ချန်ပီယံလိဂ်အတွက် ပရီးမီးယားလိဂ်ကိုယ်စားပြုကလပ်တွေထဲမှာ ယူနိုက်တက်အနေနဲ့ အုပ်စုအကျပ်ဆုံးလို့ အသင်းပရိသတ်ရေးသားခဲ့ကြ


ပြီးခဲ့တဲ့နေ့က ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲမှုတွေအပြီးမှာတော့ ပရီးမီးယားလိဂ်ကနေ ကိုယ်စားပြုပြီး ယှဉ် ပြိုင်ရမယ့်အသင်းတွေထဲမှာ ယူနိုက်တက်အနေနဲ့ အုပ်စုအကျပ်ဆုံးမှာ ကျရောက်နေတယ်လို့ အသင်းပရိသတ်တွေ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ဗိုလ်လုပွဲအထိ တက်ခဲ့တဲ့ ပီအက်စ်ဂျီ၊ ဆီမီးဖိုင်နယ်အထိရောက်ခဲ့တဲ့ လစ်ပ်ဇစ်၊ တူရကီအမှတ်ပေးချန်ပီယံ ဘာဆက်ဆီဟာတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေခဲ့တာဖြစ်ပါတယ်။


ယူနိုက်တက်နဲ့အတူ အင်္ဂလန်ကိုယ်စားပြုပြိုင်ခွင့်ရတဲ့ အသင်းတွေထဲက မန်စီးတီးက ပေါ်တို၊ အိုလံပီယာကို့စ်၊ မာဆေး တို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့ လီဗာပူးကလည်း အေဂျက်၊ အတ္တလန္တာ၊ မစ် ဂျီလန်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးကလည်း ဆီဗီလာ၊ ခရက်နိုဒါ ၊ ရန်းနက်စ်တို့နဲ့ ကျရောက်ခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ အုပ်စုအကျပ်ဆုံးလို့ ပရိသတ်တွေက ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ နည်းပြဆိုးလ်ရှားတို့ကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲမှုအတွက် တစ်စုံတရာ မှတ်ချက်ပြုခဲ့တာမျိုးတွေ မရှိခဲ့ပေမယ့် အသင်းပရိသတ်တစ်ဦးကတော့ ဒီလိုမဲခွဲမှုကို တရားမျှတတယ်လို့ ဆိုနိုင်မှာလား။ ကံမကောင်းတဲ့ မဲခွဲမှုလို့ ဆိုရမှာပဲ လို့ ရေးခဲ့သလို နောက်တစ်ဦးကလည်း ကလိမ်ကကျစ်ကျတဲ့ မဲခွဲမှုလို့ ရေးသားခဲ့ကြတာ ပဲ ဖြစ်ပါတယ်။


နောက်ထပ်ပရိသတ်တစ်ဦးကတော့ ပီအက်စ်ဂျီနဲ့ လစ်ပ်ဇစ်တို့ဟာ အသင်းကောင်းတွေဖြစ်တဲ့အပြင် ချန်ပီယံလိဂ်စတင် ကစားမယ့် အောက်တိုဘာလအတွင်းမှာလည်း ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာကြောင့် ပွဲကျပ်တွေ ဆက်တိုက်ကစားရဖို့ ရှိနေတယ်လို့ ရေးသားခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက် တက်အနေနဲ့ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတာပဲ ဖြစ်ပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္အတြက္ ပရီးမီးယားလိဂ္ကိုယ္စားျပဳကလပ္ေတြထဲမွာ ယူႏိုက္တက္အေနနဲ႔ အုပ္စုအက်ပ္ဆံုးလို႔ အသင္းပရိသတ္ေရးသားခဲ့ၾက
ၿပီးခဲ့တဲ့ေန႔က ျပဳလုပ္ခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ မဲခြဲမႈေတြအၿပီးမွာေတာ့ ပရီးမီးယားလိဂ္ကေန ကိုယ္စားျပဳၿပီး ယွဥ္ ၿပိဳင္ရမယ့္အသင္းေတြထဲမွာ ယူႏိုက္တက္အေနနဲ႔ အုပ္စုအက်ပ္ဆံုးမွာ က်ေရာက္ေနတယ္လို႔ အသင္းပရိသတ္ေတြ ေဖာ္ျပခဲ့ပါတယ္။ ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ရာသီက ဗိုလ္လုပြဲအထိ တက္ခဲ့တဲ့ ပီအက္စ္ဂ်ီ၊ ဆီမီးဖိုင္နယ္အထိေရာက္ခဲ့တဲ့ လစ္ပ္ဇစ္၊ တူရကီအမွတ္ေပးခ်န္ပီယံ ဘာဆက္ဆီဟာတို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္နဲ႔အတူ အဂၤလန္ကိုယ္စားျပဳၿပိဳင္ခြင့္ရတဲ့ အသင္းေတြထဲက မန္စီးတီးက ေပၚတို၊ အိုလံပီယာကို႔စ္၊ မာေဆး တို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္တဲ့ လီဗာပူးကလည္း ေအဂ်က္၊ အတၱလႏၱာ၊ မစ္ ဂ်ီလန္းတို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးကလည္း ဆီဗီလာ၊ ခရက္ႏိုဒါ ၊ ရန္းနက္စ္တို႔နဲ႔ က်ေရာက္ခဲ့တာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ အုပ္စုအက်ပ္ဆံုးလို႔ ပရိသတ္ေတြက ေရးသားခဲ့တာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြနဲ႔ နည္းျပဆိုးလ္ရွားတို႔ကေတာ့ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မဲခြဲမႈအတြက္ တစ္စံုတရာ မွတ္ခ်က္ျပဳခဲ့တာမ်ိဳးေတြ မရွိခဲ့ေပမယ့္ အသင္းပရိသတ္တစ္ဦးကေတာ့ ဒီလိုမဲခြဲမႈကို တရားမွ်တတယ္လို႔ ဆိုႏိုင္မွာလား။ ကံမေကာင္းတဲ့ မဲခြဲမႈလို႔ ဆိုရမွာပဲ လို႔ ေရးခဲ့သလို ေနာက္တစ္ဦးကလည္း ကလိမ္ကက်စ္က်တဲ့ မဲခြဲမႈလို႔ ေရးသားခဲ့ၾကတာ ပဲ ျဖစ္ပါတယ္။
ေနာက္ထပ္ပရိသတ္တစ္ဦးကေတာ့ ပီအက္စ္ဂ်ီနဲ႔ လစ္ပ္ဇစ္တို႔ဟာ အသင္းေကာင္းေတြျဖစ္တဲ့အျပင္ ခ်န္ပီယံလိဂ္စတင္ ကစားမယ့္ ေအာက္တိုဘာလအတြင္းမွာလည္း ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ခ်ဲလ္ဆီး၊ အာဆင္နယ္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားရဖို႔ ရွိေနတာေၾကာင့္ ပြဲက်ပ္ေတြ ဆက္တိုက္ကစားရဖို႔ ရွိေနတယ္လို႔ ေရးသားခဲ့ပါတယ္။ လက္ရွိမွာ ယူႏိုက္ တက္အေနနဲ႔ ပရီးမီးယားလိဂ္မွာ ရလဒ္ေကာင္းဖို႔ ရုန္းကန္ေနရတာပဲ ျဖစ္ပါတယ္။