ဒီနေ့ညမှာ ပြုလုပ်မယ့် ချန်ပီယံလိဂ် မဲခွဲပွဲမှာ အုပ်စုကျပ်အတွင်း ကျရောက်မှာကို အင်္ဂလန်ကိုယ်စားပြု ၄သင်းစလုံးရဲ့ နည်းပြတွေ စိုးရိမ်နေ


ဒီနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲမှာတော့ ၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်တွေရဲ့ မဲခွဲမှုကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာရှိတဲ့ RTS စတူဒီယိုမှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် အရင်ကထက် နောက် ကျပြီးမှ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးစတင်နိုင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့ ညမှာတော့ မဲခွဲမှုတွေ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။


ဒီလိုမဲခွဲမှု မပြုလုပ်ခင်မှာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ်ကစားခွင့်ရခဲ့တဲ့ အသင်း ၄သင်းရဲ့ နည်းပြ တွေဟာ သူတို့ရဲ့အသင်းတွေကို အုပ်စုကြပ်ထဲ ကျရောက်မှာကို စိုးရိမ်နေကြတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြ ပါတယ်။ အင်္ဂလန်ကိုယ်စားပြု အသင်း ၄သင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးတစ်သင်းတည်းသာ ဆီဒင် နံပါတ် -၁ မှာပါဝင်ခဲ့ပြီး ကျန်သုံးသင်းဖြစ်တဲ့ မန်စီးတီး၊ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကတော့ ဆီဒင်နံပါတ်-၂ မှာ ပါဝင်ခဲ့ ကြတာပဲ ဖြစ်ပါတယ်။


ဆီဒင်နံပါတ်- ၁ မှာတော့ ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်၊ ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာတို့အပြင် ဥရောပရဲ့ ဆီဒင် သတ်မှတ်ထားချက်အရ ထိပ်ဆုံးလိဂ်ပြိုင်ပွဲတွေမှာ ပြီးခဲ့တဲ့ရာသီကချန်ပီယံဖြစ်ခဲ့တဲ့ ရီးရဲလ်၊ လီဗာပူး၊ ဂျူဗင်တပ်၊ ပီအက်စ် ဂျီ၊ ဇင်းနစ်နဲ့ ပေါ်တို တို့ ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ဆီဒင်နံပါတ်-၂ မှာတော့ အင်္ဂလန်သုံးသင်းအပြင် ဘာစီလိုနာ၊ အက်သ လက်တီကို၊ ဒေါ့မွန်၊ ရှက်တာဒိုးနက်နဲ့ အေဂျက်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။


တရားဝင်မဲခွဲမှုတွေ မပြုလုပ်ခင်မှာ ခန့်မှန်းမှုတွေအရ လီဗာပူးက ဘာစီလိုနာ၊ အင်တာမီလန်၊ ဂလက်ဘတ်တို့နဲ့ တစ်အုပ်စု ကျရောက်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး လီဗာပူးနည်းပြကလော့ပ်ကတော့ ဒီလိုဖြစ်လာမှာကို စိုးရိမ်နေ တယ်လို့ သိရပါတယ်။ ခန့်မှန်းမှုတွေမျိုးစုံထွက်ပေါ်နေတာကြောင့် ချဲလ်ဆီးနဲ့ ယူနိုက်တက်နည်းပြတွေကတော့ အုပ်စုကျပ် ထဲ ကျရောက်မှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။

