အသင်းရဲ့ နိုင်ပွဲက ဂိုးသမား တာစတီဂန်ရဲ့ စွမ်းဆောင်ရည်ကြောင့်ဖြစ်တယ် ဆိုပြီး ပြောခဲ့တဲ့ နည်းပြ ရော်နယ်ကိုးမန်း


ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ဒိုင်နမိုကိဗ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နှစ်ဂိုးတစ်ဂိုးနဲ့ အသင်း အနိုင်ရခဲ့ပေ မယ့် အသင်းကိုနိုင်ပွဲရအောင် အဓိကစွမ်းဆောင်ခဲ့သူက ဂိုးသမား တာစတီဂန်သာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။ တာစတီဂန်ဟာ ဒိုင်နမိုကိဗ်အသင်းရဲ့ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေး ၆ကြိမ်ကို အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ လို့သာ ဘာစီလိုနာအနေနဲ့ အိမ်ကွင်းမှာ အနိုင် ၃ မှတ်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက “ ဒဏ်ရာက သက်သာလာပြီးနောက် လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ တာစတီဂန်က ဒီနေ့ပွဲမှာလည်း သူအနေနဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်တယ် ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒိုင်နမိုကိဗ်နဲ့ ပွဲမှာအနိုင်ရခဲ့တဲ့အတွက် သူကို ကျေးဇူးတင်ပါတယ်။” လို့ ပြောခဲ့ပါ တယ်။ ဘာစီလိုနာဟာ နောက်ဆုံး ၁၈ နှစ်အတွင်းမှာ အဆိုးရွားဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သတင်းတွေ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။


ဘာစီလိုနာဟာ ချန်ပီယံလိဂ် ၃ပွဲကစားပြီးချိန်မှာ ၃ ပွဲစလုံးအနိုင်ရပြီး နောက်တစ်ဆင့်တက်ရောက်ဖို့ အခြေအနေကောင်း နေပေမယ့် လာလီဂါမှာတော့ ပွဲစဉ် ၆ပွဲသာ ကစားရသေးပေမယ့် ၂ ပွဲရှုံးထားတာကြောင့် အမှတ်ပေးဇယားမှာ အဆင့်-၁၂ ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ကစားမယ့် လာလီဂါပွဲစဉ်မှာတော့ ဘာစီလိုနာဟာ ဘက်တစ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

အသင္းရဲ႕ ႏိုင္ပြဲက ဂိုးသမား တာစတီဂန္ရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ျဖစ္တယ္ ဆိုၿပီး ေျပာခဲ့တဲ့ နည္းျပ ေရာ္နယ္ကိုးမန္း
ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက ဒိုင္နမိုကိဗ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ႏွစ္ဂိုးတစ္ဂိုးနဲ႔ အသင္း အႏိုင္ရခဲ့ေပ မယ့္ အသင္းကိုႏိုင္ပြဲရေအာင္ အဓိကစြမ္းေဆာင္ခဲ့သူက ဂိုးသမား တာစတီဂန္သာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါ တယ္။ တာစတီဂန္ဟာ ဒိုင္နမိုကိဗ္အသင္းရဲ႕ ဂိုးရႏိုင္ေလာက္တဲ့ အခြင့္အေရး ၆ႀကိမ္ကို အေကာင္းဆံုးကာကြယ္သြားႏိုင္ခဲ့ လို႔သာ ဘာစီလိုနာအေနနဲ႔ အိမ္ကြင္းမွာ အႏိုင္ ၃ မွတ္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက “ ဒဏ္ရာက သက္သာလာၿပီးေနာက္ ေလ့က်င့္ေရးကြင္းမွာ အေကာင္းဆံုးစြမ္းေဆာင္ႏိုင္ခဲ့တဲ့ တာစတီဂန္က ဒီေန႔ပြဲမွာလည္း သူအေနနဲ႔ ကစားသမားေကာင္းတစ္ေယာက္ျဖစ္တယ္ ဆိုတာကို သက္ေသျပႏိုင္ခဲ့ပါတယ္။ ဒိုင္နမိုကိဗ္နဲ႔ ပြဲမွာအႏိုင္ရခဲ့တဲ့အတြက္ သူကို ေက်းဇူးတင္ပါတယ္။” လို႔ ေျပာခဲ့ပါ တယ္။ ဘာစီလိုနာဟာ ေနာက္ဆံုး ၁၈ ႏွစ္အတြင္းမွာ အဆိုးရြားဆံုး ရာသီအစနဲ႔ ရင္ဆိုင္ေနရတယ္လို႔လည္း သတင္းေတြ ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္ ၃ပြဲကစားၿပီးခ်ိန္မွာ ၃ ပြဲစလံုးအႏိုင္ရၿပီး ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ အေျခအေနေကာင္း ေနေပမယ့္ လာလီဂါမွာေတာ့ ပြဲစဥ္ ၆ပြဲသာ ကစားရေသးေပမယ့္ ၂ ပြဲရႈံးထားတာေၾကာင့္ အမွတ္ေပးဇယားမွာ အဆင့္-၁၂ ကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။ ဒီတစ္ပတ္ကစားမယ့္ လာလီဂါပြဲစဥ္မွာေတာ့ ဘာစီလိုနာဟာ ဘက္တစ္ကို အိမ္ကြင္းမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။