စီရော်နယ်ဒိုအနေနဲ့ မတူတဲ့ကလပ်အသင်း သုံးသင်းနဲ့ ချန်ပီယံလိဂ်ရခဲ့တဲ့ ဆီးဒေါ့ဖ် စံချိန်ကို လိုက်မီနိုင်မယ်လို့ ဖော်ပြ နေကြ


နယ်သာလန်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဆီးဒေါ့ဖ်ဟာ မတူညီတဲ့ကလပ်အသင်း သုံးသင်းနဲ့ ချန်ပီယံလိဂ် ရရှိထား တဲ့ တစ်ဦးတည်းသောကစားသမားအဖြစ် စံချိန်တင်ထားပေမယ့် စီရော်နယ်ဒိုအနေနဲ့ ယင်းစံချိန်ကို ဂျူဗင်တပ်အသင်းနဲ့ အတူ ချန်ပီယံဖလားရယူပြီး လိုက်မီနိုင်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ စီရော်နယ်ဒိုဟာ လက်ရှိမှာ ယူနိုက် တက် ၊ ရီးရဲလ်တို့နဲ့အတူ ချန်ပီယံလိဂ်ရရှိထားသူလည်း ဖြစ်ပါတယ်။


နယ်သာလန်ကစားသမားဟောင်းဖြစ်တဲ့ ဆီးဒေါ့ဖ်ဟာ အေဂျက်၊ ရီးရဲလ်၊ အေစီမီလန်တို့နဲ့အတူ ချန်ပီယံလိဂ်ချန်ပီယံဆုကို မတူညီတဲ့အသင်းသုံးသင်းနဲ့ ရယူထားနိုင်တာဖြစ်ပါတယ်။ စီရော်နယ်ဒိုအနေနဲ့လည်း ဂျူဗင်တပ်နဲ့အတူ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် အဓိကရည်မှန်းနေတာကြောင့် စီရော်နယ်ဒိုအနေနဲ့ ဆီးဒေါ့ဖ်ရဲ့စံချိန်ကို လိုက်မီနိုင်မယ်လို့ သတင်းတွေက ဖော်ပြနေကြတာပဲ ဖြစ်ပါတယ်။


ဂျူဗင်တပ်ဟာ ၁၉၉၆ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးရယူနိုင်ခဲ့ပြီးနောက် ၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဗိုလ်လု ပွဲအထိ တက်ရောက်နိုင်ခဲ့တယ်ဆိုပေမယ့် ချန်ပီယံဆုကို ရယူနိုင်ခြင်းမရှိတာကြောင့် စီရော်နယ်ဒိုကို ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ စီရော်နယ်ဒို ရောက်လာပြီး ၂ နှစ်အတွင်းမှာလည်း ချန်ပီယံလိဂ်ချန်ပီယံဆု ရယူနိုင်ခြင်းမရှိသေးဘူးဆိုပေမယ့် ဒီနှစ်မှာတော့ ဂျူဗင်တပ်အနေနဲ့ ချန်ပီယံလိဂ် ချန်ပီယံဖြစ်ဖို့ လုပ်ဆောင်လာမှာပဲဖြစ်ပါတယ်။

ဆီးဒေါ့ဖ်က “ စီရော်နယ်ဒိုအနေနဲ့ ကျွန်တော်ရဲ့စံချိန်မှတ်တမ်းကို မီလာနိုင်တယ်ဆိုတာ မကောင်းတာမရှိပါဘူး။ ဒီစံချိန်ကို ကျွန်တော်အရင်ရရှိခဲ့တယ်ဆိုတာ ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ စီရော်နယ်ဒိုက သူရဲ့ကြံခိုင်မှုနဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝယုံကြည်မှု ရှိတဲ့သူပါ။ ဂျူဗင်တပ်နဲ့အတူ ချန်ပီယံလိဂ်မရနိုင်စရာ အကြောင်းမရှိပါဘူး” လို့ ပြောခဲ့ပါတယ်။