zawgyi version

ဒီေန႔ညမွာ ျပဳလုပ္မယ့္ ခ်န္ပီယံလိဂ္ မဲခြဲပြဲမွာ အုပ္စုက်ပ္အတြင္း က်ေရာက္မွာကို အဂၤလန္ကိုယ္စားျပဳ ၄သင္းစလံုးရဲ႕ နည္းျပေတြ စိုးရိမ္ေန
ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္ ၉ နာရီခြဲမွာေတာ့ ၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ပြဲစဥ္ေတြရဲ႕ မဲခြဲမႈကို ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာျမိိဳ႕မွာရွိတဲ့ RTS စတူဒီယိုမွာ က်င္းပသြားမွာပဲ ျဖစ္ပါတယ္။ ကိုဗစ္ေၾကာင့္ အရင္ကထက္ ေနာက္ က်ၿပီးမွ ယွဥ္ၿပိဳင္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကို တာဝန္ရွိသူေတြအေနနဲ႔ အျမန္ဆံုးစတင္ႏိုင္ဖို႔ လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဒီေန႔ ညမွာေတာ့ မဲခြဲမႈေတြ ျပဳလုပ္မွာပဲ ျဖစ္ပါတယ္။
ဒီလိုမဲခြဲမႈ မျပဳလုပ္ခင္မွာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ကေန ခ်န္ပီယံလိဂ္ကစားခြင့္ရခဲ့တဲ့ အသင္း ၄သင္းရဲ႕ နည္းျပ ေတြဟာ သူတို႔ရဲ႕အသင္းေတြကို အုပ္စုၾကပ္ထဲ က်ေရာက္မွာကို စိုးရိမ္ေနၾကတယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾက ပါတယ္။ အဂၤလန္ကိုယ္စားျပဳ အသင္း ၄သင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ လီဗာပူးတစ္သင္းတည္းသာ ဆီဒင္ နံပါတ္ -၁ မွာပါဝင္ခဲ့ၿပီး က်န္သံုးသင္းျဖစ္တဲ့ မန္စီးတီး၊ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ကေတာ့ ဆီဒင္နံပါတ္-၂ မွာ ပါဝင္ခဲ့ ၾကတာပဲ ျဖစ္ပါတယ္။
ဆီဒင္နံပါတ္- ၁ မွာေတာ့ ခ်န္ပီယံလိဂ္ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္၊ ယူရိုပါလိဂ္ခ်န္ပီယံ ဆီဗီလာတို႔အျပင္ ဥေရာပရဲ႕ ဆီဒင္ သတ္မွတ္ထားခ်က္အရ ထိပ္ဆံုးလိဂ္ၿပိဳင္ပြဲေတြမွာ ၿပီးခဲ့တဲ့ရာသီကခ်န္ပီယံျဖစ္ခဲ့တဲ့ ရီးရဲလ္၊ လီဗာပူး၊ ဂ်ဴဗင္တပ္၊ ပီအက္စ္ ဂ်ီ၊ ဇင္းနစ္နဲ႔ ေပၚတို တို႔ ပါဝင္ေနခဲ့တာျဖစ္ပါတယ္။ ဆီဒင္နံပါတ္-၂ မွာေတာ့ အဂၤလန္သံုးသင္းအျပင္ ဘာစီလိုနာ၊ အက္သ လက္တီကို၊ ေဒါ့မြန္၊ ရွက္တာဒိုးနက္နဲ႔ ေအဂ်က္တို႔ ပါဝင္ေနတယ္လို႔ သိရပါတယ္။
တရားဝင္မဲခြဲမႈေတြ မျပဳလုပ္ခင္မွာ ခန္႔မွန္းမႈေတြအရ လီဗာပူးက ဘာစီလိုနာ၊ အင္တာမီလန္၊ ဂလက္ဘတ္တို႔နဲ႔ တစ္အုပ္စု က်ေရာက္ႏိုင္တယ္လို႔ ခန္႔မွန္းမႈေတြ ထြက္ေပၚခဲ့တာျဖစ္ၿပီး လီဗာပူးနည္းျပကေလာ့ပ္ကေတာ့ ဒီလိုျဖစ္လာမွာကို စိုးရိမ္ေန တယ္လို႔ သိရပါတယ္။ ခန္႔မွန္းမႈေတြမ်ိဳးစံုထြက္ေပၚေနတာေၾကာင့္ ခ်ဲလ္ဆီးနဲ႔ ယူႏိုက္တက္နည္းျပေတြကေတာ့ အုပ္စုက်ပ္ ထဲ က်ေရာက္မွာကို စိုးရိမ္ေနတယ္လို႔ သိရပါတယ္။