အသစ်ခေါ်ယူထားတဲ့ လူငယ်ကစားသမား ဖာရန်တောရက်စ်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ချီးကျူးခဲ့တဲ့ ဂွါဒီယိုလာ


မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက နွေရာသီအပြောင်းအရွှေ့မှာ ဗလင်စီယာကနေ ခေါ်ယူထားခဲ့တဲ့ အသက် ၂၀ သာ ရှိသေးတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဖာရန်တောရက်စ်ရဲ့ စွမ်းဆောင်နိုင်မှုတွေအတွက် ချီးကျူးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဂွါဒီယိုလာဟာ အသင်းရဲ့အထောင်တိုက်စစ်မှူးတွေဖြစ်တဲ့ အဂူရိုနဲ့ ဂျီးဆပ်စ်တို့ နှစ် ယောက်စလုံး ဒဏ်ရာပြဿနာရှိနေတာကြောင့် ကွင်းလယ်တိုက်စစ်ကစားသမားတွေကို အသင်းရဲ့တိုက်စစ်မှာ ကစားစေ ခဲ့ပါတယ်။


အိုလံပီယာကို့စ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂွါဒီယိုလာအနေနဲ့ ဖာရန်တောရက်စ်ကို စတာလင်း၊ မာရက်ဇ်တို့နဲ့ အတူ တိုက်စစ်သုံးယောက်မှာ ကစားစေခဲ့ပြီး ဖာရန်တောရက်စ်အနေနဲ့ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါ တယ်။ ဖာရန်တောရက်စ်အနေနဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ရုန်းကန်နေရတယ်ဆိုပေ မယ့် ကစားခွင့်ရခဲ့တဲ့ လေးပွဲစလုံမှာ ခြေစွမ်းပြနိုင်ခဲ့တယ်လို့ သိရပါတယ်။


မန်စီးတီးနည်းပြဂွါဒီယိုလာက ပွဲအပြီးမှာတော့ “ ဖာရန်တောရက်စ်ဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ကစားခွင့် ရတဲ့ပွဲတိုင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာလည်း သူအနေနဲ့ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အခုချိန်မှာ ဂျီးဆပ်စ်ကလည်း ဒဏ်ရာကသက်သာလာပြီဖြစ်တာကြောင့် အသင်းတိုက်စစ်အတွက် ကျေနပ်စရာပါပဲ” လို့ ပြောခဲ့ပါတယ်။

zawgyi version

အသစ္ေခၚယူထားတဲ့ လူငယ္ကစားသမား ဖာရန္ေတာရက္စ္ရဲ႕ စြမ္းေဆာင္ႏိုင္မႈေတြကို ခ်ီးက်ဴးခဲ့တဲ့ ဂြါဒီယိုလာ
မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက ေႏြရာသီအေျပာင္းအေရႊ႕မွာ ဗလင္စီယာကေန ေခၚယူထားခဲ့တဲ့ အသက္ ၂၀ သာ ရွိေသးတဲ့ ကြင္းလယ္တိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ ဖာရန္ေတာရက္စ္ရဲ႕ စြမ္းေဆာင္ႏိုင္မႈေတြအတြက္ ခ်ီးက်ဴးမႈ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဂြါဒီယိုလာဟာ အသင္းရဲ႕အေထာင္တိုက္စစ္မွဴးေတြျဖစ္တဲ့ အဂူ႐ိုနဲ႔ ဂ်ီးဆပ္စ္တို႔ ႏွစ္ ေယာက္စလံုး ဒဏ္ရာျပႆနာရွိေနတာေၾကာင့္ ကြင္းလယ္တိုက္စစ္ကစားသမားေတြကို အသင္းရဲ႕တိုက္စစ္မွာ ကစားေစ ခဲ့ပါတယ္။
အိုလံပီယာကို႔စ္ကို သံုးဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဂြါဒီယိုလာအေနနဲ႔ ဖာရန္ေတာရက္စ္ကို စတာလင္း၊ မာရက္ဇ္တို႔နဲ႔ အတူ တိုက္စစ္သံုးေယာက္မွာ ကစားေစခဲ့ၿပီး ဖာရန္ေတာရက္စ္အေနနဲ႔ အသင္းအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါ တယ္။ ဖာရန္ေတာရက္စ္အေနနဲ႔ ဂြါဒီယိုလာရဲ႕ မန္စီးတီးအသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔အတြက္ ႐ုန္းကန္ေနရတယ္ဆိုေပ မယ့္ ကစားခြင့္ရခဲ့တဲ့ ေလးပြဲစလံုမွာ ေျခစြမ္းျပႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
မန္စီးတီးနည္းျပဂြါဒီယိုလာက ပြဲအၿပီးမွာေတာ့ “ ဖာရန္ေတာရက္စ္ဟာ ကစားသမားေကာင္းတစ္ေယာက္ျဖစ္ၿပီး ကစားခြင့္ ရတဲ့ပြဲတိုင္းမွာ အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာလည္း သူအေနနဲ႔ အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္း အတြက္ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။ အခုခ်ိန္မွာ ဂ်ီးဆပ္စ္ကလည္း ဒဏ္ရာကသက္သာလာၿပီျဖစ္တာေၾကာင့္ အသင္းတိုက္စစ္အတြက္ ေက်နပ္စရာပါပဲ” လို႔ ေျပာခဲ့ပါတယ္။