ဒိုင်လူကြီးကိုနှောင့်ယှက်ခဲ့တာကြောင့်အဝါကတ်ပြခံခဲ့ရတဲ့အက်သလက်တီကိုတိုက်စစ်မှူးဆွာရက်ဇ်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ အက်သလက်တီကိုဟာ ရုရှားကလပ် လိုကိုမိုးတစ်မော်စကိုနဲ့ ကစားခဲ့ရပြီး တစ်ဂိုးစီသရေကျခဲ့တယ်လို့ သိရပါတယ်။ အက်သလက်တီကိုဟာ နောက်ခံလူဂျီမီနက်ဇ်ရဲ့ သွင်းဂိုးနဲ့ ဦး ဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၂၅ မိနစ်မှာ ကွင်းလယ်အဖျက်ကစားသမား ဟာရီရာရဲ့ လက်နဲ့ထိတယ်ဆိုပြီး ကွင်းလယ်ဒိုင်က VAR ကြည့်ကာ ပင်နယ်တီပေးခဲ့လို့ ချေပဂိုးပေးခဲ့ရပြီး တစ်ဂိုးစီသရေကျခဲ့တာပဲ ဖြစ်ပါတယ်။


ပင်နယ်တီအဆုံးအဖြတ်အတွက် ကွင်းလယ်ဒိုင်အနေနဲ့ VAR ကို သွားရောက်ကြည့်ရှုနေချိန်မှာ အက်သလက်တီကိုတိုက် စစ်မှူး ဆွာရက်ဇ်က ကွင်းလယ်ဒိုင်ရဲ့ အနီးအနားထိသွားပြီး နှောင့်ယှက်ခဲ့သလို ဖြစ်တာကြောင့် အခြားစည်းကြပ်ဒိုင်တစ် ဦးက ဆွာရက်ဇ်ကို ပြောဆိုမှုရှိခဲ့သလို ကွင်းလယ်ဒိုင်ကလည်း အဝါကတ်ပြသပြီး ဆွာရက်ဇ်ကို သတိပေးမှုပြုလုပ်ခဲ့တယ် လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


ဆွာရက်ဇ်ဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် အခြားမလိုအပ်တဲ့ အပြုအမူတွေကို ပြုလုပ်တာကြောင့် အမြဲ လိုလို ဝေဖန်ခံနေရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းနောက်ခံလူဟောင်း အီဗရာကို လူမျိုး ရေးခွဲခြားခဲ့လို ရှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလို အခြားပြိုင်ဘက်ကစားသမားတွေဖြစ်တဲ့ ပီအက်ဗွီက ဘက်ကယ်လ်၊ ချဲလ်ဆီးက အိုင်ဗန်နိုဗစ်နဲ့ အီတလီက ချီရယ်လီနီတို့ကိုလည်း ကိုက်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေလည်း ဆွာရက်ဇ်အနေနဲ့ လုပ်ဆောင်ခဲ့ပါတယ်။