Goal.com ကရွေးချယ်တဲ့ ချန်ပီယံလိဂ်အကောင်းဆုံးအသင်းမှာ မက်ဆီနဲ့ စီရော်နယ်ဒို မပါဝင်ခဲ့

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်က ပီအက်စ်ဂျီကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ သလို ဒီချန်ပီယံဆုဟာ ဘိုင်ယန်မြူးနစ်အတွက် ၆ ကြိမ်မြောက် ရရှိခဲ့တဲ့ဆုလည်းဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးသွားတာကြောင့် အကောင်းဆုံး အသင်းကို Goal.com ရွေးချယ်ခဲ့ရာမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်ဒို တို့ မပါဝင်ခဲ့ကြောင်း သိရပါတယ်။


Goal.com က ရွေးချယ်ခဲ့တဲ့ အကောင်းဆုံးအသင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းက ကစားသမားအများစု ပါ ဝင်ခဲ့ပြီး ဂျာမနီကလပ်အသင်းတွေက ကစားသမားတွေလည်းပါဝင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်သွားတဲ့ ဘိုင်ယန် မြူးနစ်ဟာ ဒီရာသီကစားခဲ့တဲ့ ပွဲစဉ် ၁၁ ပွဲစလုံးကို အနိုင်ရအောင်ကစားပြီး ချန်ပီယံဆု ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ဘိုင် ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ဖလားအပါအဝင် တစ်ရာသီအတွင်း ဖလား ၃ လုံးကို ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။


Goal.com က ရွေးချယ်တဲ့ အကောင်းဆုံးအသင်းရဲ့ ဂိုးသမားနေရာမှာတော့ ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာ ရှိနေတာ ဖြစ်ပြီး နောက်တန်းကစားသမား လေးယောက်နေရာမှာ လစ်ပ်ဇစ်က အူပါမီကာနိုတစ်ယောက်ကလွဲရင် ကျန်ကစားသမား တွေမှာ ဘိုင်ယန်မြူးနစ်ကစားသမားတွေပဲ ဖြစ်ပါတယ်။ ၄-၄-၂ ပုံစံ ကစားကွက်နဲ့ ရွေးချယ်ထားတဲ့အသင်းအတွက် ကွင်း လယ်ကစားသမားတွေမှာလည်း ဘိုင်ယန်မြူးနစ်ကစားသမားတွေဖြစ်တဲ့ ဂနာဘရီ၊အဲလ်ကန်တာရာ၊ မူလာတို့ပါဝင်ခဲ့ ပါတယ်။


ကွင်းလယ်ကစားသမားတွေထဲမှာ ထည့်သွင်းခံခဲ့ရတဲ့ နောက်ထပ်တစ်ယောက်ကတော့ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြခဲ့တဲ့ နေမာပဲ ဖြစ်ပါတယ်။ တိုက်စစ်ကစားသမားနှစ်ယောက်နေရာမှာတော့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ဂိုးအများဆုံးသွင်းခဲ့တဲ့ လီဝန်ဒေါစကီးနဲ့ အတူ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းက ရွေးချယ်ခံခဲ့ရပါတယ်။ လီဝန်ဒေါစကီးအနေနဲ့ ချန်ပီယံလိဂ် တစ်ရာ သီအတွင်း သွင်းဂိုး ၁၅ ဂိုးသွင်းယူထားတဲ့ စီရော်နယ်ဒိုရဲ့ မှတ်တမ်းကိုလည်း လိုက်မီခဲ့တယ်လို့ သိရပါတယ်။

