ယူနိုက်တက်ကို ရှုံးတာဟာ ပီအက်စ်ဂျီရဲ့ အဆိုးရွားဆုံးရှုံးပွဲတွေထဲက တစ်ပွဲ ဖြစ်တယ်လို့ ပြောခဲ့တဲ့ နည်းပြ တူချယ်လ် ပြောဆို


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီဟာ အိမ်ကွင်းမှာကစားရတာဖြစ်ပေမယ့် ယူနိုက်တက် အသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အရေးနိမ့်ခဲ့အပြီးမှာတော့ အသင်းနည်းပြ တူချယ်လ်က ဒီရှုံးပွဲမှာ အသင်းရဲ့အဆိုးရွားဆုံးရှုံးပွဲ တွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲထိ ရောက်ခဲ့တဲ့အသင်း ဖြစ်ပြီး ချန်ပီယံလိဂ်မှာ အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းမှာ မာကွင်ဟို့စ်နဲ့ ဗာရက်တီတို့လို အဓိက,ကစားသမားနှစ်ယောက် မပါတာကလွဲပြီး လူစုံပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ကို ရှုံးတဲ့ပွဲကတော့ ပီအက်စ်ဂျီအသင်းကို မှတ်တမ်းဆိုးတစ်ခုကို ပိုင်ဆိုင်စေခဲ့ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့် အိမ်ကွင်းနောက်ဆုံးပွဲစဉ် ၂၅ ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့တဲ့ ပွဲလည်း ဖြစ်စေခဲ့ပါတယ်။


ပီအက်စ်ဂျီဟာ ပွဲချိန် ပင်နယ်တီပေးခဲ့ရပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ ကန်သွင်းမှုကြောင့် ယူနိုက်တက်ကို ဦးဆောင်ဂိုးပေးခဲ့ရပါ တယ်။ ပွဲချိန် ၅၅ မိနစ်မှာတော့ ယူနိုက်တက်အသင်းတိုက်စစ်မှူး မာရှယ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူကြောင့် ပီအက်စ်ဂျီအနေ နဲ့ ချေပဂိုးပြန်ရခဲ့ပေမယ့် ပွဲချိန် ၈၇ မိနစ်မှာတော့ ပေါ့ဘာရဲ့ ဖန်တီးပေးမှုကနေ တဆင့် ရက်ရှ်ဖို့ဒ်က အနိုင်ဂိုးသွင်းယူခဲ့တာ ကြောင့် အိမ်ကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ ယူနိုက်တက်ကို ပီအက်စ်ဂျီတို့ အရေးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်လ်က “ အသင်းရဲ့ကစားပုံက ကျွန်တော်တို့အသင်းရဲ့အဆင့်နဲ့ ကစား ဟန် မဟုတ်ဘူးလို့တောင်ဆိုရမှာပါ။ ဘာကြောင့် ဒီလိုပြောရလဲဆိုရင်တော့ ဘောလုံးနဲ့အတူ ရွေလျားနိုင်မှု၊ ဘောလုံးပိုင် ဆိုင်မှု ၊တန်ပြန်တိုက်စစ်ဆင်မှုတွေကို အသင်းအနေနဲ့ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ယူနိုက်တက်ကို ရှုံးပွဲက အသင်းရဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရှုံးပွဲတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ယူႏိုက္တက္ကို ရႈံးတာဟာ ပီအက္စ္ဂ်ီရဲ႕ အဆိုးရြားဆံုးရႈံးပြဲေတြထဲက တစ္ပြဲ ျဖစ္တယ္လို႔ ေျပာခဲ့တဲ့ နည္းျပ တူခ်ယ္လ္ ေျပာဆို
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပီအက္စ္ဂ်ီဟာ အိမ္ကြင္းမွာကစားရတာျဖစ္ေပမယ့္ ယူႏိုက္တက္ အသင္းကို ႏွစ္ဂိုးတစ္ဂိုးနဲ႔ အေရးနိမ့္ခဲ့အၿပီးမွာေတာ့ အသင္းနည္းျပ တူခ်ယ္လ္က ဒီရႈံးပြဲမွာ အသင္းရဲ႕အဆိုးရြားဆံုးရႈံးပြဲ ေတြထဲက တစ္ခုျဖစ္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ပီအက္စ္ဂ်ီဟာ ၿပီးခဲ့တဲ့ႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲထိ ေရာက္ခဲ့တဲ့အသင္း ျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈရဖို႔ ၾကိဳးစားေနတဲ့ အသင္းလည္း ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းမွာ မာကြင္ဟို႔စ္နဲ႔ ဗာရက္တီတို႕လို အဓိက,ကစားသမားႏွစ္ေယာက္ မပါတာကလြဲၿပီး လူစံုပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္ကို ရႈံးတဲ့ပြဲကေတာ့ ပီအက္စ္ဂ်ီအသင္းကို မွတ္တမ္းဆိုးတစ္ခုကို ပိုင္ဆိုင္ေစခဲ့ၿပီး ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ အိမ္ကြင္းေနာက္ဆံုးပြဲစဥ္ ၂၅ ပြဲမွာ ပထမဆံုးရႈံးပြဲၾကံဳေတြ႕ခဲ့တဲ့ ပြဲလည္း ျဖစ္ေစခဲ့ပါတယ္။
ပီအက္စ္ဂ်ီဟာ ပြဲခ်ိန္ ပင္နယ္တီေပးခဲ့ရၿပီး ဘရူႏိုဖာနန္ဒက္စ္ရဲ႕ ကန္သြင္းမႈေၾကာင့္ ယူႏုိက္တက္ကို ဦးေဆာင္ဂိုးေပးခဲ့ရပါ တယ္။ ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ယူႏုိက္တက္အသင္းတိုက္စစ္မွဴး မာရွယ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းယူေၾကာင့္ ပီအက္စ္ဂ်ီအေန နဲ႔ ေခ်ပဂိုးျပန္ရခဲ့ေပမယ့္ ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ေပါ့ဘာရဲ႕ ဖန္တီးေပးမႈကေန တဆင့္ ရက္ရွ္ဖို႔ဒ္က အႏိုင္ဂိုးသြင္းယူခဲ့တာ ေၾကာင့္ အိမ္ကြင္းမွာ ႏွစ္ဂိုးတစ္ဂိုးနဲ႔ ယူႏုိက္တက္ကို ပီအက္စ္ဂ်ီတို႔ အေရးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ပီအက္စ္ဂ်ီအသင္းနည္းျပ တူခ်ယ္လ္က “ အသင္းရဲ႕ကစားပံုက ကြ်န္ေတာ္တို႔အသင္းရဲ႕အဆင့္နဲ႔ ကစား ဟန္ မဟုတ္ဘူးလို႔ေတာင္ဆိုရမွာပါ။ ဘာေၾကာင့္ ဒီလိုေျပာရလဲဆိုရင္ေတာ့ ေဘာလံုးနဲ႔အတူ ေရြလ်ားႏိုင္မႈ၊ ေဘာလံုးပိုင္ ဆိုင္မႈ ၊တန္ျပန္တိုက္စစ္ဆင္မႈေတြကို အသင္းအေနနဲ႔ လုပ္ေဆာင္ႏိုင္ခဲ့ျခင္းမရွိခဲ့ပါဘူး။ ယူႏုိက္တက္ကို ရႈံးပြဲက အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ အဆိုးရြားဆံုးရႈံးပြဲေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။