ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ဆုရှင် ဒီဘရူနီက မိုက်ကယ်အိုဝင်ရဲ့ ကစားပုံတွေကို ကြည့်ပြီး ဘောလုံးကစားခဲ့တယ်လို့ ပြောဆိုခဲ့


ပြီးခဲ့တဲ့နေ့က ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်မဲခွဲပွဲမှာ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးဆုတွေကို ပေးအပ်ခဲ့ရာမှာတော့ အကောင်း ဆုံးကွင်းလယ်ကစားသမားဆုကို မန်စီးတီးကွင်းလယ်လူ ဒီဘရူနီက ရရှိခဲ့ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံ လိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ထိသာ တက်ရောက်နိုင်ခဲ့တာဖြစ်ပေမယ့် ဒီဘရူနီအနေနဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ တာကြောင့် ဒီဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက နေရာအလိုက်အကောင်းဆုံးဆုတွေကိုတော့ ချန်ပီယံဖြစ်သွားတဲ့ ဘိုင်ယန်မြူးနစ် ကစားသမားတွေက ရရှိ သွားခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကို နူအာ၊ အကောင်းဆုံးနောက်ခံလူဆုကို ကင်မစ်ချ်နဲ့ အကောင်းဆုံးတိုက်စစ်မှူးဆုကို လီဝန်ဒေါစကီးတို့က ရရှိခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံးကစားသမားဆုကိုလည်း လီဝန်ဒေါစကီးက ရရှိခဲ့တာဖြစ်ပြီး အကောင်းဆုံးနည်းပြဆုကိုတော့ ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်က ရရှိခဲ့တာဖြစ်ပါတယ်။


အကောင်းဆုံးကွင်းလယ်ကစားဆုကို ရရှိခဲ့တဲ့ ဒီဘရူနီက သူကိုမဲပေးထောက်ခံခဲ့တဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြော ရင်းနဲ့ ကလေးဘဝတုန်းက တိုက်စစ်မှူးအဖြစ် ကစားခဲ့ပြီး လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ရဲ့ ကစားပုံတွေကို ကြည့်ပြီး ကစားခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီဘရူနီဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတစ်ဦး အ ဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။


ဒီဘရူနီက “ အသက်ငယ်ငယ်တုန်းကဆိုရင် ကျွန်တော်က တိုက်စစ်မှူးအဖြစ် ကစားခဲ့တာပါ။ မိုက်ကယ်အိုဝင်ရဲ့ ကစားပုံ တွေကို ကြည့်ပြီး ဘောလုံးကစားခဲ့ရတယ်လို့ ဆိုရမှာပါ။ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်လာတော့ ဘောလုံးပွဲတွေကို ကျွန်တော်အနေနဲ့ ချစ်တတ်လာပြီး ဘောလုံးကစားတာဟာ တစ်ဦးတစ်ယောက်တည်း စွမ်းဆောင်ရည်ကောင်းလို့ မရဘူး ဆိုတဲ့ အယူအဆကို လက်ခံသွားပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ရဲ႕ အေကာင္းဆံုးကြင္းလယ္ဆုရွင္ ဒီဘရူနီက မိုက္ကယ္အိုဝင္ရဲ႕ ကစားပံုေတြကို ၾကည့္ၿပီး ေဘာလံုးကစားခဲ့တယ္လို႔ ေျပာဆိုခဲ့
ၿပီးခဲ့တဲ့ေန႔က က်င္းပခဲ့တဲ့ ခ်န္ပီယံလိဂ္မဲခြဲပြဲမွာ ၿပီးခဲ့တဲ့ရာသီက အေကာင္းဆံုးဆုေတြကို ေပးအပ္ခဲ့ရာမွာေတာ့ အေကာင္း ဆံုးကြင္းလယ္ကစားသမားဆုကို မန္စီးတီးကြင္းလယ္လူ ဒီဘရူနီက ရရွိခဲ့ပါတယ္။ မန္စီးတီးဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံ လိဂ္မွာ ကြာတားဖိုင္္နယ္အဆင့္ထိသာ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ေပမယ့္ ဒီဘရူနီအေနနဲ႔ အေကာင္းဆံုးစြမ္းေဆာင္ႏိုင္ခဲ့ တာေၾကာင့္ ဒီဆုကို ရရွိခဲ့တာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ေနရာအလုိက္အေကာင္းဆံုးဆုေတြကိုေတာ့ ခ်န္ပီယံျဖစ္သြားတဲ့ ဘိုင္ယန္ျမဴးနစ္ ကစားသမားေတြက ရရွိ သြားခဲ့ၿပီး အေကာင္းဆံုးဂိုးသမားဆုကို ႏူအာ၊ အေကာင္းဆံုးေနာက္ခံလူဆုကို ကင္မစ္ခ်္နဲ႔ အေကာင္းဆံုးတိုက္စစ္မွဴးဆုကို လီဝန္ေဒါစကီးတို႔က ရရွိခဲ့တာျဖစ္ပါတယ္။ အေကာင္းဆံုးကစားသမားဆုကိုလည္း လီဝန္ေဒါစကီးက ရရွိခဲ့တာျဖစ္ၿပီး အေကာင္းဆံုးနည္းျပဆုကိုေတာ့ ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီဖလစ္က ရရွိခဲ့တာျဖစ္ပါတယ္။
အေကာင္းဆံုးကြင္းလယ္ကစားဆုကို ရရွိခဲ့တဲ့ ဒီဘရူနီက သူကိုမဲေပးေထာက္ခံခဲ့တဲ့သူေတြကို ေက်းဇူးတင္ေၾကာင္း ေျပာ ရင္းနဲ႔ ကေလးဘဝတုန္းက တိုက္စစ္မွဴးအျဖစ္ ကစားခဲ့ၿပီး လီဗာပူးတိုက္စစ္မွဴးေဟာင္း မိုက္ကယ္အိုဝင္ရဲ႕ ကစားပံုေတြကို ၾကည့္ၿပီး ကစားခဲ့တယ္လို႔ ဝန္ခံသြားခဲ့ပါတယ္။ လက္ရွိမွာေတာ့ ဒီဘရူနီဟာ ကမၻာ့အေကာင္းဆံုး ကြင္းလယ္လူတစ္ဦး အ ျဖစ္ သတ္မွတ္ခံထားရသူလည္း ျဖစ္ပါတယ္။
ဒီဘရူနီက “ အသက္ငယ္ငယ္တုန္းကဆိုရင္ ကြ်န္ေတာ္က တိုက္စစ္မွဴးအျဖစ္ ကစားခဲ့တာပါ။ မုိက္ကယ္အိုဝင္ရဲ႕ ကစားပံု ေတြကို ၾကည့္ၿပီး ေဘာလံုးကစားခဲ့ရတယ္လို႔ ဆိုရမွာပါ။ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္လာေတာ့ ေဘာလံုးပြဲေတြကို ကြ်န္ေတာ္အေနနဲ႔ ခ်စ္တတ္လာၿပီး ေဘာလံုးကစားတာဟာ တစ္ဦးတစ္ေယာက္တည္း စြမ္းေဆာင္ရည္ေကာင္းလို႔ မရဘူး ဆိုတဲ့ အယူအဆကို လက္ခံသြားပါတယ္” လို႔ ေျပာခဲ့ပါတယ္။