zawgyi version

Goal.com ကေ႐ြးခ်ယ္တဲ့ ခ်န္ပီယံလိဂ္အေကာင္းဆုံးအသင္းမွာ မက္ဆီနဲ႔ စီေရာ္နယ္ဒို မပါဝင္ခဲ့
ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘိုင္ယန္ျမဴးနစ္က ပီအက္စ္ဂ်ီကို တစ္ဂိုးဂိုးမရွိနဲ႔ အႏိုင္ရၿပီး ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့ သလို ဒီခ်န္ပီယံဆုဟာ ဘိုင္ယန္ျမဴးနစ္အတြက္ ၆ ႀကိမ္ေျမာက္ ရရွိခဲ့တဲ့ဆုလည္းျဖစ္ပါတယ္။ ၿပိဳင္ပြဲၿပီးဆံုးသြားတာေၾကာင့္ အေကာင္းဆံုး အသင္းကို Goal.com ေရြးခ်ယ္ခဲ့ရာမွာ ကမ႓ာ့အေကာင္းဆံုးကစားသမားေတြျဖစ္တဲ့ မက္ဆီနဲ႔ စီေရာ္နယ္ဒို တို႔ မပါဝင္ခဲ့ေၾကာင္း သိရပါတယ္။
Goal.com က ေရြးခ်ယ္ခဲ့တဲ့ အေကာင္းဆံုးအသင္းမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းက ကစားသမားအမ်ားစု ပါ ဝင္ခဲ့ၿပီး ဂ်ာမနီကလပ္အသင္းေတြက ကစားသမားေတြလည္းပါဝင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မွာ ခ်န္ပီယံျဖစ္သြားတဲ့ ဘိုင္ယန္ ျမဴးနစ္ဟာ ဒီရာသီကစားခဲ့တဲ့ ပြဲစဥ္ ၁၁ ပြဲစလံုးကို အႏိုင္ရေအာင္ကစားၿပီး ခ်န္ပီယံဆု ရယူသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ဘိုင္ ယန္ျမဴးနစ္ဟာ ခ်န္ပီယံလိဂ္ဖလားအပါအဝင္ တစ္ရာသီအတြင္း ဖလား ၃ လံုးကို ဒုတိယအႀကိမ္ေျမာက္ ရရွိခဲ့တာျဖစ္ပါ တယ္။
Goal.com က ေရြးခ်ယ္တဲ့ အေကာင္းဆံုးအသင္းရဲ႕ ဂိုးသမားေနရာမွာေတာ့ ဘိုင္ယန္ျမဴးနစ္ဂိုးသမား ႏူအာ ရွိေနတာ ျဖစ္ၿပီး ေနာက္တန္းကစားသမား ေလးေယာက္ေနရာမွာ လစ္ပ္ဇစ္က အူပါမီကာႏိုတစ္ေယာက္ကလြဲရင္ က်န္ကစားသမား ေတြမွာ ဘိုင္ယန္ျမဴးနစ္ကစားသမားေတြပဲ ျဖစ္ပါတယ္။ ၄-၄-၂ ပံုစံ ကစားကြက္နဲ႔ ေရြးခ်ယ္ထားတဲ့အသင္းအတြက္ ကြင္း လယ္ကစားသမားေတြမွာလည္း ဘိုင္ယန္ျမဴးနစ္ကစားသမားေတြျဖစ္တဲ့ ဂနာဘရီ၊အဲလ္ကန္တာရာ၊ မူလာတို႔ပါဝင္ခဲ့ ပါတယ္။
ကြင္းလယ္ကစားသမားေတြထဲမွာ ထည့္သြင္းခံခဲ့ရတဲ့ ေနာက္ထပ္တစ္ေယာက္ကေတာ့ ပီအက္စ္ဂ်ီအတြက္ ေျခစြမ္းျပခဲ့တဲ့ ေနမာပဲ ျဖစ္ပါတယ္။ တိုက္စစ္ကစားသမားႏွစ္ေယာက္ေနရာမွာေတာ့ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္မွာ ဂိုးအမ်ားဆံုးသြင္းခဲ့တဲ့ လီဝန္ေဒါစကီးနဲ႔ အတူ ေဒါ့မြန္တိုက္စစ္မွဴး ဟာလန္းက ေရြးခ်ယ္ခံခဲ့ရပါတယ္။ လီဝန္ေဒါစကီးအေနနဲ႔ ခ်န္ပီယံလိဂ္ တစ္ရာ သီအတြင္း သြင္းဂိုး ၁၅ ဂိုးသြင္းယူထားတဲ့ စီေရာ္နယ္ဒိုရဲ႕ မွတ္တမ္းကိုလည္း လိုက္မီခဲ့တယ္လို႔ သိရပါတယ္။