၁၀ နှစ်အကြာမှ ၅ ပွဲဆက် ဂိုးမပေးရတဲ့ စံချိန်မှတ်တမ်းကို ပြန်ရခဲ့တဲ့ ချဲလ်ဆီးအသင်း


ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နေ့က ရန်းနက်စ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ သုံးဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး အုပ်စုပွဲစဉ် ၃ပွဲ ကစားပြီးချိန်မှာ ရမှတ် ၇ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားနိုင်ပါတယ်။ ဒီကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲမှာ ချဲလ်ဆီးအနေနဲ့ ပေးဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် ၂၀၁၀ ခုနှစ်နောက် ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၅ ပွဲဆက်ဂိုးမပေးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ရာသီက ခံစစ်ပိုင်းအားနည်းမှုတွေကြောင့် ဝေဖန်ခံခဲ့ရတဲ့ ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမား ကောင်းတွေကို ခေါ်ယူခဲ့ပြီး လက်စွမ်းကျနေတဲ့ ကီပါရဲ့နေရာအတွက်လည်း ရန်းနက်စ်က မန်ဒီကို ခေါ်ယူခဲ့ပါတယ်။ မန်ဒီ ဟာ နည်းပြလမ်းပတ် အကြိုက်တွေ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး သူရဲ့စွမ်းဆောင်ရည်ကလည်း အသင်းအတွက် ရလဒ် ကောင်းတွေ ရစေခဲ့တာပဲ ဖြစ်ပါတယ်။


မန်ဒီဟာ ရန်းနက်စ်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၇ ပွဲကစားခဲ့ရာမှာ ပေးဂိုးတစ်ဂိုးပဲ ပေးခဲ့ရတယ် လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကိုတော့ အသစ်ခေါ်ယူထားတဲ့ တီမို ဝါနာက နှစ်ဂိုးနဲ့ အေဘရာဟမ်က တစ်ဂိုးသွင်းယူခဲ့ပါတယ်။ အေဘရာဟမ်ဟာ ၂၀၁၅ ခုနှစ်က ဝီလီယံ နောက်ပိုင်း ချန်ပီ ယံလိဂ်မှာ သုံးပွဲဆက် ဂိုးသွင်းယူနိုင်သူအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့တယ်လို့ သိရပါတယ်။

zawgyi version

၁၀ ႏွစ္အၾကာမွ ၅ ပြဲဆက္ ဂိုးမေပးရတဲ့ စံခ်ိန္မွတ္တမ္းကို ျပန္ရခဲ့တဲ့ ခ်ဲလ္ဆီးအသင္း
ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ေန႔က ရန္းနက္စ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာေတာ့ သံုးဂိုးျပတ္နဲ႔အႏိုင္ရခဲ့ၿပီး အုပ္စုပြဲစဥ္ ၃ပြဲ ကစားၿပီးခ်ိန္မွာ ရမွတ္ ၇ မွတ္နဲ႔ အုပ္စုကို ဦးေဆာင္ထားႏိုင္ပါတယ္။ ဒီကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ ၃ ပြဲအပါအဝင္ ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံု ၅ပြဲမွာ ခ်ဲလ္ဆီးအေနနဲ႔ ေပးဂိုးမေပးရေအာင္စြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္ ၂၀၁၀ ခုႏွစ္ေနာက္ ပိုင္းမွာ ပထမဆံုးအႀကိမ္အျဖစ္ ၅ ပြဲဆက္ဂိုးမေပးခဲ့ရတာ ျဖစ္တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ရာသီက ခံစစ္ပိုင္းအားနည္းမႈေတြေၾကာင့္ ေဝဖန္ခံခဲ့ရတဲ့ ခ်ဲလ္ဆီးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမား ေကာင္းေတြကို ေခၚယူခဲ့ၿပီး လက္စြမ္းက်ေနတဲ့ ကီပါရဲ႕ေနရာအတြက္လည္း ရန္းနက္စ္က မန္ဒီကို ေခၚယူခဲ့ပါတယ္။ မန္ဒီ ဟာ နည္းျပလမ္းပတ္ အႀကိဳက္ေတြ႕တဲ့ကစားသမားတစ္ဦးျဖစ္ၿပီး သူရဲ႕စြမ္းေဆာင္ရည္ကလည္း အသင္းအတြက္ ရလဒ္ ေကာင္းေတြ ရေစခဲ့တာပဲ ျဖစ္ပါတယ္။
မန္ဒီဟာ ရန္းနက္စ္ကေန ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ ၿပိဳင္ပြဲစံု ၇ ပြဲကစားခဲ့ရာမွာ ေပးဂိုးတစ္ဂိုးပဲ ေပးခဲ့ရတယ္ လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရသိရပါတယ္။ ခ်ဲလ္ဆီးအတြက္ အႏိုင္ဂိုးေတြကိုေတာ့ အသစ္ေခၚယူထားတဲ့ တီမို ဝါနာက ႏွစ္ဂိုးနဲ႔ ေအဘရာဟမ္က တစ္ဂိုးသြင္းယူခဲ့ပါတယ္။ ေအဘရာဟမ္ဟာ ၂၀၁၅ ခုႏွစ္က ဝီလီယံ ေနာက္ပိုင္း ခ်န္ပီ ယံလိဂ္မွာ သံုးပြဲဆက္ ဂိုးသြင္းယူႏိုင္သူအျဖစ္လည္း မွတ္တမ္းဝင္သြားခဲ့တယ္လို႔ သိရပါတယ္။