ပြိုင်ပွဲတစ်လျှောက် ပွဲစဉ် ၁၁ ပွဲစလုံး အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တဲ့ မှတ်တမ်းကို ဘိုင်ယန်မြူးနစ်တို့ ရရှိခဲ့

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို တောင်ပံကစားသမား ကိုးမန်းရဲ့တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ပြိုင်ပွဲတစ်လျှောက်ကစားခဲ့တဲ့ ပွဲစဉ် ၁၁ ပွဲစလုံးအနိုင်ရတဲ့ စံချိန်မှတ်တမ်းကို ရေးထိုး နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲကျင်းပတဲ့ပုံစံကို ပြောင်းလဲလိုက်ပေမယ့် ဘိုင်ယန်မြူးနစ်ဟာ အုပ်စုအဆင့်ပွဲစဉ် ၆ပွဲ၊ ရှုံးထွက်အဆင့် ၂ပွဲ၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ အားလုံး ၁၁ ပွဲဆက်တိုက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။


ချန်ပီယံလိဂ်ဖလားကို ရယူပြီးနောက်မှာ ဘိုင်ယန်မြူးနစ်မှာ ချန်ပီယံဆုကို ၆ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးနဲ့ ချန်ပီယံဖြစ်တဲ့ အရေအတွက် တူညီသွားခဲ့ပြီး ရီးရဲလ် (၁၃ကြိမ်)နဲ့ အေစီမီလန်(၇ကြိမ်)တို့အပြီး တတိယမြောက် ပူးတွဲအများဆုံး ချန်ပီယံဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီချန်ပီယံလိဂ်ပွဲစဉ်တွေမှာ သွင်းဂိုး ၄၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖိလစ်အနေနဲ့ နိုဝင်ဘာလမှာ ကိုဗက်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး နည်းပြဖြစ်လာခဲ့ ပေမယ့် နည်းပြချုပ်အဖြစ် တရားဝင်တာဝန်ယူခဲ့တဲ့ ဧပြီလကတည်းက ကစားခဲ့တဲ့ပွဲစဉ်တိုင်းကို အနိုင်ရအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကို ဟန်ဆီဖိလစ် ကိုင်တွယ်ခဲ့တဲ့ ပွဲပေါင်း ၃၆ ပွဲမှာ ၃၂ ပွဲနိုင် ၁ ပွဲသရေ နဲ့ ၃ပွဲသာရှုံးခဲ့တာ ဖြစ်ပါတယ်။


ဟန်ဆီဖိလစ်ဟာ ဂျာမနီလက်ရွေးစင်အသင်းမှာ ဂျိုအာချင်လိုရဲ့ လက်ထောက်အဖြစ် ၈နှစ်ကြာလုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါ တယ်။ ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဟန်ဆီဖိလစ်အနေနဲ့ ကစားသမားဘဝတုန်းက အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားမရခဲ့ပေမယ့် နည်းပြဘဝမှာတော့ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ တစ်ရာသီအတွင်း ချန်ပီယံလိဂ်ဖလားအပါအဝင် ဖလား ၃လုံး ချန်ပီယံအဖြစ် ဒုတိယအကြိမ်မြောက် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ၿပိဳင္ပြဲတစ္ေလွ်ာက္ ပြဲစဥ္ ၁၁ ပြဲစလံုး အႏိုင္ရၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ မွတ္တမ္းကို ဘိုင္ယန္ျမဴးနစ္တို႔ ရရွိခဲ့
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ပီအက္စ္ဂ်ီကို ေတာင္ပံကစားသမား ကိုးမန္းရဲ႕တစ္လံုးတည္းေသာ ေခါင္းတိုက္ဂိုးနဲ႔ အႏိုင္ရၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ဟာ ၿပိဳင္ပြဲတစ္ေလွ်ာက္ကစားခဲ့တဲ့ ပြဲစဥ္ ၁၁ ပြဲစလံုးအႏိုင္ရတဲ့ စံခ်ိန္မွတ္တမ္းကို ေရးထိုး ႏိုင္ခဲ့ပါတယ္။ ၿပိဳင္ပြဲက်င္းပတဲ့ပံုစံကို ေျပာင္းလဲလိုက္ေပမယ့္ ဘိုင္ယန္ျမဴးနစ္ဟာ အုပ္စုအဆင့္ပြဲစဥ္ ၆ပြဲ၊ ရႈံးထြက္အဆင့္ ၂ပြဲ၊ ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲ အားလံုး ၁၁ ပြဲဆက္တိုက္ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ဖလားကို ရယူၿပီးေနာက္မွာ ဘိုင္ယန္ျမဴးနစ္မွာ ခ်န္ပီယံဆုကို ၆ႀကိမ္ေျမာက္ရယူႏိုင္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က ခ်န္ပီယံျဖစ္ခဲ့တဲ့ လီဗာပူးနဲ႔ ခ်န္ပီယံျဖစ္တဲ့ အေရအတြက္ တူညီသြားခဲ့ၿပီး ရီးရဲလ္ (၁၃ႀကိမ္)နဲ႔ ေအစီမီလန္(၇ႀကိမ္)တို႔အၿပီး တတိယေျမာက္ ပူးတြဲအမ်ားဆံုး ခ်န္ပီယံျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ ဒီရာသီခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ သြင္းဂိုး ၄၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီဖိလစ္အေနနဲ႔ ႏိုဝင္ဘာလမွာ ကိုဗက္ရဲ႕ေနရာမွာ အစားထိုးဝင္ေရာက္ၿပီး နည္းျပျဖစ္လာခဲ့ ေပမယ့္ နည္းျပခ်ဳပ္အျဖစ္ တရားဝင္တာဝန္ယူခဲ့တဲ့ ဧၿပီလကတည္းက ကစားခဲ့တဲ့ပြဲစဥ္တိုင္းကို အႏိုင္ရေအာင္ စြမ္းေဆာင္ ႏိုင္ခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္ကို ဟန္ဆီဖိလစ္ ကိုင္တြယ္ခဲ့တဲ့ ပြဲေပါင္း ၃၆ ပြဲမွာ ၃၂ ပြဲႏိုင္ ၁ ပြဲသေရ နဲ႔ ၃ပြဲသာရႈံးခဲ့တာ ျဖစ္ပါတယ္။
ဟန္ဆီဖိလစ္ဟာ ဂ်ာမနီလက္ေရြးစင္အသင္းမွာ ဂ်ိဳအာခ်င္လိုရဲ႕ လက္ေထာက္အျဖစ္ ၈ႏွစ္ၾကာလုပ္ကိုင္ခဲ့သူလည္း ျဖစ္ပါ တယ္။ ဘိုင္ယန္ျမဴးနစ္ကစားသမားေဟာင္း တစ္ဦးျဖစ္တဲ့ ဟန္ဆီဖိလစ္အေနနဲ႔ ကစားသမားဘဝတုန္းက အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားမရခဲ့ေပမယ့္ နည္းျပဘဝမွာေတာ့ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ တစ္ရာသီအတြင္း ခ်န္ပီယံလိဂ္ဖလားအပါအဝင္ ဖလား ၃လံုး ခ်န္ပီယံအျဖစ္ ဒုတိယအႀကိမ္ေျမာက္ ရရွိခဲ့တာပဲ ျဖစ္ပါတယ္။