zawgyi version

စီေရာ္နယ္ဒိုအေနနဲ႔ မတူတဲ့ကလပ္အသင္း သံုးသင္းနဲ႔ ခ်န္ပီယံလိဂ္ရခဲ့တဲ့ ဆီးေဒါ့ဖ္ စံခ်ိန္ကို လိုက္မီႏိုင္မယ္လို႔ ေဖာ္ျပ ေနၾက
နယ္သာလန္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဆီးေဒါ့ဖ္ဟာ မတူညီတဲ့ကလပ္အသင္း သံုးသင္းနဲ႔ ခ်န္ပီယံလိဂ္ ရရွိထား တဲ့ တစ္ဦးတည္းေသာကစားသမားအျဖစ္ စံခ်ိန္တင္ထားေပမယ့္ စီေရာ္နယ္ဒိုအေနနဲ႔ ယင္းစံခ်ိန္ကို ဂ်ဴဗင္တပ္အသင္းနဲ႔ အတူ ခ်န္ပီယံဖလားရယူၿပီး လိုက္မီႏိုင္မယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။ စီေရာ္နယ္ဒိုဟာ လက္ရွိမွာ ယူႏုိက္ တက္ ၊ ရီးရဲလ္တို႔နဲ႔အတူ ခ်န္ပီယံလိဂ္ရရွိထားသူလည္း ျဖစ္ပါတယ္။
နယ္သာလန္ကစားသမားေဟာင္းျဖစ္တဲ့ ဆီးေဒါ့ဖ္ဟာ ေအဂ်က္၊ ရီးရဲလ္၊ ေအစီမီလန္တို႔နဲ႔အတူ ခ်န္ပီယံလိဂ္ခ်န္ပီယံဆုကို မတူညီတဲ့အသင္းသံုးသင္းနဲ႔ ရယူထားႏိုင္တာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုအေနနဲ႔လည္း ဂ်ဴဗင္တပ္နဲ႔အတူ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈရယူႏိုင္ဖို႔အတြက္ အဓိကရည္မွန္းေနတာေၾကာင့္ စီေရာ္နယ္ဒိုအေနနဲ႔ ဆီးေဒါ့ဖ္ရဲ႕စံခ်ိန္ကို လိုက္မီႏိုင္မယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကတာပဲ ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္ဟာ ၁၉၉၆ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဖလားကို ေနာက္ဆံုးရယူႏုိင္ခဲ့ၿပီးေနာက္ ၂၀၁၅ နဲ႔ ၂၀၁၇ ခုႏွစ္ေတြမွာ ဗိုလ္လု ပြဲအထိ တက္ေရာက္ႏိုင္ခဲ့တယ္ဆိုေပမယ့္ ခ်န္ပီယံဆုကို ရယူႏိုင္ျခင္းမရွိတာေၾကာင့္ စီေရာ္နယ္ဒိုကို ေခၚယူခဲ့တာလည္း ျဖစ္ပါတယ္။ စီေရာ္နယ္ဒို ေရာက္လာၿပီး ၂ ႏွစ္အတြင္းမွာလည္း ခ်န္ပီယံလိဂ္ခ်န္ပီယံဆု ရယူႏိုင္ျခင္းမရွိေသးဘူးဆိုေပမယ့္ ဒီႏွစ္မွာေတာ့ ဂ်ဴဗင္တပ္အေနနဲ႔ ခ်န္ပီယံလိဂ္ ခ်န္ပီယံျဖစ္ဖို႔ လုပ္ေဆာင္လာမွာပဲျဖစ္ပါတယ္။
ဆီးေဒါ့ဖ္က “ စီေရာ္နယ္ဒိုအေနနဲ႔ ကြ်န္ေတာ္ရဲ႕စံခ်ိန္မွတ္တမ္းကို မီလာႏိုင္တယ္ဆိုတာ မေကာင္းတာမရွိပါဘူး။ ဒီစံခ်ိန္ကို ကြ်န္ေတာ္အရင္ရရွိခဲ့တယ္ဆိုတာ ဘယ္ေတာ့မွ ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ စီေရာ္နယ္ဒိုက သူရဲ႕ၾကံခိုင္မႈနဲ႔ စြမ္းေဆာင္ရည္ကို အျပည့္အဝယံုၾကည္မႈ ရွိတဲ့သူပါ။ ဂ်ဴဗင္တပ္နဲ႔အတူ ခ်န္ပီယံလိဂ္မရႏိုင္စရာ အေၾကာင္းမရွိပါဘူး” လို႔ ေျပာခဲ့ပါတယ္။