ရှုံးပွဲဆက်မှုတွေက ယူနိုက်တက်နဲ့ ဆိုးလ်ရှားကို လမ်းခွဲစေတော့မှာလား ဆိုပြီး သတင်းတွေက ဖော်ပြနေကြ


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ ယူနိုက်တက်ဟာ တူရကီကလပ်ဘာဆက်ဆီဟာကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပြီး နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ လစ်ပ်ဇစ် တို့ကို အနိုင်ရထားတာကြောင့် အုပ်စုတွင်းမှာ အားအနည်းဆုံးဖြစ်တဲ့ ဘာဆက်ဆီဟာကို အနိုင်ရ မယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့် မထင်မှတ်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။


ဘာဆက်ဆီဟာကလည်း ယူနိုက်တက်နဲ့ မကစားခင် ပီအက်စ်ဂျီနဲ့ လစ်ပ်ဇစ်တို့ကို ရှုံးထားတာကြောင့် ရမှတ်ရဖို့ ရုန်းကန် လာခဲ့ပြီး ပွဲမစခင်မှာ ဘာဆက်ဆီဟာပရိသတ်တွေက ငရဲမှကြိုဆိုပါတယ် ဆိုတဲ့သတင်းထုတ်ပြန်မှုတွေပြုလုပ်ခဲ့ကြတယ် လို့လည်း သိရပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် တူရကီကလပ် ဂါလာတာစာရေးကို လည်း အဝေးကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ ရှုံးခဲ့တာကြောင့် တူရကီအသင်းပရိသတ်တွေက လှောင်ပြောင်ခဲ့တာဖြစ်ပြီး ပွဲအပြီး မှာတော့ သူတို့ရဲ့မျှော်လင့်ချက်တွေ ပြည့်ခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အာဆင်နယ်ကို အိမ်ကွင်းမှာကစားရတာဖြစ်ပေမယ့် ယူနိုက်တက်ဟာ ရှုံးခဲ့သလို ဘာဆက်ဆီဟာကိုလည်း ရှုံးခဲ့တာကြောင့် နည်းပြဆိုးလ်ရှားအနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။ ယူနိုက် တက်ဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ အဲဗာတန်ကို အဝေးကွင်းမှာ သွားရောက် ယှဉ် ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကတော့ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ပြီး စပါးနည်းပြ ဟောင်း ပိုချက်တီနိုကို ခန့်အပ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

zawgyi version

ရႈံးပြဲဆက္မႈေတြက ယူႏိုက္တက္နဲ႔ ဆိုးလ္ရွားကို လမ္းခြဲေစေတာ့မွာလား ဆိုၿပီး သတင္းေတြက ေဖာ္ျပေနၾက
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာေတာ့ ယူႏိုက္တက္ဟာ တူရကီကလပ္ဘာဆက္ဆီဟာကို အေဝးကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး ႏွစ္ဂိုးတစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ ယူႏိုက္တက္ဟာ အုပ္စုတြင္းၿပိဳင္ဘက္ေတြျဖစ္တဲ့ ပီအက္စ္ဂ်ီ၊ လစ္ပ္ဇစ္ တို႔ကို အႏိုင္ရထားတာေၾကာင့္ အုပ္စုတြင္းမွာ အားအနည္းဆံုးျဖစ္တဲ့ ဘာဆက္ဆီဟာကို အႏိုင္ရ မယ္လို႔ ေမွ်ာ္လင့္ထားခဲ့ၾကေပမယ့္ မထင္မွတ္ဘဲ ရႈံးပြဲၾကံဳေတြ႕ခဲ့တာပဲ ျဖစ္ပါတယ္။
ဘာဆက္ဆီဟာကလည္း ယူႏိုက္တက္နဲ႔ မကစားခင္ ပီအက္စ္ဂ်ီနဲ႔ လစ္ပ္ဇစ္တို႔ကို ရႈံးထားတာေၾကာင့္ ရမွတ္ရဖို႔ ႐ုန္းကန္ လာခဲ့ၿပီး ပြဲမစခင္မွာ ဘာဆက္ဆီဟာပရိသတ္ေတြက ငရဲမွႀကိဳဆိုပါတယ္ ဆိုတဲ့သတင္းထုတ္ျပန္မႈေတြျပဳလုပ္ခဲ့ၾကတယ္ လို႔လည္း သိရပါတယ္။ ယူႏိုက္တက္ဟာ ၂၀၁၃ ခုႏွစ္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ တူရကီကလပ္ ဂါလာတာစာေရးကို လည္း အေဝးကြင္းမွာ တစ္ဂိုးဂိုးမရွိနဲ႔ ရႈံးခဲ့တာေၾကာင့္ တူရကီအသင္းပရိသတ္ေတြက ေလွာင္ေျပာင္ခဲ့တာျဖစ္ၿပီး ပြဲအၿပီး မွာေတာ့ သူတို႔ရဲ႕ေမွ်ာ္လင့္ခ်က္ေတြ ျပည့္ခဲ့တယ္လို႔ပဲဆိုရမွာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း အာဆင္နယ္ကို အိမ္ကြင္းမွာကစားရတာျဖစ္ေပမယ့္ ယူႏိုက္တက္ဟာ ရႈံးခဲ့သလို ဘာဆက္ဆီဟာကိုလည္း ရႈံးခဲ့တာေၾကာင့္ နည္းျပဆိုးလ္ရွားအေနနဲ႔ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရၿပီပဲျဖစ္ပါတယ္။ ယူႏိုက္ တက္ဟာ လာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ ဒီရာသီမွာ ေျခစြမ္းျပေနတဲ့ အဲဗာတန္ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြကေတာ့ နည္းျပဆိုးလ္ရွားကို ထုတ္ပယ္ၿပီး စပါးနည္းျပ ေဟာင္း ပိုခ်က္တီႏိုကို ခန္႔အပ္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။