင်တယ်လို့ မခံစားရကြောင်းပြောခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့နှစ် က ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့အသင်းဖြစ်ပေမယ့် ဒီနှစ် ချန်ပီယံလိဂ်ပွဲစဉ် ၃ပွဲကစားပြီးချိန်မှာ ၁ပွဲနိုင် ၂ပွဲရှုံးထားတာ ဖြစ်ပါတယ်။


လစ်ပ်ဇစ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အဓိကကစားသမားတွေဖြစ်တဲ့ နေမာ၊ အမ်ဘတ်ပီ၊ အိုင်ကာဒီတို့ မပါဝင်နိုင်တာကြောင့် ပီအက်စ်ဂျီနည်းပြ တူချယ်အနေနဲ့ အကောင်းဆုံးလူစာရင်းကို အသုံးပြုပြီး ပွဲထွက်လာခဲ့ပေမယ့် ကစားသမားတွေထုတ် ပယ်ခံခဲ့ရတာကြောင့် အဝေးကွင်းမှာ ရှုံးပွဲကြုံခဲ့တာပဲ ဖြစ်ပါတယ်။ ဒီမာရီယာက ပွဲချိန် ၆ မိနစ်မှာ ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ပွဲချိန် ၁၆ မိနစ်မှာရတဲ့ ပင်နယ်တီကိုတော့ ဂိုးရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိတာကြောင့် ပီအက်စ်ဂျီတို့ နစ်နာခဲ့ရတာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ပီအက်စ်ဂျီနည်းပြ တူချယ်လ်က “ ပြင်သစ်နိုင်ငံကထုတ်တဲ့ သတင်းစာတွေမှာတော့ ကျွန်တော်အနေနဲ့ အန္တာရာယ်ရှိနေတဲ့ နေရာကို ရောက်နေပြီဆိုပြီး ဖော်ပြနေကြပေမယ့် ရာထူးက ထုတ်ပယ်ခံရနိုင်တယ်လို့ မခံစားမိပါဘူး။ ကစားတဲ့ပွဲတိုင်းမှာ အနိုင်ရဖို့ မျှော်လင့်ထားလို့ မရပါဘူး။ ဘောလုံးပွဲတစ်ပွဲမှာ အနိုင်ရနိုင်သလို ရှုံးလည်းရှုံးနိုင်ပြီး သရေ လည်း ကျနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ရာထူးက ထုတ္ပယ္ခံရႏိုင္တယ္လို႔ မခံစားရေၾကာင္း ေျပာခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းနည္းျပ တူခ်ယ္လ္
ၿပီးခဲ့တဲ့ေန႔က ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ လစ္ပ္ဇစ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ အေရးနိမ့္ခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီအသင္းနည္းျပ တူခ်ယ္လ္က သူအေနနဲ႔ ရာထူးက ထုတ္ပယ္ခံရႏိုင္တယ္လို႔ မခံစားရေၾကာင္းေျပာခဲ့ပါတယ္။ ပီအက္စ္ဂ်ီဟာ ၿပီးခဲ့တဲ့ႏွစ္ က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္ခဲ့သလို ခ်န္ပီယံလိဂ္မွာလည္း ေအာင္ျမင္မႈရဖို႔ ႀကိဳးစားေနတဲ့အသင္းျဖစ္ေပမယ့္ ဒီႏွစ္ ခ်န္ပီယံလိဂ္ပြဲစဥ္ ၃ပြဲကစားၿပီးခ်ိန္မွာ ၁ပြဲႏိုင္ ၂ပြဲရႈံးထားတာ ျဖစ္ပါတယ္။
လစ္ပ္ဇစ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ အဓိကကစားသမားေတြျဖစ္တဲ့ ေနမာ၊ အမ္ဘတ္ပီ၊ အိုင္ကာဒီတို႔ မပါဝင္ႏိုင္တာေၾကာင့္ ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္အေနနဲ႔ အေကာင္းဆံုးလူစာရင္းကို အသံုးျပဳၿပီး ပြဲထြက္လာခဲ့ေပမယ့္ ကစားသမားေတြထုတ္ ပယ္ခံခဲ့ရတာေၾကာင့္ အေဝးကြင္းမွာ ရႈံးပြဲၾကံဳခဲ့တာပဲ ျဖစ္ပါတယ္။ ဒီမာရီယာက ပြဲခ်ိန္ ၆ မိနစ္မွာ ပီအက္စ္ဂ်ီအတြက္ ဦးေဆာင္ဂိုးသြင္းယူခဲ့ေပမယ့္ ပြဲခ်ိန္ ၁၆ မိနစ္မွာရတဲ့ ပင္နယ္တီကိုေတာ့ ဂိုးရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ျခင္းမရွိတာေၾကာင့္ ပီအက္စ္ဂ်ီတို႔ နစ္နာခဲ့ရတာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္လ္က “ ျပင္သစ္ႏိုင္ငံကထုတ္တဲ့ သတင္းစာေတြမွာေတာ့ ကြ်န္ေတာ္အေနနဲ႔ အႏၲာရာယ္ရွိေနတဲ့ ေနရာကို ေရာက္ေနၿပီဆိုၿပီး ေဖာ္ျပေနၾကေပမယ့္ ရာထူးက ထုတ္ပယ္ခံရႏိုင္တယ္လို႔ မခံစားမိပါဘူး။ ကစားတဲ့ပြဲတိုင္းမွာ အႏိုင္ရဖို႔ ေမွ်ာ္လင့္ထားလို႔ မရပါဘူး။ ေဘာလံုးပြဲတစ္ပြဲမွာ အႏိုင္ရႏိုင္သလို ရႈံးလည္းရႈံးႏိုင္ၿပီး သေရ လည္း က်ႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။