ရီးရဲလ်အတွက် သူရဲ့ သွင်းဂိုး ၁၀၀ မြောက်ကို အင်တာမီလန်နဲ့ပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ နောက်ခံလူ ရာမို့စ်


ရီးရဲလ်အသင်းခေါင်းဆောင်ဖြစ်တဲ့ ရာမို့စ်ဟာ ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်တာမီလန်ကို သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့ တဲ့ပွဲမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့တယ်လို့ သိရပါတယ်။ ဒီသွင်းဂိုးဟာ ရာမို့စ်အတွက် ရီးရဲလ်ကစား သမားဘဝ သွင်းဂိုး ၁၀၀ မြောက်ဖြစ်တယ်လို့ သိရပြီး နောက်ခံလူတစ်ဦးအနေနဲ့ သွင်းဂိုးတစ်ရာအထိ သွင်းယူနိုင်တာဟာ အံအားသင့်ဖွယ်ပဲ ဖြစ်ပါတယ်။


ရီးရဲလ်ဟာ ဒီနှစ်ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာ ရှက်တာဒိုးနက်ကို ရှုံးခဲ့ပြီး ဂလက်ဘတ်ကို သရေကျခဲ့တာကြောင့် အင်တာမီလန်နဲ့ ပွဲမှာ အနိုင်ရဖို့ လိုအပ်နေခဲ့တာဖြစ်ပြီး ဘင်ဇီမာ၊ ရာမို့စ်၊ ရိုဒရီဂိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါ တယ်။ အင်တာမီလန်နဲ့ ပွဲစဉ်မှာ ရီးရဲလ်ဟာ အစောပိုင်းသွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် အင်တာမီလန်ရဲ့ ရုန်းအားကြောင့် နှစ်ဂိုးစီသရေကျခဲ့ပြီးမှ ရိုဒရီဂိုက ရီးရဲလ်အတွက် အနိုင်ဂိုးကို ပွဲချိန် မိနစ် ၈၀ မှ သွင်းယူနိုင်ခဲ့တာပဲဖြစ်ပါ တယ်။


အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရာမို့စ်ဟာ ရီးရဲလ်အတွက် သွင်းဂိုးတစ်ရာကို ပွဲပေါင်း ၆၅၉ ပွဲကစားပြီးသွင်းယူနိုင်ခဲ့တာကြောင့် ရာမို့စ်အနေနဲ့ ပွဲစဉ် ၆ ပွဲကစားပြီးတိုင်း သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်တယ်လို့လည်း စစ်တမ်းကောက်နုတ်ချက်တွေရဲ့ ဖော်ပြ ချက်အရ သိရပါတယ်။ ဆီဗီလာလူငယ်အသင်းမှာ ကစားခဲ့ပြီးနောက် အသင်းကြီးမှာ ခြေစွမ်းပြခဲ့တဲ့ ရာမို့စ်ဟာ ၂၀၀၅ ခုနှစ်မှာ ရီးရဲလ်ကို ပြောင်းရွှေ့လာတာကြောင့် ရီးရဲလ်မှာ ကစားတာ ၁၆ ရာသီရှိပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

zawgyi version

ရီးရဲလ္အတြက္ သူရဲ႕ သြင္းဂိုး ၁၀၀ ေျမာက္ကို အင္တာမီလန္နဲ႔ပြဲမွာ သြင္းယူႏိုင္ခဲ့တဲ့ ေနာက္ခံလူ ရာမို႔စ္
ရီးရဲလ္အသင္းေခါင္းေဆာင္ျဖစ္တဲ့ ရာမို႔စ္ဟာ ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အင္တာမီလန္ကို သံုုးဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့ တဲ့ပြဲမွာ အသင္းအတြက္ သြင္းဂိုးတစ္ဂိုးကို သြင္းယူေပးခဲ့တယ္လို႔ သိရပါတယ္။ ဒီသြင္းဂိုးဟာ ရာမို႔စ္အတြက္ ရီးရဲလ္ကစား သမားဘဝ သြင္းဂိုး ၁၀၀ ေျမာက္ျဖစ္တယ္လို႔ သိရၿပီး ေနာက္ခံလူတစ္ဦးအေနနဲ႔ သြင္းဂိုးတစ္ရာအထိ သြင္းယူႏိုင္တာဟာ အံအားသင့္ဖြယ္ပဲ ျဖစ္ပါတယ္။
ရီးရဲလ္ဟာ ဒီႏွစ္ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ေတြမွာ ရွက္တာဒိုးနက္ကို ရႈံးခဲ့ၿပီး ဂလက္ဘတ္ကို သေရက်ခဲ့တာေၾကာင့္ အင္တာမီလန္နဲ႔ ပြဲမွာ အႏိုင္ရဖို႔ လိုအပ္ေနခဲ့တာျဖစ္ၿပီး ဘင္ဇီမာ၊ ရာမို႔စ္၊ ႐ိုဒရီဂိုတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါ တယ္။ အင္တာမီလန္နဲ႔ ပြဲစဥ္မွာ ရီးရဲလ္ဟာ အေစာပိုင္းသြင္းဂိုးေတြနဲ႔ ႏွစ္ဂိုးျပတ္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ အင္တာမီလန္ရဲ႕ ႐ုန္းအားေၾကာင့္ ႏွစ္ဂိုးစီသေရက်ခဲ့ၿပီးမွ ႐ိုဒရီဂိုက ရီးရဲလ္အတြက္ အႏိုင္ဂိုးကို ပြဲခ်ိန္ မိနစ္ ၈၀ မွ သြင္းယူႏိုင္ခဲ့တာပဲျဖစ္ပါ တယ္။
အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ ရာမို႔စ္ဟာ ရီးရဲလ္အတြက္ သြင္းဂိုးတစ္ရာကို ပြဲေပါင္း ၆၅၉ ပြဲကစားၿပီးသြင္းယူႏိုင္ခဲ့တာေၾကာင့္ ရာမို႔စ္အေနနဲ႔ ပြဲစဥ္ ၆ ပြဲကစားၿပီးတိုင္း သြင္းဂိုးတစ္ဂိုးသြင္းယူႏိုင္တယ္လို႔လည္း စစ္တမ္းေကာက္ႏုတ္ခ်က္ေတြရဲ႕ ေဖာ္ျပ ခ်က္အရ သိရပါတယ္။ ဆီဗီလာလူငယ္အသင္းမွာ ကစားခဲ့ၿပီးေနာက္ အသင္းႀကီးမွာ ေျခစြမ္းျပခဲ့တဲ့ ရာမို႔စ္ဟာ ၂၀၀၅ ခုႏွစ္မွာ ရီးရဲလ္ကို ေျပာင္းေရႊ႕လာတာေၾကာင့္ ရီးရဲလ္မွာ ကစားတာ ၁၆ ရာသီရွိၿပီလို႔ပဲ ဆိုရမွာ ျဖစ္ပါတယ္။