ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျရတ်ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို လိုက်မီသွားတဲ့ လီဗာပူးတိုက်စစ်မှူး ဆာလက်

ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ လီဗာပူးဟာ အတ္တလန္တာကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရ တာ ဖြစ်ပေမယ့် ငါးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီသွင်းဂိုး ငါးဂိုးထဲမှာ တိုက်စစ်မှူးဆာလက်အနေနဲ့ သွင်းဂိုးတစ်ဂိုးသွင်းယူ နိုင်ခဲ့ပြီး ဒီဂိုးဆာလက်အတွက် အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ရဲ့ ချန်ပီယံလိဂ် သွင်းဂိုးအရေအတွက်နဲ့ တူညီစေခဲ့တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


စတီဗင်ဂျရတ်ဟာ လီဗာပူးအသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၂၁ ဂိုးနဲ့ အများဆုံးသွင်းယူထားတဲ့ ကစားသမားတစ် ယောက်ဖြစ်ပြီး ဆာလက်အနေနဲ့ ဂျရတ်ကို စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ နီးစပ်နေတာပဲ ဖြစ်ပါတယ်။ ဆာလက်ဟာ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ လီဗာပူးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူအနေနဲ့ ပထမဆုံးရာသီမှာပဲ အံအားသင့်ဖွယ်ခြေစွမ်းကို ပြနိုင်ခဲ့ သလို တစ်ဦးချင်းအောင်မြင်မှုတွေကိုလည်း အများကြီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။


၂၀၁၈-၁၉ ဘောလုံးရာသီမှာ ဆာလက်ဟာ နည်းပြကလော့ပ်ရဲ့ ဦးဆောင်မှုနဲ့အတူ လီဗာပူးအသင်းတိုက်စစ်မှာ မာနေး၊ ဖာမီနိုတို့နဲ့ အတွဲအဖက်မိမိ ကစားနိုင်ခဲ့ပြီး အသင်းအတွက် ချန်ပီယံလိဂ်ဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစား သမားတစ်ဦးလည်းဖြစ်ပါတယ်။ လီဗာပူးအနေနဲ့ အတ္တလန္တာကို အဝေးကွင်းမှာ ငါးဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဟာ အင်္ဂလိပ် ကလပ်အသင်းတစ်သင်းအနေနဲ့ ဥရောပပြိုင်ပွဲတွေမှာ အီတလီကလပ်အသင်းတွေကို ဂိုးကွာခြားချက်အများဆုံးနဲ့ အနိုင်ရ တဲ့ပွဲ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

zawgyi version

ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ဂ်ရတ္ရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုးစံခ်ိန္ကို လိုက္မီသြားတဲ့ လီဗာပူးတိုက္စစ္မွဴး ဆာလက္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာေတာ့ လီဗာပူးဟာ အတၱလႏၲာကို အေဝးကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ရ တာ ျဖစ္ေပမယ့္ ငါးဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ပါတယ္။ ဒီသြင္းဂိုး ငါးဂိုးထဲမွာ တိုက္စစ္မွဴးဆာလက္အေနနဲ႔ သြင္းဂိုးတစ္ဂိုးသြင္းယူ ႏိုင္ခဲ့ၿပီး ဒီဂိုးဆာလက္အတြက္ အသင္းရဲ႕ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္တဲ့ အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ဂ်ရတ္ရဲ႕ ခ်န္ပီယံလိဂ္ သြင္းဂိုးအေရအတြက္နဲ႔ တူညီေစခဲ့တယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
စတီဗင္ဂ်ရတ္ဟာ လီဗာပူးအသင္းအတြက္ ခ်န္ပီယံလိဂ္သြင္းဂိုး ၂၁ ဂိုးနဲ႔ အမ်ားဆံုးသြင္းယူထားတဲ့ ကစားသမားတစ္ ေယာက္ျဖစ္ၿပီး ဆာလက္အေနနဲ႔ ဂ်ရတ္ကို စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ နီးစပ္ေနတာပဲ ျဖစ္ပါတယ္။ ဆာလက္ဟာ ၂၀၁၇-၁၈ ေဘာလံုးရာသီမွာ လီဗာပူးကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး သူအေနနဲ႔ ပထမဆံုးရာသီမွာပဲ အံအားသင့္ဖြယ္ေျခစြမ္းကို ျပႏိုင္ခဲ့ သလို တစ္ဦးခ်င္းေအာင္ျမင္မႈေတြကိုလည္း အမ်ားႀကီးရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
၂၀၁၈-၁၉ ေဘာလံုးရာသီမွာ ဆာလက္ဟာ နည္းျပကေလာ့ပ္ရဲ႕ ဦးေဆာင္မႈနဲ႔အတူ လီဗာပူးအသင္းတိုက္စစ္မွာ မာေနး၊ ဖာမီႏိုတို႔နဲ႔ အတြဲအဖက္မိမိ ကစားႏိုင္ခဲ့ၿပီး အသင္းအတြက္ ခ်န္ပီယံလိဂ္ဖလားရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ ကစား သမားတစ္ဦးလည္းျဖစ္ပါတယ္။ လီဗာပူးအေနနဲ႔ အတၱလႏၲာကို အေဝးကြင္းမွာ ငါးဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တာဟာ အဂၤလိပ္ ကလပ္အသင္းတစ္သင္းအေနနဲ႔ ဥေရာပၿပိဳင္ပြဲေတြမွာ အီတလီကလပ္အသင္းေတြကို ဂိုးကြာျခားခ်က္အမ်ားဆံုးနဲ႔ အႏိုင္ရ တဲ့ပြဲ အျဖစ္လည္း မွတ္တမ္းဝင္ခဲ့တယ္လို႔ သိရပါတယ္။